မြန်မာ့အနာဂတ်ပုံရိပ် ဘာလဲ၊ ဘယ်လဲ

Type

 

ပြည်ထောင်စုသား
တစ်ဦး

 

မြန်မာကို ကမ္ဘာကသိသည်မှာ ဗုဒ္ဓဝါဒသာလျှင်ဖြစ်ပါတယ်။ ရှေးခါ ဘိုးဘွား ဆရာသမားများကလည်း မြန်မာလူမျိုးတို့ရဲ့တိုးတက်မှုဟူသမျှသည် ဗုဒ္ဓဝါဒ၌သာအခြေခံ၍ ဗုဒ္ဓသာသနာတော်ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ကျရှုံးခြင်းပင်ဖြစ်တယ်လို့ ခံယူခဲ့ကြပါတယ်။
မြန်မာပြည် အင်္ဂလိပ်လက်အောက် ကျွန်သပေါက်ဘဝ     ကျရောက်ခဲ့စဉ် ကာလမှာတောင် မြန်မာတွေဟာ အမျိုး ဘာသာသာသနာ  မပျောက်ကွယ်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ကြ တယ်။ ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့မှာ ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်းကြီးကို ဖွဲ့စည်းတည်ထောင် ပြီး ကျားကန်ခဲ့တယ်။

 


လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ဝိုင်အမ် ဘီအေလို     မြန်မာအသင်းအပင်းများ မပေါ်ပေါက်သေးချိန်မှာ   မြန်မာတိုင်းသူ  ပြည်သားတွေဟာ  နယ်ချဲ့ဗြိတိသျှတို့ရဲ့ အုပ်ချုပ်ခံ      သက်သက်ပဲဖြစ်တယ်။ ဝိုင်အမ်ဘီအေပေါ်လာပြီးမှ     “အမျိုး ဘာသာ    သာသနာ    ပညာ”    ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ တိုင်းရေးပြည်မှု တွေကို ဆွေးနွေးတိုင်ပင်ကြပြီး အစိုးရက ဆောင်ရွက်ပေးရမယ့်  ကိစ္စရပ်များကို တင်ပြတောင်းဆိုခဲ့ကြတယ်။

 


မြန်မာ့နိုင်ငံရေးအစ ဝိုင်အမ်ဘီအေက


သို့ကြောင့်မို့     ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝ  အသင်းကြီး ကို “မြန်မာ့နိုင်ငံရေးအစ ဝိုင်အမ်ဘီအေ က”၊ “လွတ်လပ်ရေးအစ ဝိုင်အမ်ဘီအေ က”၊ “ဝံသာနု ရက္ခိတ အစ ဝိုင်အမ်ဘီအေ က” လို့စသဖြင့် ပြောစမှတ်ပြုခဲ့ရတယ်။

 


ဝိုင်အမ်ဘီအေဟာ မူလက အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက် စရာရှိသည်များကို     ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေမယ့် ၁၉၁၇ ခုနှစ် ကစပြီး နိုင်ငံရေးမှာ အတိအလင်း ပါဝင် လာခဲ့ပါတယ်။ ပါဝင်ပုံကတော့ ရွှေတိဂုံ စေတီတော်မြတ်ကြီးရဲ့   ရင်ပြင်အပါ အဝင် သာသနာ့မြေနဲ့ ဘုရားပုထိုးစေတီ ရင်ပြင်တွေမှာ     နိုင်ငံခြားသားတွေ၊ မျက်နှာဖြူတွေက ဖိနပ်မချွတ်ဘဲ ဖိနပ် စီးသွားလာခဲ့ကြရာကနေ ဖိနပ်ပြဿနာ ပေါ်ပေါက်လာမှုကြောင့် ဖြစ်ပါတယ်။

 


အင်္ဂလိပ်တွေ အလျှော့ပေးခဲ့ရ


စေတီတော်ရင်ပြင်နဲ့  သာသနာ့မြေ တွေမှာ ဖိနပ်မစီးဖို့ ဝိုင်အမ်ဘီအေအသင်း ကြီးနဲ့အတူ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် တွေက       မြန်မာလူမျိုးများကိုယ်စား ဗြိတိသျှအစိုးရကို ကန့်ကွက်အရေးဆို ခဲ့ကြလို့   နောက်ဆုံးမှာ   အင်္ဂလိပ်တွေ အလျှော့ပေးခဲ့ရတယ်။ အဲဒီဖိနပ်ပြဿနာ ဟာ မြန်မာတို့ရဲ့မျိုးချစ်စိတ်ကို အကြီး အကျယ် သွေးထိုးပေးခဲ့တဲ့ ကိစ္စတစ်ရပ် ဖြစ်ခဲ့ပါတယ်။

