အမှားကိုလက်ခံခြင်း“အား”နှင့် မြစိမ်းရောင်စီမံကိန်းကို ဆန်းစစ်ခြင်း

Type
5

 

ခန့်ဇော်(ကျေးလက်)

 

စီမံကိန်း၊ စီမံချက်အားလုံး ကောင်းပါသည်၊ မှန်ပါသည်ဟု ဆိုလို့မရပါ။ အဖွဲ့အစည်းများနှင့်   ဝန်ထမ်းများရဲ့စွမ်းရည်၊  အုပ်ချုပ်ထောက်ပံ့မှုပိုင်းဆိုင်ရာ ပြည့်စုံမှု ရှိ/ မရှိ အခြေအနေ၊  စီမံကိန်း Design ၊ ဆောင်ရွက်အကောင်အထည်ဖော်သည့် နည်းလမ်း၊ ပြည်သူ/ ကော်မတီများရဲ့  စွမ်းဆောင်ရည်၊ M&E စနစ်ကောင်းမွန်မှု ရှိ/ မရှိ၊ နှစ်စဉ်ပုံမှန်ဆန်းစစ်ခြင်း၊ သုံးသပ်ခြင်း ရှိ/မရှိ၊  ကောင်းတာတွေကို  ပိုကောင်းအောင်လုပ်ခြင်း၊ မကောင်းတာတွေကိုပြင်ခြင်း စတာတွေပေါ်မှာ   မူတည် ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟာ  မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ရာမှာ CDD စီမံကိန်းမှ အတွေ့အကြုံကောင်းဖြစ်တဲ့ နှစ်စဉ် သုံးသပ်ခြင်း၊ ဆုပေးခြင်း၊ လိုအပ်ချက်များကို ပြင်ဆင်ခြင်း၊ Manual ပြင်ဆင်ခြင်းများ နှစ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပုံမှန်သုံးသပ်နေသလို လွတ်လပ်သော အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းစစ်တမ်းကောက်ယူ သုတေသနပြုလုပ်ဆန်းစစ်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ 

 


Baseline


မြစိမ်းရောင်ကို ၂၀၁၄ ခုနှစ်မှ   စတင်အကောင် အထည်ဖော်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ  ဆောင်ရွက်ခဲ့တဲ့ Survey စစ်တမ်းကို Baseline အဖြစ်   သတ်မှတ်ခဲ့ ပါတယ်။     စစ်တမ်းဆောင်ရွက်ခဲ့တဲ့အဖွဲ့တွေက SPPRG   (Social Policy and Poverty Research Group) နှင့်  Ecodev Myanmar တို့မှ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်    ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။     LIFT က     ထောက်ပံ့ပါ တယ်။     ပြည်နယ်/ တိုင်း   ၁၇ ခု၊     မြို့နယ်  ၂၆၆ မြို့နယ်မှ ကျေးရွာပေါင်း  ၉၆၁  ရွာမှာ  အိမ်ထောင်စု ပေါင်း  ၉၉၂၁  ထံမှ    စစ်တမ်းကောက်ယူခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အထိ   ဆောင်ရွက်ပြီး     မြစိမ်းရောင် ကျေးရွာပေါင်း  ၄၄၅၀  အပေါ်  အခြေခံကောက်ယူ ခဲ့ပါတယ်။

 


အကြံပြုချက်များ


(၁)    ကောက်ယူခဲ့သော    အခြေခံအချက် အလက်များသည်   မြစိမ်းရောင်ကျေးရွာစီမံကိန်း အတွက် Baseline အနေဖြင့်  လက်ခံရန် ထောက်ခံ ထားပါတယ်။


(၂)     မြစိမ်းရောင်စီမံကိန်းတွင်   ပါဝင်ခဲ့သည့် အိမ်ထောင်စုများသည်     ဤစီမံကိန်း    ကျေးဇူး ကြောင့် လူမှုစီးပွားရေးတိုးတက်မှုကို   တွေ့ရှိခဲ့ရပါ တယ်။ စီမံကိန်းတွင်     ပါဝင်ခဲ့သော     အိမ်ထောင်စု များ၏     တွေ့ရှိချက်ပမာဏမှာ     များစွာမရှိသော် လည်း အချို့လူမှုစီးပွားရေးအခြေခံဖြစ်သော အလုပ် အကိုင်၊   ကြွေးမြီ၊     ပညာရေးများတွင်   ထူးခြားစွာ တိုးတက်မှုတွေ့ရှိခြင်းကြောင့်      ဤစီမံကိန်းဆောင် ရွက်ပြီးနောက် ၃/ ၅ နှစ် နောက်ပိုင်းတွင် အခြေခံ အချက်အလက်များကို  ပြန်လည်လေ့လာသုံးသပ်ရန် အကြံပြုထားပါတယ်။

