
နေပြည်တော် နိုဝင်ဘာ ၂၀
အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော CRPH ၊ NUG နှင့် PDF အဖွဲ့များ ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက် လျက်ရှိရာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည့် NUG နှင့် NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်တို့၏ စေခိုင်းချက်အရ ရန်ကုန်မြို့ အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့ သော တရားခံကျား ၄၀ ၊ မ ခုနစ်ဦး၊ ပေါင်း ၄၇ ဦးအား လက်နက်ငယ် မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမ ဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုမိုင်း လေးလုံး၊ ရှေ့ထွက်မိုင်း လေးခု၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ်နှစ်လုံး၊ ယမ်းမှုန့်(မီးခိုရောင်) ခုနစ်ထုပ်၊ မှန်ပြောင်း တစ်ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ် အား နိုဝင်ဘာ ၁၇ ရက်တွင်လည်းကောင်း၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းနေသော NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်အား ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီကွန်ဒို၊ တိုက် အမှတ်(3/B)၊ အခန်းအမှတ်(B-0907)၌ Sigsauer အမျိုးအစား ပစ္စတို နှစ်လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် တစ်လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်အား နိုဝင်ဘာ ၁၈ ရက်တွင်လည်းကောင်း သတင်းထုတ်ပြန်ခဲ့သည်၊၊
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်များအရ ရန်ကုန်မြို့အတွင်း အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေထိုင်ရန် ငှားရမ်း ပေးထားသော နေရာ ၂၁ ခုရှိကြောင်း ဖော်ထုတ်သိရှိရပြီး ယင်းနေရာ များအား နိုဝင်ဘာ ၁၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်း မှုများဆောင်ရွက်ခဲ့ရာ
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လယ်ယာရွှေမြေလမ်း၊ မ-၂၆၊ ၄ လွှာကို လည်းကောင်း။
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မာလာနွယ်လမ်း၊ အမှတ် (၇၆၄)၊ ၄ လွှာကိုလည်းကောင်း။
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဝဏ္ဏသိင်္ဂလမ်း၊ အမှတ် (၅၁၂)၊ ၃ လွှာကိုလည်းကောင်း။
- တောင်ဥက္ကလာပမြို့နယ်၊ တကောင်း(၅)လမ်း၊ အမှတ်(၈၃)၊ ၄ လွှာကိုလည်းကောင်း။
- သာကေတမြို့နယ်၊ သိင်္ဂီ(၂)လမ်း၊ ၄ လွှာ၊ အမှတ်(၆၄/အေ)ကို လည်းကောင်း။
- သာကေတမြို့နယ်၊ သင်္ဂီ(၂)လမ်း၊ ၄ လွှာ၊ အမှတ်(၆၄/ဘီ)ကို လည်းကောင်း။
- ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ပထမထပ်၊ အမှတ်(၄၂) ကိုလည်းကောင်း။
- ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်မြတ်ထွန်းတာဝါ၊ တိုက်(A)၊ အခန်း(၁၀၆)ကို လည်းကောင်း။
- ရန်ကင်းမြို့နယ်၊ သုခရိပ်သာလမ်း၊ (၁၂)ရပ်ကွက်၊ အမှတ် (၄/၃/၇၆)ကိုလည်းကောင်း။
- တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အမှတ်(၃၁၄/၅)၊ ပထမထပ်ကို လည်းကောင်း။
- ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ အမှတ်(၃၇၄)၊ ၅ လွှာကို လည်းကောင်း။
- တောင်ဥက္ကလာပမြို့နယ်၊ မိဂသီလမ်း၊ အမှတ်(၁၇၇)၊ ၃ လွှာကို လည်းကောင်း။
- မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ ခန်းမ ဆောင်လမ်း၊ အမှတ် (၂၃)ကို လည်းကောင်း။
- သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၃)လမ်း၊ အမှတ်(၇၁၀)ကို လည်းကောင်း။
- သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၄)လမ်း၊ အမှတ်(၅၂၃)နှင့် သင်္ဃန်း ကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ အမှတ် (၂၉၁)၊ ၅ လွှာတို့ကိုလည်းကောင်း ဝင်ရောက်ရှာဖွေခဲ့ရာ အထက်ပါ ၁၆ နေရာတွင် အကြမ်းဖက်သမားများ နေထိုင်တော့ ခြင်းမရှိကြောင်း တွေ့ရှိရသည်။
- သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ နဝရတ်လမ်း၊ ပထမထပ်၊ အမှတ် (၉၀)ကို ဝင်ရောက်ရှာဖွေခဲ့ရာ ယင်းနေအိမ် တွင် အကြမ်းဖက်သမား ငါးဦးခန့် လတ်တလောနေထိုင်သွားပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း တွေ့ရှိရသည်။
အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိသော နေရာ များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းခဲ့ရာ
- ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၇ ရပ်ကွက်၊ သဒ္ဒါရုံလမ်း၊ အမှတ်(၈၇၈)၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ မီးခိုးဗုံး ငါးလုံး၊ ပွိုင့် ၂၂ ကျည်ခွံ ငါးခု၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့သည်။
- ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ်(၆၇)ကို ဝင်ရောက်ရှာဖွေခဲ့ရာ M-16 ခုနစ်လက်၊ AK-47 ရှစ်လက်၊ MK-12 ၁၅ လက်၊ M4 A1 ကာဘိုင်သုံးလက်၊ FCG-9 သုံးလက်၊ စနိုက်ပါ နှစ်လက်၊ ကာဘိုင် တစ်လက်၊ ပစ္စတို ၁၁ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ M-16 ကျည်အိမ် ၅၀၊ AK-47 ကျည်အိမ် ၁၄ ခု၊ MK-12 ကျည်အိမ် ၃၀ ၊ FCG-9 ကျည်အိမ် ခြောက်ခု၊ ပစ္စတိုကျည်အိမ် ၃၀ ၊ ၅.၅၆ ကျည် ၃၈၅၀၊ ၇.၆၂ ကျည် ၂၅၀ ၊ ပစ္စတိုကျည် ၆၁၀ ၊ 12 Volt ကျည် ၂၇၀၀ ၊ ပွိုင့် ၄၅ ကျည် ၁၅၀ ၊ AK-47 ကျည် ၁၀၀၀ ၊ ၄၀ မမ ဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ခြောက်လုံး၊ MK-12 သေနတ် ဆက်စပ်ပစ္စည်းအစုံ ၃၀၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက် လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး) သုံးလုံး၊ မီးရှို့လက်လုပ်ဗုံး၊ ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး (ပေ ၁၀၀) တစ်ခွေ၊ ဒီတိုနေတာ ၈၀၀ ၊ TNT ယမ်း (၀.၂၅)ပေါင် ၁၅၃ တောင့်၊ TNT ယမ်း(၁ ပေါင်) ၁၀ တောင့်၊ C4 ယမ်း (၁.၂၅)ပေါင် ကိုးတောင့်၊ Transistor ၁၄ ဘူး၊ ဖုန်း(ကီးပတ်) ၁၆ လုံး၊ နာရီ ခုနစ်လုံး၊ ဂြိုဟ်တုဖုန်း ၁၂ လုံးနှင့် ဆက်သွယ်ရေး အထိုင် စက် တစ်လုံး၊ ၂.၅ လက်မသံ ငါးပိဿာ(စုစုပေါင်း လက်နက်မျိုးစုံ ၅၀၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၃၀၊ ကျည် မျိုးစုံ ၈၅၆၀ ၊ ၄၀ မမဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ခြောက်လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၈၀ ၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း ကိုးတောင့်၊ ဒီတိုနေတာ ၈၀၀၊ ဂြိုဟ်တုဖုန်း ၁၂ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်း)တို့အား သိမ်းဆည်းရမိခဲ့သည်။
- ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၂)၊ ငွေတိုက်စိုးခြံ၊ အမှတ်(၁၄၂)အား ဝင်ရောက်ရှာဖွေခဲ့ရာ M-16 ၁၃ လက်၊ AK-47 ၁၂ လက်၊ MK-12 ကိုးလက်၊ ပစ္စတို လေးလက်၊ ခြောက်လုံးပြူး တစ်လက်၊ M-16 ကျည်အိမ် ၃၀ ၊ AK-47 ကျည်အိမ် ၁၀ ခု၊ MK-12 ကျည်အိမ် ၂၂ ခု၊ ပစ္စတို ကျည်အိမ် ၁၄ ခု၊ ၅.