
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြီးမားသောမဲစာရင်း မှားယွင်းမှုများဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်က အာဏာရပါတီနှင့် ရွေးကောက်ပွဲကော်မရှင်တို့အား ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တာဝန်ယူ ဖြေရှင်းခြင်းမရှိဘဲ လျစ်လျူရှုခဲ့သည်။ ထို့အပြင် အာဏာရပါတီသည် တတိယအကြိမ် လွှတ်တော် များခေါ်ယူပြီး အစိုးရဖွဲ့စည်းကာ နိုင်ငံတော် အာဏာကို အတင်းအဓမ္မရယူရန်ပင် ကြိုးစားလာခဲ့ သည်။ ထို့ကြောင့် တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းပြည်တာဝန်ကို ခေတ္တထိန်းသိမ်းခဲ့ ရသည်။
ကမ်းကုန်အောင်မိုက်သူများ
ထိုအချိန်မှစ၍ CRPH၊ NUG၊ PDF များနှင့် NLD ထောက်ခံသူအစွန်းရောက်များသည် နိုင်ငံတော် အစိုးရ၏ လုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင် ကြသည်။ တိုင်းပြည်အလုံးစုံ ပျက်စီးရေးအတွက် နည်းလမ်းပေါင်းစုံသုံးကာ နှောင့်ယှက် တိုက်ခိုက်ကြသည်။ ကလေးငယ်များ၊ အမျိုး သမီးများ၊ သက်ကြီးရွယ်အိုများနှင့် သံဃာတော် များကိုပင်လျှင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြ သည်။ ကျေးရွာများ၊ အစိုးရစာသင် ကျောင်းများနှင့် ရုံးများကို ဗုံးခွဲ၊ မီးရှို့ တိုက်ခိုက်ကြသည်။ လမ်းတံ တားများကို ဖျက်ဆီးကြသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး တာဝန်ထမ်းဆောင် နေသူများကို ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြသည်။ မျိုးဆက်သစ်များကို ပညာ သင်ကြားပေးနေသည့် ဆရာ ဆရာမများကိုလည်း ခြိမ်းခြောက်ပစ်ခတ် သတ်ဖြတ်လာကြသည်။ ပုံမှန် ကျောင်းတက်နေသော ဆရာ ဆရာမများကိုလည်း အသက်အန္တရာယ် ခြိမ်းခြောက်လျက်ရှိသည်။ တချို့သော ဝန်ထမ်း များသည် အသက်အန္တရာယ် ကြောင့် တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိပေ။ စိတ် မကောင်းစရာပင် ဖြစ်သည်။
အေးချမ်းစွာနေထိုင်လို
အမှန်တော့ CRPH နှင့် NUG တို့သည် အရွယ် မရောက်သေးသည့် လူငယ်များအား အကြမ်းဖက် လုပ်ရပ်များကျူးလွန်ရန် ပြည်ပမှနေ၍ သွေးထိုး လှုံ့ဆော်လျက်ရှိကြသည်။ ပြည်တွင်းရှိ NLD အစွန်း ရောက်များကလည်း လူငယ်များကို သောင်းကျန်း သူနယ်မြေများတွင် အကြမ်းဖက်သင်တန်း တက် ရောက်ရန် ချိတ်ဆက်ပေးပို့လျက်ရှိကြသည်။ ထို့ကြောင့် တချို့သောလူငယ်များသည် CRPH နှင့် NUG တို့၏ နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချမှုခံရလျက်ရှိသည်။ သို့သော် တချို့သောလူငယ် များသည် ၎င်းတို့၏ လုပ်ရပ်များအပေါ် နောင်တရ နေပြီး ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက် ရန် ဆန္ဒရှိနေပြီ ဖြစ်သည်။ နိုင်ငံတော်အစိုးရ ကလည်း တရားဥပဒေဘောင်အတွင်း ဝင်ရောက် လာသည့် လူငယ်များကို နွေးထွေးစွာကြိုဆိုပြီး မိဘများရင်ခွင်သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိ သည်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများကို ပြန်လည်ဖိတ်ခေါ်လျက်ရှိသည်။
သဘောထားကွဲလွဲခွင့်ရှိသော်လည်း