 


(၃)     မြစိမ်းရောင်ချေးငွေသည်  သက်သာသော အတိုးနှုန်းဖြစ်သဖြင့် အိမ်ထောင်စုများ၏ ကြွေးမြီ ပမာဏ လျော့ကျလာသည်ကို  လေ့လာတွေ့ရှိရပါ တယ်။    ရရှိခဲ့သော   ချေးငွေကို    အိမ်ထောင်စု၏ အသက်မွေးဝမ်းကျောင်းတိုးပွားရန်   များစွာသုံးစွဲ ခဲ့မှုကို   တွေ့ရှိရ၍    မြစိမ်းရောင်စီမံကိန်းသည် ကျေးလက်နေပြည်သူများ အလွန်အကျိုးပြုသည့် စီမံကိန်းတစ်ခုဖြစ်ခြင်းကြောင့်        ဆက်လက် ဆောင်ရွက်ရန် အကြံပြုထားပါတယ်။

 


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အားနည်းချက်များကို   မပြတ်ဖော်ထုတ် ပြီး နည်းလမ်းရှာ၊ ပြင်ဆင်အဖြေရှာ ဆောင်ရွက်ခဲ့ပါ တယ်။ တစ်နေ့မှာတော့  နိုင်ငံအကြီးအကဲတစ်ဦးက မြစိမ်းရောင်စီမံကိန်းမှာ အားနည်ချက်တွေ  ရှိတယ် လို့ ထောက်ပြလာပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့    လက်ခံပါတယ်။ အားနည်းချက်များကို   ဖော်ထုတ်ပြီး   ပြင်ဆင်ရန် နည်းလမ်းများနှင့်အတူ ပြန်လည်တင်ပြခဲ့ပါတယ်။ ဒီနေရာမှာ “အား”  အကြောင်းအနည်းငယ်ပြောဆို လိုပါတယ်။ 

 


အရေးကြီးဆုံး“အား”က “ကိုယ့်အကြောင်း ကိုယ်သိ” ၊    “ကိုယ့်အမှားကိုယ်သိ”၊    “အမှားကို လက်ခံ အမှန်ပြင်ခြင်း” သည်  အောင်မြင်မှုအတွက် အဓိကသော့ချက်“အား”ဖြစ်တယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ခံယူပြီး ထောက်ပြဝေဖန်မှုက   မှန်ကန်ကြောင်း  လက်ခံပြီး ကိုယ့်ရဲ့   အားနည်းချက်အမှားများကို       ရှာဖွေ ဖော်ထုတ်ပြုပြင်ခဲ့ကြပါတယ်။     အဓိကအားနည်းချက် များက အခြေအနေမှန်အားလုံးမသိခြင်း၊  M&E စနစ် အားနည်းခြင်း၊ စွမ်းဆောင်ရည် လိုအပ်နေခြင်း၊ အကောင်အထည်ဖော်နေတဲ့   ဝန်ထမ်းများအတွက် အုပ်ချုပ်ထောက်ပံ့မှုမပြည့်စုံခြင်း၊     စီမံကိန်းပေါင်း မြောက်မြားစွာနဲ့   ဝန်ထမ်းများ   ဝန်ပိနေခြင်းများ ဖြစ်ပါတယ်။

 

 
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့    ဆုံးဖြတ်လိုက်တဲ့     ယခုဖော်ပြချက်ကို “အား”အဖြစ် ပြောင်းလိုက်တယ်။ နိုင်ငံအကြီးအကဲ ရဲ့ ထောက်ပြချက်ကို   အလုပ်နဲ့ သက်သေပြမယ်။ ပြင်စရာရှိတာတွေ  ပြင်တယ်။ ပံ့ပိုးစရာရှိတာတွေ ပံ့ပိုးတယ်။    M&E   ပိုကောင်းအောင်လုပ်တယ်။ ရသမျှ Resources အကူအညီ ရယူဆောင်ရွက်တယ်။ တစ်နိုင်ငံလုံးမှ   ဝန်ထမ်းများရဲ့   စွမ်းဆောင်ရည်နဲ့ ကော်မတီများရဲ့  စွမ်းဆောင်ရည် မြှင့်တင်ရေးတွေ တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။     အဆင့်ဆင့်သော ဝန်ထမ်းများက   စေတနာအပြည့်ဖြင့်   ထောက်ပြ ဝေဖန်မှုကို “အား” အဖြစ်ပြောင်းကာ  ဆောင်ရွက်ခဲ့ ကြတယ်။ လွှတ်တော်အပါအဝင်  အဖွဲ့အစည်းများ အများစုလက်ခံလာတာ တွေ့ရပါတယ်။  ထင်ရှားတဲ့ Result တစ်ခုပါပဲ။