၅၆ ကျည် ၂၀၀၀ ၊ ၉ မမကျည် ၄၀၀၊ 12 ဗို့ကျည် ၂၀၀၀ ၊ AK-47 ကျည် ၈၀၀ (စုစုပေါင်း လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်အိမ်မျိုးစုံ ၇၆ ခု၊ ကျည်မျိုးစုံ ၅၂၀၀)တို့အား သိမ်းဆည်းရမိခဲ့သည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်း မြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၂)၊ ငွေတိုက်စိုးခြံ၊ အမှတ်(၁၄၂) အား ရှာဖွေနေစဉ် နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် သိမ်းဆည်းထားသော လက်နက်/ ခဲယမ်းများအား သယ်ယူ ရန် လာရောက်သော လှမိုးသန်း(၄၂)နှစ်၊ အောင်ဝင်းနိုင် (၄၅)နှစ်တို့ နှစ်ဦးအား Sigsauer ပစ္စတို တစ်လက်၊ ကျည် ၁၀ တောင့်၊ Probox မော်တော်ယာဉ် တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး တရားခံ အောင်ဝင်းနိုင်၏ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ကျော်ဇေယျ(၂)လမ်း၊ စဉ့်ငူရပ်ကွက်၊ အမှတ် (၈၁၈/ဘီ)အား ဝင်ရောက်ရှာဖွေခဲ့ရာ ၉ မမကျည် ၆၀ ၊ လက်လုပ်ဗုံး တစ်လုံး၊ လမ်းလျှောက်စကားပြောစက် လေးလုံး၊ မှန်ပြောင်း တစ်လက်၊ ကျည်ကာအင်္ကျီ နှစ်ထည်နှင့် ဓားရှည် နှစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ၎င်းအား ဖမ်းဆီးရမိခဲ့သည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီကွန်ဒို၊ တိုက်အမှတ် (3-B)၊ အခန်းအမှတ်(B-0907)နေအိမ်အား ထပ်မံဝင်ရောက်ရှာဖွေခဲ့ရာ Lenovo Laptop တစ်လုံး၊ Macbook တစ်လုံး၊ Hard Disk တစ်လုံး၊ ဂြိုဟ်တုဖုန်း တစ်လုံး၊ လက်ကိုင်ဖုန်း နှစ်လုံး၊ CB Bank ATM Card ၊ AYA ATM Card များ၊ နိုင်ငံကူးလက်မှတ် စာအုပ် တစ်အုပ်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးပြုလုပ် မည့်စာရင်းများ၊ လုပ်ကြံသတ်ဖြတ်မည့် စာရင်းများ ပြုစုထားသည့် မှတ်တမ်းစာအုပ်များနှင့် အမျိုးသမီး အသုံး အဆောင်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ အမျိုးသမီး အသုံးအဆောင်ပစ္စည်းများမှာ NLD ပါတီ အောင်နိုင်ရေး သီချင်းများနှင့် ရုပ်ရှင်ဇာတ်လမ်းတိုများ ရိုက်ကူးရာတွင် ကူညီဆောင် ရွက်ပေးသူ ဖမ်းဆီးရန်ကျန် တရားခံ သဇင်ညွန့်အောင်၏ ပစ္စည်းများ ဖြစ်ကြောင်း၊ သဇင်ညွန့်အောင်သည် တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် နှင့် တရားမဝင် ပေါင်းသင်းနေထိုင်လျက်ရှိပြီး ၎င်းနှင့် အတူ ပေါင်းသင်းနေထိုင်နိုင်ရေးအတွက် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာ လမ်း၊ ရတနာနှင်းဆီကွန်ဒိုရှိ တိုက်အမှတ်(3-B)၊ အခန်းအမှတ်(B-0607)တွင် အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော ဖမ်းဆီးရန်ကျန် တရားခံ ကိုဉာဏ်၊ ကူးကူးတို့နှင့်အတူ ငှားရမ်းနေထိုင်ခဲ့ကြောင်း သိရှိရသဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်နိုင်ရေး ငှားရမ်းထားသော နေအိမ်များအား ဝင်ရောက်ရှာဖွေခဲ့ရာ လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိမှုအနေဖြင့် လက်နက်ငယ်မျိုးစုံ ၉၃ လက်၊ လက်လုပ် ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၀၆ ခု၊ ခဲယမ်းမျိုးစုံ ၁၃,၉၄၂ တောင့်၊ ၄၀ မမဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ခြောက်လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၈၁ လုံး၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း ကိုးတောင့်၊ ဒီတိုနေတာ ၈၀၀ ၊ မှန်ပြောင်းတစ်လက်၊ ဂြိုဟ်တု ဖုန်း ၁၃ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ကနဦးထွက်ဆိုချက် အရ ဖမ်းဆီးရမိ ပစ္စတိုနှင့် လက်လုပ်ပစ္စတိုသေနတ်များမှာ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် တာဝန်ထမ်းဆောင် နေသော မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံ့ဝန်ထမ်း များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များအပါအဝင် အခြား ဆန့်ကျင်ဘက်ပါတီဝင် များ၊ ၎င်းတို့၏ မိသားစုဝင်များအား လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ် ထားကြောင်းနှင့် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့များမှ Mission ဆောင်ရွက် မည့် တင်ပြချက်အပေါ် မူတည်၍ ထုတ်ပေးခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