 


မြန်မာတွေဟာ      အမျိုးဘာသာ သာသနာအတွက်ဆို နေမဝင်အင်ပါယာ အင်အားတောင့်တင်း အားကောင်းချိန် မှာတောင် တွန်းလှန်အန်တုခဲ့တဲ့  သမိုင်း အစဉ်အလာရှိခဲ့တယ်။ လွတ်လပ်ရေး ရပြီး ချိန်မှာတော့  သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက်   ဆဋ္ဌသံဂါ ယနာတင်အခမ်းအနား ကျင်းပနိုင်ခဲ့သည် အထိ ကြိုးပမ်းအားထုတ်ခဲ့ကြတယ်။

 


မြန်မာနိုင်ငံသား   တွေဟာလည်း ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး အပေါ် အလွန်တရာလေးစား ကြည်ညို ခဲ့ကြတယ်။ ရိုသေကိုင်းရှိုင်းကြတယ်။ ရဟန်း  သံဃာတော်တွေကို   လမ်းမှာ ဖူးတွေ့ရရင် အရိပ်ကိုတောင် မနင်းဝံ့ဘဲ ဦးချ ဒူးချရှိခိုးလေ့ရှိကြတယ်။

 


သင်္ကန်းတော်ကိုပင် အလေးအမြတ်ပြု


မြတ်စွာဘုရားရှင်ရဲ့   သားတပည့် ဖြစ်တဲ့   ရဟန်း သံဃာတော်   အရှင် သူမြတ်များကို မဆိုထားဘိ၊  ရဟန်းတော် တို့ ဆင်မြန်းထားတဲ့ သင်္ကန်းတော်ကိုပင် အလေးအမြတ်ပြုကြတယ်။    ရိုသေ ကိုင်းရှိုင်းကြတယ်။ ဒီလို အလေးအမြတ် ပြုနိုင်ဖို့ရာလည်း   ဗုဒ္ဓစာပေ  ကျမ်းဂန် ဇာတကတွေက  ဖွင့်ဆိုလမ်းညွှန်ပြခဲ့ပါ တယ်။

 


ဝိနည်းအရာမှာ  ဧတဒဂ်ရတဲ့  အရှင် ဥပါလိ     ရဟန္တာမထေရ်မြတ်ကြီးက “လမ်းခရီး၌    စွန့်ပစ်အပ်သော   မစင် လိမ်းကျံနေသော      သင်္ကန်းစကိုပင် လက်အုပ်ချီမိုး  ရှိခိုးအပ်၏”လို့  ဥဒါန်း ကျူးရင့်ခဲ့ပါတယ်။
အရှင်ဥပါလိရဲ့     ဥဒါန်းစကားကို အဋ္ဌကထာ ဆရာမြတ်တို့က “အကြောင်း မူ ပွင့်ပြီး၊ ပွင့်ဆဲ၊ ပွင့်လတ္တံ့ဖြစ်ကုန်သော မြတ်စွာဘုရားရှင်တို့သည်  ဤသင်္ကန်း ဖြင့်   ကိလေသာ   ခပ်သိမ်းကင်းငြိမ်း စင်ကြယ်ကြသောကြောင့်ဖြစ်သည်”ဟု ဖွင့်ဆို ရေးသားခဲ့ပါတယ်။

 