 


သီးခြားလွတ်လပ်သောစစ်တမ်းကောက်ယူခြင်း


၂၀၁၉ ခုနှစ်မှာ  မြစိမ်းရောင်စီမံကိန်းကို ထပ်မံ ဆန်းစစ်  စစ်တမ်းကောက်ရန်   ပြင်ဆင်ခဲ့ပါတယ်။ ယခင်စစ်တမ်းက   Local NGOs နဲ့  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပူးပေါင်းကောက်ယူတဲ့ အတွက် ၁၀၀ ရာခိုင်နှုန်း  လွတ်လပ်တဲ့စစ်တမ်းလို့ ပြောမရဘူး။ ဒါကြောင့် Third Party သီးသန့်ပုံစံမျိုး ၁၀၀ ရာခိုင်နှုန်း လွတ်လပ်တဲ့ အဖွဲ့တစ်ခု ကောက်ယူ တဲ့ စစ်တမ်းမျိုး Bias မပါတဲ့ စစ်တမ်းမျိုး ကောက်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။   ဒါကြောင့် ၂၀၁၉ ခုနှစ်မှာ CGG (Centre for Good Governance) က ဦးဆောင်ပြီး Cardno ၊ MERCY CORPS နဲ့ Pact တို့ ပူးပေါင်း ဆောင်ရွက်၍ စစ်တမ်းကောက်ယူခဲ့တယ်။ Ecodev Myanmar မှ အကြံအဉာဏ်ကောင်းများ    ပေးခဲ့ပါ တယ်။ ဒီစစ်တမ်းကောက်ယူချိန်မှာ  အတွေ့အကြုံရှိ သော    အမှီအခိုကင်းလွတ်သည့်   EMRef   ပညာ အလင်းပွင့်     မြန်မာသုတေသနဖောင်ဒေးရှင်းမှ ပံ့ပိုးဆောင်ရွက်ခဲ့ပါတယ်။     ကွင်းဆင်းစစ်တမ်း ကောက်ယူရာတွင်     ကျပန်းရွေးချယ်ထားသော မြို့နယ်လေးမြို့နယ်မှ    ကျေးရွာ  ၁၆ ရွာပါရှိပြီး ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၊   စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်နဲ့    ကယားပြည်နယ်   လွိုင်ကော် မြို့နယ်တို့ ပါဝင်ပါတယ်။

 


အားသာချက်များ


စစ်တမ်းအရ   ရွာသူရွာသားများနှင့် ကော်မတီ ဝင်များက  ပြန်လည်တင်ပြမှု  အများဆုံးအချက်များ မှာ မြစိမ်းရောင်စီမံကိန်းအတိုးနှုန်းသည် နည်းပါး သည့် အတိုးနှုန်းဖြစ်ခြင်း၊ အခြားသော   ငွေချေးသူ များသည် ၎င်းတို့၏အတိုးနှုန်းများကို  လျှော့ချသွား ခြင်း၊   ချေးငွေများသည်   ရေရှည်ဖြစ်ခြင်း၊   ရိုးရှင်း သည့်    လုပ်ထုံးလုပ်နည်း၊   အပေါင်ပစ္စည်းပေးရန် မလိုခြင်း၊ အားလုံးလျှောက်ထားနိုင်ခြင်း၊   ဆင်းရဲ နွမ်းပါးသူများ အကျိုးရှိခြင်း၊ မွေးမြူရေးတွင် မြှုပ်နှံ နိုင်ခြင်း၊ ကိုယ်ရေးကိုယ်တာအတွက်  အသုံးပြုနိုင် ခြင်း၊   ကျေးရွာမှပိုင်ဆိုင်ပြီး   အမြဲတမ်းပိုင်ဆိုင်မှု ဖြစ်ခြင်း၊  တိုးပွားလာသည့်   အတိုးနှုန်းများသည် ကျေးရွာအတွက်ဖြစ်ပြီး     အစိုးရအတွက်မဟုတ် ခြင်း၊  ပုံမှန်အတိုးပေးရခြင်းများသည်   ဝန်ထုပ်ဝန်ပိုး များကို  လျော့ကျစေခြင်း၊  ပွင့်လင်းမြင်သာမှုရှိခြင်း၊ စုပေါင်းလုပ်ဆောင်ရသည့် အလေ့အထနှင့် မြို့နယ် ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပုံမှန်ပံ့ပိုးမှုများ ဖြစ်ပါတယ်။

 