စင်စစ်အားဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံး သည် အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက် လိုကြသည်။ မိဘများသည် ပညာသင်နှစ်တစ်နှစ် နောက်ကျနေပြီဖြစ်သည့် ရင်သွေးငယ်များကို ကျောင်းသို့ စိတ်ချလက်ချစေလွှတ်ချင်သည်။ အေးချမ်းစွာပညာသင်ယူခွင့် ရရှိစေလိုသည်။ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေးအတွက်လည်း မျှော်လင့်နေကြပြီ ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှု၏ အနှစ်သာရကိုခံစားလိုသဖြင့် အကြမ်းဖက်သမားများ ၏လုပ်ရပ်အပေါ် အော့နှလုံးနာနေကြပြီ ဖြစ်သည်။
အမှန်တော့ ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နှင့်သဘော ထားကွဲလွဲခွင့်များရှိသော်လည်း မိမိနှင့်အမြင်မတူသူ များကို ရန်သူအဖြစ်သဘောထားပြီး သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ဗုံးခွဲခြင်း၊ မိုင်းထောင်ခြင်းနှင့် နိုင်ငံ တော်ယန္တရားများကို နှောင့်ယှက်ခြင်းသည် ဒီမို ကရေစီနှင့် ဆန့်ကျင်သောလုပ်ရပ်များပင် ဖြစ်သည်။ မည်သည့်ဒီမိုကရေစီနိုင်ငံတွင်မျှ အကြမ်းဖက်သတ် ဖြတ်သည့်လုပ်ရပ်ကို လက်မခံဘဲ လူသားဆန်သော အပြုအမူကိုသာ လက်ခံလေ့ရှိကြသည်။ အလားတူ မြန်မာနိုင်ငံတွင်လည်း တပ်မတော်နှင့် ပြည်သူသည် CRPH၊ NUG၊ PDF အပါအဝင် အစွန်းရောက် NLD အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ် များကို လုံးဝလက်ခံသွားမည်မဟုတ်ချေ။ အကြမ်း ဖက်သမားများကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ချေမှုန်း တိုက်ခိုက်သွားမည်မှာ သံသယဝင်ရန်ပင်မလိုချေ။
ချင့်ချိန်ဆောင်ရွက်နိုင်ဖို့လို
တချို့သောသူများသည် မျက်ကန်းမျိုးချစ်များ ဖြစ်ကြသည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လက် တွေ့လုပ်ဆောင်ချက်ကိုမကြည့်ဘဲ မျက်စိမှိတ်ပြီး ထောက်ခံကြသည်။ ဆိုရလျှင် တချို့သော တတ်သိ ပညာရှင်များ၊ ပါမောက္ခများ၊ ဘွဲ့ရများသည်ပင်လျှင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် သဒ္ဓါလွန်နေ သဖြင့် တိုင်းပြည်နှင့် လူမျိုးအရေးကို လျစ်လျူရှုနေကြ သည်။ လူသားမှန်လျှင်ခံစားချက်နှင့် မကင်းသော် လည်း ထိုခံစားချက်သည် မှန်ကန်သောအကြောင်း တရားကို အရင်းခံခြင်း ရှိ၊ မရှိ ချင့်ချိန်ဆောင်ရွက်နိုင်ဖို့ လိုသည်။ ဘွဲ့၊ ဒီဂရီများမည်မျှပင် ရရှိထားစေကာမူ ချင့်ချိန်နိုင်စွမ်းမရှိဘဲ စိတ်ခံစားချက်ကိုသာ ရှေ့တန်း တင်နေမည်ဆိုလျှင် မှားယွင်းသော ပြောဆို၊ ပြုမူမှု များကိုသာ လုပ်ဆောင်နေမည် ဖြစ်သည်။ ကောင်းမွန် သောရလဒ်လည်း ထွက်ပေါ်လာမည်မဟုတ်ချေ။ မည်သည့်ပြောဆို၊ ပြုမူချက်တွင်မဆို အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး ဝေခွဲဆုံးဖြတ်နိုင်မှသာလျှင် မိမိနှင့် သူတစ်ပါးကို အကျိုးဖြစ်ထွန်းစေမည်ဖြစ် သည်။ လောကီလောကုတ်နှစ်ဖြာသောအကျိုးကို ရွက်ဆောင်နိုင်မည်ဖြစ်သည်။
စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ရှိနေမည်ဆိုလျှင်