သင်္ကန်းဝတ်ထားသော သူကို 
မသတ်ထိုက်


တိသနိပါတ် ဆဒ္ဒန္တဇာတ်မှာဆိုရင် အလောင်းတော်   ဆဒ္ဒန်ဆင်မင်းဟာ မိမိအား မြားဖြင့်ပစ်သော သောနုတ္တရ မုဆိုးကိုမြင်တော့      ဒေါသထွက်ပြီး သတ်ရန်အကြံနဲ့   ဥမင်အတွင်းမှာ  ပုန်း အောင်းနေတဲ့      မုဆိုးကို      နှာမောင်း နဲ့     ဆွဲထုတ်ယူတယ်။    သို့ပေမယ့်   ဆဒ္ဒန်ဆင်မင်းဟာ   မုဆိုးကိုယ်ပေါ်က သူတော်ကောင်း    အယောင်ဆောင်ပြီး ရုံထားတဲ့သင်္ကန်းကို      မြင်လိုက်တော့ “ဪ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့၏   အလံ တံခွန်သဖွယ်ဖြစ်သော သင်္ကန်းပါ တကား၊  သင်္ကန်းဝတ်ထားသော သူကို ပညာရှိသူတော်ကောင်းတို့သည် မသတ် ထိုက်၊   မညှဉ်းဆဲထိုက်၊   အမြတ်တနိုး သာ  ကိုးကွယ်ပူဇော်ထိုက်သည်”ဆိုတဲ့ သတိသမ္ပဇဉ်ဖြစ်ပြီး  မုဆိုးကို  အသက် ဘေးက လွှတ်ပေးခဲ့တယ်။

 


မြန်မာတွေရဲ့     နှလုံးသားထဲမှာ ဗုဒ္ဓသာသနာကို နှလုံးသားထဲ စွဲမြဲနေဖို့ ရဟန်း သံဃာတော်  အရှင်သူမြတ်တို့နဲ့ မိဘဘိုးဘွား ဆရာသမားတို့က သို့ကလို သားစဉ်မြေးဆက် လက်ဆင့်ကမ်း အမွေ ပေးခဲ့ကြတယ်။

 


မဟာဂန္ဓာရုံဆရာတော်ကြီး အရှင် ဇနကာဘိဝံသက  မြန်မာပြည်လွတ်လပ် ရေးရခဲ့ရင်  နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့ကို ဘာသာရေးနှင့်မြှင့်တင် မည်ဟူသော ရည်ရွယ်ချက်နဲ့ အနာဂတ် သာသနာရေးစာအုပ်ကို ရေးသားပြုစုခဲ့ ပါတယ်။

 


သာသနာကြောင့် နိုင်ငံမြင့်ရမည်


ဆရာတော်ကြီးရဲ့   အကြီးမားဆုံး အဓိကမျှော်မှန်းချက်က   “သာသနာ ကြောင့်    နိုင်ငံမြင့်ရမည်၊   ထိပ်တန်းသို့ ရောက်ရမည်၊    ကမ္ဘာကအရေးထား လေးစားရမည်”ဆိုတဲ့  ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ သာသနာတော်ရဲ့ အရှိန် အဝါမှေးမှိန်ခြင်းဟာ နိုင်ငံတော် မှေးမှိန် ခြင်းရဲ့    အကြောင်းမူလဖြစ်တယ်လို့ လည်း စွဲမြဲစွာ ယုံကြည်တော်မူခဲ့ပါတယ်။

 


ဆရာတော်ကြီးဟာ  အနော်ရထာ မင်းလက်ထက်က မြန်မာတိုင်းရင်းသား တို့    ယဉ်ကျေးမှုနဲ့တကွ      ဘာသာ သာသနာတိုးတက်စည်ပင်ပြီး နိုင်ငံခြား တိုင်းတစ်ပါးက   မြန်မာကို   လေးစား ရသောသမိုင်းကြောင်းကို အမြဲနှလုံးသွင်း ၍ “သာသနာကြောင့် မြန်မာမြင့်ရမည်” ဟူသော  ဝါဒကို  လက်ဆုပ်လက်ကိုင် ပြုထားခြင်းဖြစ်ပါတယ်။

 


ထို့ကြောင့်    လွတ်လပ်ရေးရရင် စစ်ပြီးကာလ တိုင်းပြည်ထူထောင်ရေး အတွက်   ဘုန်းကြီးများက   နိုင်ငံတော် အတွက်     တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုရန်ဆိုတဲ့  ရည်ရွယ် ချက်နဲ့    ဆရာတော်ကြီးက    အနာဂတ် သာသနာရေးစာအုပ်မှာ    နိုင်ငံတော် ပြုပြင်ရေးများကို      အကျယ်တဝင့် ရေးသားထားခြင်း ဖြစ်ပါတယ်။

 


ဆရာတော်ကြီးဟာ    လူတွေက ဘုန်းကြီးများကို အထင်သေး အမြင်သေး ခြင်းကို   လုံးဝမခံချင်သူ   ဖြစ်ပါတယ်။ သို့ကြောင့် ဆရာတော်ကြီးဟာ သာသနာ တော်ဂုဏ်ရှိအောင်   ဘုန်းကြီးတွေကို အထင်သေးမခံရအောင်     ယထာဝါဒီ တထာကာရီ၊ ယထာကာရီ တထာဝါဒီ အပြောနှင့် အလုပ်၊  အလုပ်နှင့် အပြော  အလွန်ညီညွတ်တော်မူပါပေတယ်။