နည်းပါးသည့်အတိုးနှုန်း


မြစိမ်းရောင်ကျေးရွာကော်မတီများကို   ၎င်းတို့ ၏လစဉ်အတိုးနှုန်းများအား ၀ ဒသမ ၅ ရာခိုင်နှုန်း၊ တစ်ရာခိုင်နှုန်း  သို့မဟုတ်   ၁ ဒသမ ၅ ရာခိုင်နှုန်း စသဖြင့်    ကိုယ်ပိုင်သတ်မှတ်ခွင့်  ပေးထားပါတယ်။ MADB ချေးငွေများသည် ၀ ဒသမ ၈ ရာခိုင်နှုန်း ပိုမို နည်းပါးသည့် တစ်ခုတည်းသော  ချေးငွေဖြစ်ပါတယ်။ သမဝါယမဘဏ်ချေးငွေများမှာ      ၂ ရာခိုင်နှုန်း၊ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းအများစုမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး   ပုဂ္ဂလိက ငွေချေး သူများ သို့မဟုတ်   ပွဲစားများသည် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိဖြစ်တဲ့အတွက်    မြစိမ်းရောင် သည် အတိုးနှုန်းသက်သာပါတယ်။

 


အခြားသောငွေချေးသူများသည် ၎င်းတို့၏အတိုးနှုန်းများကို လျှော့ချသွားခြင်း

 


မြစိမ်းရောင်ချေးငွေများ၏    နည်းပါးသော အတိုးနှုန်းများသည်     ပုဂ္ဂလိကငွေချေးသူများ၏ အတိုးနှုန်းများကို    လျော့ကျသွားစေသည့်သဘောသက်ရောက်မှုဖြစ်စေပြီး အလွန်ထူးခြား ကောင်းမွန် သည့် အကျိုးရလဒ်ဖြစ်ပါတယ်။ မြစိမ်းရောင်ချေးငွေ မရရှိခင်က     ရွာသူရွာသားများသည်    ပွဲစားများ သို့မဟုတ်    ချမ်းသာသူများထံမှ   ငွေချေးကြရပြီး လစဉ်   အတိုးနှုန်း ၅ ရာခိုင်နှုန်းမှ    ၁၀ ရာခိုင်နှုန်း အကြားရှိပါတယ်။ ၎င်းတို့၏ ပြောကြားချက်များအရ မြစိမ်းရောင်ချေးငွေသည်  ထိုပုဂ္ဂလိကငွေချေးသူများ ၏ လစဉ်အတိုးနှုန်း   (၅ ရာခိုင်နှုန်း - ၁၀ ရာခိုင်နှုန်း) ကို   ၃ ရာခိုင်နှုန်း - ၅ ရာခိုင်နှုန်းသို့ ကျသွားစေသဖြင့် အကျိုးဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ 

 


ချေးငွေများသည် ရေရှည်ဖြစ်ခြင်း


ကျေးရွာကော်မတီများသည်   ချေးငွေကာလ သတ်မှတ်ချက်ကို    မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်       ဆွေးနွေးတိုင်ပင် သတ်မှတ်ပြီး   လက်ရှိကာလသတ်မှတ်ချက်သည် ၉ လမှ ၁၈ လအတွင်းရှိပါတယ်။   အတွေ့ရများ သော ကာလမှာ  ၁၂ လဖြစ်ပြီး အခြားချေးငွေများနှင့် နှိုင်းယှဉ်လျှင်   ထိုကာလကို   အပြုသဘောမြင်ကြပါတယ်။

 


ရိုးရှင်းသည့်လုပ်ထုံးလုပ်နည်း၊ အပေါင်ပစ္စည်းပေးရန်မလိုခြင်း


မြစိမ်းရောင်ချေးငွေအတွက် အပေါင်ပစ္စည်းပေး ရန် မလိုပါ။   အထူးသဖြင့်   ရွာသူရွာသား အများစု ပြောခဲ့သည်မှာ MADB နှင့်မတူညီသည်မှာ ပုံစံ (၇) မလိုအပ်ခြင်းဖြစ်သည်ဟု ဆိုပါတယ်။   ရိုးရှင်းပြီး ကျေးရွာအခြေခံသည့်     လုပ်ထုံးလုပ်နည်းများ ကြောင့်   ကုန်ကျစရိတ်မရှိပါ။     မြို့နယ်များအထိ  အချိန်ကုန်၊    စရိတ်ကုန်သွားရောက်ပြီး   ထုတ်ယူရန်   မလိုအပ်သဖြင့်   ကျေးရွာများမှ   ကျေနပ်မှုရှိကြပါတယ်။ 

 