မြန်မာ့သမိုင်းကြောင်းကို ပြန်ကြည့်လျှင် စစ်မှန် သော မျိုးချစ်စိတ်ဓာတ်ဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု တည်ဆောက်နိုင်သည့် ခေတ်ကာလများ တွင် စစ်ရေးနှင့် စီးပွားရေးတောင့်တင်းခိုင်မာခဲ့ပြီး အိမ်နီးချင်းနိုင်ငံများကပင်လျှင် လေးစားခဲ့သည်။ သို့သော် ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် စစ်အင် အားချည့်နဲ့ခဲ့သဖြင့် ကိုလိုနီလက်အောက်ကျရောက်ခဲ့ သည်။ ထို့နောက်ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေနှင့် တို့ဗမာအစည်းအရုံးတို့လို မျိုးချစ်စိတ်ဓာတ်ထက် သန်စေသည့် အသင်းကြီးများက ရဲဘော်သုံးကျိပ် ဆိုသောလူငယ်များကို ပေါက်ဖွားပေးခဲ့သည်။ ထိုမှတစ်ဆင့် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းကာ နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးပြန်လည် ရရှိအောင် ကြိုးပမ်းနိုင်ခဲ့သည်။ သို့သော် နယ်ချဲ့ ကိုလိုနီတို့သည် တိုင်းရင်းသားညီအစ်ကိုများ အကြား သပ်လျှိုသွေးခွဲခဲ့သဖြင့် ယနေ့အချိန်အထိ တစ်နိုင်ငံလုံး လွှမ်းခြုံသည့်ငြိမ်းချမ်းရေးတည် ဆောက်နိုင်ခြင်း မရှိသေးပေ။
အထူးသဖြင့် လက်ရှိအချိန်တွင်လည်း နိုင်ငံ တော်အာဏာကို အတင်းအဓမ္မရယူလိုသည့် CRPH၊ NUG၊ PDF အပါအဝင် အစွန်းရောက် NLD အကြမ်း ဖက်သမားများသည် တိုင်းပြည်အလုံးစုံ ပျက်စီးရေးအတွက် အဘက်ဘက်မှ နှောင့်ယှက် တိုက်ခိုက် ဖျက်ဆီးလျက်ရှိကြသည်။ အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ် လျက်ရှိသည်။ ကိုဗစ်-၁၉ ထိန်းချုပ်ရေးတာဝန် ထမ်းဆောင်သူများကိုလည်း ဟန့်တားနှောင့်ယှက် လျက်ရှိကြသည်။ အထူးသဖြင့် ကလေးငယ်များ အေးချမ်းစွာပညာ သင်ယူနိုင်ခြင်းမရှိစေရန် ဆရာ ဆရာမများနှင့် မိဘများကို ခြိမ်းခြောက်လျက် ရှိကြသည်။ ပညာသင်ကြားရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် ဆရာမများကိုလည် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်လျက်ရှိကြသည်။
အမှန်တော့ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်လိုသည့် ခေါင်းဆောင်တစ်ဦးတွင် စစ်မှန်သောမျိုးချစ် စိတ်ဓာတ်ရှိနေမှသာလျှင် တိုင်းပြည်၏ရေရှည် အကျိုးကို မြော်တွေးဆောင်ရွက်နိုင်မည်ဖြစ် သည်။ တိုင်းပြည်အရေးတို့တွင် အခြားတိုင်းတစ်ပါး က ဝင်ရောက်စွက်ဖက်နေမည်ဆိုလျှင်၊ တိုင်းပြည် အရေးကို စီမံခန့်ခွဲနေမည်ဆိုလျှင် ထိုတိုင်းပြည် သည် တိုင်းတစ်ပါးသားများ၏ လက်ဝေခံဘဝသို့ လုံးလုံးလျားလျား ရောက်ရှိသွားနိုင်ပေသည်။
ဆိုလိုသည်မှာ မြန်မာတို့၏ အမျိုး၊ ဘာသာ၊ သာသနာနှင့် ထူးခြားသော ဝိသေသလက္ခဏာများ ပင် မှေးမှိန်ပျောက်ကွယ်သွားနိုင်သည်။ အဆိုးရွား ဆုံးအချက်မှာ ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုးအကျိုး သယ်ပိုးလျက်ရှိသည့် တပ်မတော်ကို အင်အားချည့်နဲ့လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံကို ဦးဆောင်လိုသည့် လူပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့အစည်းအတွင်း၌ တာဝန်ထမ်းဆောင် နေသူ တစ်ဦးတစ်ယောက်ချင်းစီတွင် တိုင်းပြည်နှင့် လူမျိုးအကျိုးကို သယ်ပိုးသွားလိုသည့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ရှိနေမည်ဆိုလျှင် ထိုတိုင်းပြည် သည်ကမ္ဘာတည်သရွေ့ မားမားမတ်မတ် ရပ်တည် နိုင်မည်ဖြစ်ပေသည်။ ။
- Log in to post comments