 


သာသနာတော်ကြီး ကွယ်ပသွားမှာကို အလွန်စိုးရိမ်


ဆရာတော်ကြီးဟာ    ဗုဒ္ဓရှင်တော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ပြီး ကြိုးပမ်းအားထုတ် တည်ထောင် ထားတော်မူခဲ့တဲ့    သာသနာတော်ကြီး ကွယ်ပသွားမှာကိုလည်း   အလွန်စိုးရိမ် လေ့ရှိပါတယ်။

 


“ဘုရားဟော သုတ္တန်၊ ဝိနည်း၊ အဘိ ဓမ္မာဟူသော ပိဋကတ်စာပေများကွယ် လျှင် သာသနာကွယ်ပြီ။ သာသနာကွယ် လျှင် ယဉ်ကျေးမှုမရှိတော့ပြီ။ ယဉ်ကျေး မှုမရှိလျှင် လူမျိုးလည်းကွယ်၊ နိုင်ငံလည်း အောက်တန်းကျပြီ”ဟု မိန့်ကြားတော်မူ ခဲ့ပါတယ်။

 


“မနက်က  ဘုန်းကြီးစဉ်းစားတယ်။ ငါ ဘယ်တော့သေမလဲလို့။ ဒီသာသနာ တော်ကြီးတစ်သက်တော့    ငါအသက် ရှင်အုံးမယ်။    ငါ့လက်ထက်မှာတော့ ဒီသာသနာတော်ကြီး မကွယ်စေရဘူး။ ငါသေမှ ဒီသာသနာတော်ကြီး ကွယ်ချင် ကွယ်ပါစေ”  ဟု     ဩဝါဒတစ်ခုမှာ ထုတ်ဖော်မိန့်ကြားခဲ့သလို ဆရာတော် ကြီးဟာ ဘာသာ သာသနာအတွက် ဘဝ တစ်သက်တာလုံး  ကြီးမားသော   လုံ့လ ဥဿဟဖြင့် ကြိုးပမ်းဆောင်ရွက်တော် မူခဲ့တယ်။ ကျမ်းစာပေပေါင်းများစွာကို ရေးသားပြုစုခဲ့တဲ့အတွက် ဆရာတော် ကြီးကို   နှစ်ဆယ်ရာစုရဲ့   အရှင်ဗုဒ္ဓ ဃောသဟုပင် တင်စားအသိအမှတ်ပြုခဲ့ ကြရပါတယ်။

 


ရှေးခါ   ဘိုးဘွား  ဆရာသမားတို့ရဲ့ ထိုသို့ လက်ဆင့်ကမ်း ကြိုးပမ်းဆောင် ရွက်ခဲ့မှုကြောင့်လည်း ဘာသာသာသနာ ယဉ်ကျေးမှုနဲ့ ပတ်သက်လာရင် ကမ္ဘာက မြန်မာကို   အရေးထား   လေးစားခဲ့ကြပါတယ်။

 


ရဟန်းသံဃာတော်များကို  
သတ်ဖြတ်လာတဲ့အထိ ကျူးလွန်လာ


ပစ္စက္ခကာလမှာတော့  မာရ်နတ်ရဲ့ ပူးကပ်မှုကြောင့်       မိုက်မဲသူအချို့ဟာ ရဟန်း   သံဃာတော်တွေကို   သင်္ကန်း ဝတ်ရယ်လို့     ရင့်ရင့်သီးသီး   သုံးနှုန်း ခေါ်ဝေါ်ကြ၊ ရုန့်ရင်းကြမ်းတမ်းစွာဆဲရေး တိုင်းထွာလာကြပါတယ်။ လတ်တလော မှာ  PDF  အမည်ခံ  အကြမ်းဖက်အဖွဲ့က ရဟန်းသံဃာတော်များကို    အကြောင်း အမျိုးမျိုးပြ စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်လာတဲ့အထိ  ကျူးလွန်လာခဲ့ ကြပါတယ်။

 