အားလုံးလျှောက်ထားနိုင်ခြင်း


မြစိမ်းရောင်ကျေးရွာများ   သို့မဟုတ်   ကျေးရွာ ယူနစ်များမှ       တရားဝင်မှတ်ပုံတင်ထားသော မည်သည့်အိမ်ထောင်စုမှ     ကိုယ်စားလှယ်မဆို   ထိုအိမ်ထောင်စုကိုယ်စား    ချေးငွေလျှောက်ထား နိုင်ပြီး   တိုင်းရင်းသားဖြစ်မှု၊  ဘာသာရေး၊   ကျား မ  ကွဲပြားမှု၊ မသန်စွမ်းမှု သို့မဟုတ်  ချမ်းသာကြွယ်ဝ မှုကြောင့် ဖယ်ချန်ထားခဲ့ခြင်းမျိုး  မရှိ၊  အားလုံး ပါဝင်ခွင့်ရှိသော စီမံကိန်းဖြစ်ပါတယ်။

 


ဆင်းရဲနွမ်းပါးသူများ အကျိုးရှိခြင်း


မြစိမ်းရောင်ချေးငွေသည်    ဆင်းရဲနွမ်းပါးသူ များကို အဓိက အကျိုးဖြစ်စေသည်ဟု ဆိုပါတယ်။ ယခင်က ၎င်းတို့သည်   အတိုးနည်းသော  ချေးငွေ များကို     လက်လှမ်းမီချေးယူနိုင်ခြင်း    မရှိခဲ့ဘဲ ယခုအခါမြစိမ်းရောင်သည်  ထိုသူများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်နိုင် စေသည်ဟု ဆိုပါတယ်။   အသက်အရွယ်ကြီးသူ တစ်ဦးကဆိုသည်မှာ “နှစ်သိန်းဆိုသည်မှာ သိပ်မများ ဘူးဆိုပေမယ့်လည်း    ဆင်းရဲသူအတွက်တော့ အတော်အတန်များပါတယ်” ဟု ဆိုပါတယ်။ 

 


မွေးမြူရေးတွင်မြှုပ်နှံနိုင်ခြင်း၊ ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုနိုင်ခြင်း


ရင်းနှီးမြှုပ်နှံမှုအတွက်ဆိုရာတွင် အများအား ဖြင့်    တိရစ္ဆာန်မွေးမြူရေးပါဝင်ပြီး   “ကိုယ်ရေး ကိုယ်တာအသုံးပြုခြင်း” များကို တရားဝင်ခွင့်  မပြု ထားသော်လည်း  ကျေးရွာတော်တော်များများသည် မြစိမ်းရောင်ချေးငွေကို     ကိုယ်ရေးကိုယ်တာ သို့မဟုတ်     လူမှုရေးရာ   ရည်ရွယ်ချက်ဖြင့် အပြုသဘော အသုံးပြုကြသည်ကို  တွေ့ရပါတယ်။ အတိအကျဆိုရလျှင်  ကျောင်းကျူရှင်ကြေးသွင်း ရခြင်းနှင့် ကျောင်းစာအုပ်ကြေးများ၊   ကလေးများ ကျောင်းတက်ရန်အတွက်   စက်ဘီးဝယ်ခြင်းများ၊ နေအိမ်ပြုပြင်ခြင်းများနှင့်   အချို့သောအရေးပေါ် ကိစ္စများအတွက် သုံးလိုက်ရခြင်းများ  ဖြစ်ပါတယ်။

 


ကျေးရွာမှပိုင်ဆိုင်ပြီး၊ 
အမြဲတမ်းပိုင်ဆိုင်မှုဖြစ်ခြင်း


မြစိမ်းရောင်ကို  “ရေရှည်တည်တံ့ခိုင်မြဲသည့်ငွေကြေး” အဖြစ်ဖော်ပြကြပြီး  ဆိုလိုသည်မှာ  ယင်း သည်   တစ်နှစ်ထက်တစ်နှစ်ပို၍   အားထားလာနိုင် မည်ကို ဆိုလိုခြင်းဖြစ်ပါတယ်။  “မြစိမ်းရောင်သည် မျိုးဆက်များအတွက် ဖြစ်သည်”၊ “ချေးယူသူများပိုင်သည့်ငွေဖြစ်သည်”   နှင့်   “မြစိမ်းရောင်သည် တည်ငြိမ်ပြီး လူတိုင်းရနိုင်သည်”  ဟူ၍ဖြစ်ပါတယ်။ 

 


တိုးပွားလာသည့်   အတိုးနှုန်းများသည်  ကျေးရွာ အတွက်ဖြစ်ပြီး  အစိုးရအတွက်မဟုတ်ခြင်း


