မြန်မာ - အင်ဒိုနီးရှား လက်ရွေးစင်အသင်းများခြေစမ်းကစားမည်

 

ရန်ကုန် နိုဝင်ဘာ ၂၀


အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက်  လေ့ကျင့်နေသည့်   မြန်မာ့ လက်ရွေး စင်အသင်းသည် အင်ဒိုနီးရှားလက်ရွေးစင်အသင်း အပါအဝင် ခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာလကုန်ပိုင်းမှစ၍ တူရကီနိုင်ငံ၌ လေ့ကျင့်လျက်ရှိပြီး ယခုလကုန်အထိ နေထိုင်သွားမည် ဖြစ်ကာ ခြေစမ်းပွဲနှစ်ပွဲ ထပ်မံကစားနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် ဆူဇူကီးဖလား ပြိုင်ပွဲယှဉ်ပြိုင်မည့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး တူရကီကလပ်အသင်းတစ်သင်းနှင့် ထပ်မံခြေစမ်းခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှား လက်ရွေးစင်အသင်းသည်   ၂၀၁၉  ခုနှစ် မတ်လတွင် မန္တလေးမြို့၌ နောက်ဆုံးခြေစမ်းခဲ့ပြီး အင်ဒိုနီးရှားအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီနိုင်ငံတွင် ခြေစမ်းပွဲ သုံးပွဲကစားထားပြီး ငါးပွဲအထိ ကစားနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီအပျော်တမ်းကလပ်များဖြစ် သည့် မာနက်ဗ်ဂတ်စပေါ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အန်တယ်လ်ရာ ဟယ်စပေါ်အသင်းကို ရှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီး အာဖရိကအသင်း ဖြစ်သော ဘူရွန်ဒီလက်ရွေးစင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့် ထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ အတွက် ကစားသမား ၂၅ ဦးရွေးချယ်ထားပြီး မလေးရှားကလပ် ဆီလန် ဂေါအသင်းတွင်ကစားနေသည့် တိုက်စစ်ကစားသမား ဟိန်းထက်အောင် မှလွဲ၍  ကျန်ကစားသမားများမှာ ပူးပေါင်းလေ့ကျင့်နေပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက် ရောက်ရှိမည်ဖြစ်သည်။                            

ရဲရင့်လွင်