တစ်ချိန်က အမျိုးဘာသာ သာသနာ ယဉ်ကျေးမှုနဲ့  ပတ်သက်ပြီး ကျော်ကြား ထင်ရှားခဲ့တဲ့ မြန်မာပုံရိပ်ဟာ ယခုကမ္ဘာ့ အလယ်မှာ   အရှက်ရဖွယ်    အရုပ်ဆိုး အကျည်းတန်ဖြစ်လာခဲ့ရပြီ။   မေးခွန်း ထုတ်စရာဖြစ်လာခဲ့ရပါပြီ။
“ထိုင်းလူမျိုးတွေက     မေးနေကြ တယ်။  မြန်မာနိုင်ငံက  ဗုဒ္ဓဘာသာနိုင်ငံ ရော ဟုတ်ရဲ့လား”ဆိုတဲ့ ဆိုရှယ်မီဒီယာ ပေါ်က    မေးခွန်းတစ်ခုကတော့   ခေတ် အဆက်ဆက် အမျိုးဘာသာ သာသနာ အပေါ် အလွန်အလေးထား လေးစားခဲ့ကြ တဲ့ မြန်မာတို့အဖို့ ယူကျုံးမရ ဖြစ်စရာပါ။

 


လူသတ်မှုကို ဩဘာပေးခြင်းက
 မြန်မာနိုင်ငံရဲ့ image မဖြစ်သင့်


“ဒီရိုးသားဖြူစင်တဲ့ မျက်နှာပြုံးတွေ ဘယ်တော့ပြန်တွေ့နိုင်မလဲ။ ပြန်တွေ့နိုင် တော့မလား။   ဒီမျက်နှာပြုံးတွေကပဲ မြန်မာနိုင်ငံရဲ့  ကောင်းမွန်တဲ့  image ဖြစ်သင့်ပါတယ်။ အချင်းချင်း ရန်ငြိုးထား ခြင်း၊    တိုက်ခြင်း၊      သတ်ဖြတ်ခြင်း၊ လူသတ်ပြီး ဆိုရှယ်မီဒီယာမှာ ရက်ရက် စက်စက်တင်ခြင်း၊     comment   မှာ လူတွေက လူသတ်မှုကို ဩဘာပေးခြင်း၊ ချီးကျူးခြင်းတို့က မြန်မာနိုင်ငံရဲ့ image မဖြစ်သင့်ဘူး။

 


စက်တင်ဘာ ၄ ရက်နေ့မှာ ကျွန်မတို့ မြန်မာဘာသာဌာနက   ကျောင်းသား အသစ်တွေ  လက်ခံတော့မယ်။  အရင် တုန်းက ကျောင်းသားအသစ်တွေ မြန်မာ ဘာသာ စတင်သင်ယူတဲ့အခါမှာ သူတို့ မြန်မာနိုင်ငံနဲ့  မြန်မာဘာသာကို  စိတ် ဝင်စားလာအောင် ကျွန်မတို့က မြန်မာ လူမျိုးရဲ့ စိတ်သဘောကောင်းမှု၊ ရိုးသား  ဖြူစင်မှု၊    ယဉ်ကျေးသိမ်မွေ့မှုတွေကို ပထမဦးဆုံး မိတ်ဆက်ပေးလေ့ရှိပါတယ်။

 


အခုလိုအခြေအနေမှာ     ဘယ်လို မိတ်ဆက်ပေးမလဲ ...”


ပေကျင်း    နိုင်ငံခြားဘာသာ   တက္က သိုလ်၊ မြန်မာဘာသာဌာနက စိန့်တိုင်းသူ ဆရာမတစ်ဦးရဲ့ လူမှုကွန်ရက် စာမျက်နှာ ထက်က မေးခွန်းတစ်ခုကလည်း မြန်မာ့ အနာဂတ်ပုံရိပ်အတွက်   အချက်ပေး ခေါင်းလောင်းသံတစ်ခုရယ်လို့   ဆိုရမှာပါ။

 


သို့ဖြစ်ရကား ထေရဝါဒဗုဒ္ဓဘာသာ ဝင် မြန်မာအများစုရဲ့မျက်နှာကို အိုးမည်း သုတ်ပြီး မြန်မာ့ပုံရိပ်ကို ကမ္ဘာ့အလယ်မှာ ဖျက်ဆီးနေကြတဲ့  အကြမ်းဖက်လူမိုက်  အုပ်စုရဲ့  အဖျက်လုပ်ရပ်ကို  မြန်မာမှန် သမျှ တားဆီးကာကွယ်ကြဖို့ သတိပေး နှိုးဆော်လိုက်ရကြောင်းပါဗျာ။       ။