 ရွာသူ ရွာသားများသည် ထူးခြားပြီးအခြားသော  ချေးငွေများနဲ့ကွဲပြားကြောင်း  ပြောကြပြီး  တိုးပွား လာသည့် အတိုးများသည်   ၎င်းတို့    အကျိုးကျေးဇူး အတွက် ဖြစ်တယ်။  ၎င်းတို့၏   လှည့်ပတ်ရန်ပုံငွေ များသည် နှစ်စဉ်တိုးတက်လျက်ရှိပြီး   ကာလ အလိုက်   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက်     အသုံးပြုပါတယ်။     ပြောကြားခဲ့သည်မှာ   ချေးငွေ များထံသို့ ပြန်ဝင်သွားသည့် အတိုးများနှင့် ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို      အစိုးရထံသို့ ပြန်ရောက်မသွားသည့်အတွက်   တန်ဖိုးထားကြ ကြောင်း  ပြောကြတယ်။    ငွေချေးသူများသည် ထိုငွေများကို  ကျေးရွာဖွံ့ဖြိုးရေးအတွက် ပြန်လည် အသုံးပြုနိုင်မည်ဖြစ်သည့်အတွက်  အတိုးများကို ဝမ်းမြောက်ဝမ်းသာပေးကြတယ်လို့ ဆိုပါတယ်။ 

 


ပုံမှန်အတိုးပေးရခြင်းများသည် ဝန်ထုပ်ဝန်ပိုးများကို လျော့ကျစေခြင်း


အတိုးပေးရခြင်းမှာ ပုံမှန်အားဖြင့် လစဉ် ပေးရ ခြင်းဖြစ်ပါတယ်။    မေးမြန်းခဲ့သူများမှ   ဖြေကြား သည်မှာ  ကာလအလိုက် အတိုးနှုန်းပေးရခြင်းသည် ကောင်းသောအချက်ဖြစ်ပြီး       ဝန်ထုပ်ဝန်ပိုး နည်းသောကြောင့်ဖြစ်သည်ဟု ဆိုပါတယ်။ အချို့က ပြောသည်မှာ     ဆင်းရဲသူများဟာ     ချေးငွေများ ကို     စီမံခန့်ခွဲခဲ့ဖူးခြင်းမရှိသော်လည်း   ပမာဏ သေးငယ်သည့်    မြစိမ်းရောင်   အတိုးပေးချေရခြင်း ကိုမူ ကောင်းစွာ   စီမံခန့်ခွဲနိုင်သည်ဟု      ဆိုပါတယ်။ 

 


ပွင့်လင်းမြင်သာမှု


လူစာရင်းနှင့် ၎င်းတို့ချေးယူသည့် ပမာဏများ ကို   ဖော်ထုတ်ကြေညာပြီး   အများမြင်သာသည့် နေရာများတွင်  ဘုတ်ပေါ်၌ ကပ်ထားကြပါတယ်။ လုပ်ငန်းစဉ်သည်လည်း     ပွင့်လင်းမြင်သာမှုရှိပြီး အများပြည်သူအားလုံးနှင့်   တွေ့ဆုံရှင်းပြခဲ့သော ကြောင့် ဖြစ်ပါတယ်။

 


စုပေါင်းလုပ်ဆောင်ရသည့်အလေ့အထ

ကျေးရွာစီမံခန့်ခွဲမှုသည် “စုပေါင်းလုပ်ဆောင် ရသည့်အလေ့အထ”  ကို   ပို၍အားကောင်းစေပါ တယ်။ ယင်းသည်  သီးခြားသဘောထားမှတ်ချက် တစ်ခုသာ  ဖြစ်သော်လည်း မြစိမ်းရောင်စီမံကိန်းကို ၎င်းတို့ဘာသာ   စီမံခန့်ခွဲနိုင်ခြင်းအတွက်  ဂုဏ်ယူ မှုကို ကျယ်ပြန့်စွာ ထင်ဟပ်ဖော်ပြပါတယ်။

 


မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန၏ ပံ့ပိုးမှု


လုပ်ငန်းစဉ်များကို   မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံခန့်ခွဲပြီး ၎င်းတို့၏ ဝန်ထမ်းများမှ ကျေးရွာကော်မတီလုပ်ငန်းစဉ်များကို အကူအညီပေးပါတယ်။   အသိအမှတ်ပြု ပြော ကြားသည့် အချက်တစ်ချက်မှာ  စာရင်းအင်းပြုစုခြင်း များအတွက်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည်  အရေးပါပြီး  အထူးသဖြင့် ပုံစံများ၊ ငွေစာရင်းကိစ္စရပ်များအတွက် ဖြစ်ပါတယ်။

 


အခြားသောအားသာချက်များ


ရွာသူရွာသားများနှင့်     ကော်မတီဝင်များမှ ပြန်လည်တင်ပြသော     အခြားအားသာချက်များမှာ- 