အလားတူ ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်များနှင့် အားမြှင့်ယမ်း များမှာ နိုဝင်ဘာ ၁၅ ရက်မှစတင်၍ အစိုးရ၏ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ဒေါက်တိုင်များအား Level-2 အဆင့်မြှင့်တင်ကာ ပျံလွှား အောင်စစ်ဆင်ရေးအမည်ဖြင့် အရှိန်မြှင့်တိုက်ခိုက်ရေးဆောင်ရွက်ရန် နှင့် ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုအား ထိတ်လန့်ကြောက်ရွံ့ စေရန်ရည်ရွယ်၍ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၊ အုပ်ချုပ် မှုဆိုင်ရာ အဆောက်အဦများ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦများ အပါအဝင် ပညာသင်ကြားမှုများရပ်တန့်စေရန် ရည်ရွယ်၍ စာသင် ကျောင်းများကိုပါ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက် ခိုက်ခြင်းများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။
နိုဝင်ဘာ ၁၂ ရက်မှစ၍ ဖမ်းဆီးရမိတရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော် အပါအဝင် ကျား ၄၃ ဦး၊ မ ခုနစ်ဦး၊ ပေါင်း ၅၀ တို့အား လက်နက်မျိုးစုံ ၁၂၇ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၇၆ ခု၊ ကျည်မျိုးစုံ ၁၆၀၅၇ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ လက်လုပ်ဗုံး ၁၁ လုံး၊ ရီမုဒ်မိုင်း လေးလုံး၊ ရှေ့ထွက်မိုင်း ၁၀ လုံး၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး) သုံးလုံး၊ မီးရှို့လက်လုပ်ဗုံး ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(ပေ ၁၀၀) တစ်ခွေ၊ ဒီတိုနေတာ ၈၀၀ ၊ TNT ယမ်း (၀.၂၅)ပေါင် ၁၅၃ တောင့်၊ TNT ယမ်း(၁ ပေါင်) ၁၀ တောင့်၊ C4 ယမ်း (၁.၂၅)ပေါင် ၉ တောင့်၊ Transistor ၁၄ ဘူး၊ ဖုန်း(ကီးပတ်) ၁၆ လုံး၊ နာရီ ခုနစ်လုံး၊ လမ်းလျှောက်စကားပြော စက် လေးလုံး၊ ဆက်သွယ်ရေးအထိုင်စက် တစ်လုံး၊ ၂.၅ လက်မသံ ငါးပိဿာ၊ မှန်ပြောင်း နှစ်ခု၊ ဂြိုဟ်တုဖုန်း ၁၃ လုံး၊ Laptop နှစ်လုံး၊ Hard Disk တစ်ခု၊ ATM ကတ်များ၊ နိုင်ငံကူးလက်မှတ်စာအုပ် တစ်အုပ်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးပြုလုပ်မည့် စာရင်းများ၊ လုပ်ကြံသတ်ဖြတ်မည့်စာရင်းများ ပြုစုထားသည့် မှတ်တမ်း စာအုပ်များ၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အခြားဆက်စပ်ပစ္စည်း များအား သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ နေအိမ်/တိုက်ခန်း ငှားရမ်း နေထိုင်သူများအနေဖြင့် အကြမ်းဖက်မှုကျူးလွန်ကြောင်း ဖော်ထုတ် တွေ့ရှိပါက ငှားရမ်းသည့်ပိုင်ရှင်များအား တည်ဆဲဥပဒေအရ အရေးယူ မည့်အပြင် နေအိမ်/တိုက်ခန်းများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သက်သေခံအဖြစ် ထိန်းသိမ်း၍ တရားရုံးတွင် စစ်ဆေး ပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သဖြင့် အကြမ်းဖက် မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော နေအိမ်/တိုက်ခန်းများနှင့် အကြမ်းဖက် PDF အဖွဲ့ဝင်များ နေထိုင်နိုင်ရေးအတွက် ငှားရမ်းပေးသော အိမ်ပိုင်ရှင် များအား တည်ဆဲဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုး ဇေယျာသော်၏ အကြမ်းဖက်ဆောင်ရွက်မှုများအား ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်