(၁)    အတိုးနှုန်းမြင့်မားသော ချေးငွေများအပေါ် တွင် အားထားရမှုကျဆင်းခြင်း၊ 
(၂)    ကုန်သည်များ/ စီးပွားရေးသမားများထံ အမှီအခိုကင်းလာခြင်း၊
(၃)    အခြားသောငွေချေးသူများ၏  အတိုးနှုန်း များကျဆင်းလာခြင်း၊ 
(၄)    အကျိုးအမြတ်များ ပိုမိုတိုးတက်လာသော ကြောင့် ဝင်ငွေလည်း တိုးလာခြင်း၊ 
(၅)    တိရစ္ဆာန်မွေးမြူရေးကို    ပိုမိုချဲ့ထွင်နိုင် ခြင်း၊
(၆)    အသေးစားကုန်သည်များကို     ပိုပိုမြှင့်တင် မှု ဖြစ်စေခြင်း၊
(၇)    ပညာရေးနှင့်တိုးတက်လာသော  နေထိုင်မှု အဆင့်အတန်းများနှင့်   အစိုးရနှင့်   ချိတ် ဆက်လုပ်ဆောင်ရာတွင်     ယုံကြည်မှု များ ပိုမိုတိုးတက်လာခြင်းတို့ ဖြစ်ပါတယ်။

 


လူသားအရင်းအနှီးနှင့် ရပ်ရွာလူထုစွမ်းဆောင်ရည်
မြစိမ်းရောင်စီမံကိန်းသည်  လူသားအရင်းအနှီး၊ ရပ်ရွာလူထုစွမ်းဆောင်ရည်နှင့်   ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးတို့ကို   အကူအညီဖြစ်စေခဲ့ပါတယ်။ ကျေးရွာကော်မတီများသည်   ကျေးရွာတော်တော် များများတွင်  ယခင်က လိုအပ်ခဲ့သည်များထက်ပို၍ ပုံစံတကျဖြစ်သော၊         ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်များကို လိုက်နာခဲ့ရပါတယ်။  ထိုအတွေ့ အကြုံများသည်  အခြားသော ကျေးရွာအဆင့်အဖွဲ့ အစည်းများသို့ပါ စီးဆင်းသွားခဲ့ပါတယ်။ (ဘုန်းကြီး ကျောင်းကော်မတီ၊   လူငယ်ကော်မတီ၊   ပညာရေး ကော်မတီ၊ လျှပ်စစ်မီးရရှိရေးကော်မတီ၊  နာရေးအဖွဲ့ များ   စသဖြင့်   မြစိမ်းရောင်အဖွဲ့ဝင်များပင်ဖြစ်ပါ တယ်)။ အခြားတစ်ဖက်တွင်   ကော်မတီဝင်များ ကဆိုသည်မှာ ၎င်းတို့သည်  မြစိမ်းရောင်စီမံကိန်းမှ တရားဝင်ပုံစံတကျလုပ်ငန်းစဉ်များ  လုပ်ကိုင်ခြင်းကို သင်ယူခဲ့ကြရပြီး  ကျေးရွာ၏ စီးပွားရေးအခြေအနေ များနှင့်   အိမ်ထောင်စုများ၏   ငွေရေးကြေးရေး အဆင့်အတန်းကိုပါ    သင်ယူခဲ့ကြရသည်ဟု   ဆိုပါ တယ်။    ယင်းအချက်များသည်      အခြားသော ကော်မတီများဖွဲ့ရန်   မည်သို့အကူအညီရကြောင်း နမူနာများကိုပါ ပြောကြားခဲ့ကြပါတယ်။
အားနည်းချက်များ


ရွာသူရွာသားများနှင့်    ကော်မတီဝင်များမှ ပြန်လည်တင်ပြမှု အများဆုံးအချက်များမှာ-


(၁)    ချေးငွေများနှင့်    လှည့်ပတ်ရန်ပုံငွေမှာ ပမာဏအလွန်နည်းခြင်း၊ 


(၂)    ချေးငွေစက်ဝန်းအစ သို့မဟုတ် အဆုံးမှာ သင့်လျော်မှုမရှိခြင်း -   ပထမနှစ်တွင် အခက်အခဲဖြစ်ပြီး      နောင်နှစ်များမှာ ကျေးရွာကော်မတီမှ   ပြင်ဆင်သတ်မှတ် နိုင်ပါတယ်။


(၃)    ချေးငွေကာလ  အလွန်တိုခြင်း၊   ရှည်ခြင်း၊ အတိုးငွေအိပ်ခြင်း - အတိုးငွေမအိပ်အောင် ကျေးရွာကော်မတီမှ    ပုံမှန်ထုတ်ချေး ခြင်းများ  ဆောင်ရွက်နေပြီ   ဖြစ်ပါတယ်။


(၄)    မြစိမ်းရောင်၏     စည်းကမ်းတင်းကျပ် ခြင်း၊


(၅)    တိုးပွားလာသည့် အတိုးများသည်  ဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက်    မလောက်င ခြင်း- နှစ်ကြာလာသည်နှင့်အမျှ ရန်ပုံငွေ တိုးပွားလာပြီး   အခြားစီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။

 


(၆)    ကျေးရွာယူနစ်တစ်ခုတည်းတွင် ကျေးရွာ ပေါင်းများစွာ   ပါဝင်နေခြင်းနှင့်   ရင်းနှီး မြှုပ်နှံမှုတွင် ထိခိုက်နိုင်ခြေရှိသည်များ- ရန်ပုံငွေများ တိုးပွားလာ၍   ၎င်းရန်ပုံငွေ အသစ် ထပ်မံချထားနိုင်ပြီး ၎င်းပေါင်းထား သော ကျေးရွာများကို  စတင်၍   သီးခြား ခွဲဝေ ဆောင်ရွက်လျက်ရှိပါတယ်။

 


တွေ့ရှိရသော အားနည်းချက်များနှင့်  အကြံပြု ချက်များကို ပြန်လည်သုံးသပ်၍  နှစ်စဉ်  မြေပြင် အခြေအနေနှင့်အကိုက်ညီဆုံး   အကောင်အထည် ဖော်နိုင်သော  ပြင်ဆင်ချက်များ   ပြုလုပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်စဉ်စီမံကိန်းသုံးသပ် ပွဲများမှ ရရှိလာသော သုံးသပ်ချက်၊  အကြံပြုချက် များကိုလည်း  ပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။ အသေးစား ငွေရေးကြေးရေးစီမံခန့်ခွဲမှု Softwares များအသုံးပြုရေးကိုလည်း  ဆက်လက်ဆောင်ရွက် သွားရန် လိုအပ်ပါတယ်။ ကျေးလက်ဘဏ္ဍာရေးစနစ် ဖြစ်ပေါ်ပြောင်းလဲလာမှုအရ   Digital နည်းပညာ စနစ်များ အသုံးပြုရန် လိုအပ်ပါတယ်။  ဝန်ထမ်းဦးရေ နည်းပါးခြင်းနှင့်    မြောက်မြားစွာသော   စီမံကိန်း ကျေးရွာများမှ အိမ်ထောင်စုများရဲ့ လုပ်ငန်းချေးငွေ၊ ပြန်ဆပ်ငွေ၊ အတိုးရငွေ၊  ဖွံ့ဖြိုးရေးအတွက် သုံးစွဲငွေ၊ ဆိုင်းငံ့ကာလ စသည့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက် ချက်များကို   Softwares အသုံးပြုခြင်း၊  Digital နည်းပညာများသုံးစွဲ၍  ပြောင်းလဲဆောင်ရွက်သွား ရန်လိုအပ်ပါတယ်။ Wave Money နှင့် ပူးပေါင်း၍ ချေးငွေထုတ်ချေးခြင်း၊   ပြန်ဆပ်ခြင်းများအတွက် Pilot အနေဖြင့်   ပြည်နယ်နှင့်  တိုင်းအားလုံးမှာ တစ်ရွာစီဆောင်ရွက်ရန်  စီမံချက်ရေးဆွဲဆောင်ရွက် လျက်ရှိပြီး ကျေးရွာသုံးရွာမှာ   စတင်ဆောင်ရွက် လျက်ရှိပါတယ်။

 


မြစိမ်းရောင်စီမံကိန်း  အောင်မြင်ရန်အတွက် အမှားများကို   သိအောင်လုပ်၊     အမှားကို  လက်ခံ၊ ပြင်ဆင်ရန်များကို ပြင်ဆင်၊ ခေတ်နဲ့အညီ  တိုးတက် ကောင်းမွန်အောင်လုပ်ရန် စီမံချက်များရေးဆွဲပြီး စဉ်ဆက်မပြတ်    ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း တင်ပြအပ်ပါတယ်။

ရည်ညွှန်းကိုးကားချက်။    SPPRG     ၏ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျှော့ချရေး မြစိမ်းရောင်စီမံကိန်းစစ်တမ်း (၂၀၁၅)
Centre for Good Governance အဖွဲ့၏ မြစိမ်း ရောင်စီမံကိန်းကို    မြန်ဆန်စွာ      ပြန်လည် ဆန်းစစ်ခြင်းစစ်တမ်း (၂၀၁၉)