
နေပြည်တော် နိုဝင်ဘာ ၂၃
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ မရှိစေရေးအတွက် နယ်မြေလုံခြုံရေး တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန် မြို့နယ် မန်မိုင်မုန်းကွမ်းကျေးရွာအတွင်း မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးများရှိ အကြမ်းဖက်အုပ်စုများသို့ ရောင်းချရန် လက်နက်/ခဲယမ်းများ စုဆောင်း သိမ်းဆည်းထားကြောင်း တာဝန်သိပြည်သူအချို့၏ သတင်းပေး ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ဖော်ထုတ်ရှင်းလင်းခြင်းကို နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် ကျေးရွာအတွင်း ရှိ ဦးစိုးလွင်(ဘ) ဦးစုန်ရွှင်ရွှင်း၏ နေအိမ် အတွင်း မြေအောက်ခန်းမှ Type-56 သေနတ် တစ်လက်၊ ကေ(၁၂)သေနတ် တစ်လက်၊ Type-81 သေနတ် သုံးလက်၊ ဘီအေ(၆၃)သေနတ် ခုနစ်လက်၊ ဘီအေ (၉၄)သေနတ် လေးလက်၊ အမ် ၂၂ ကျည် အိမ် ၂၀၊ ကျည်အိမ်အဝိုင်း တစ်ခု၊ ကျည်မျိုးစုံ ၁၉၄၅ တောင့်၊ ဒီတိုနေတာ ၁၃ ခုနှင့် ယမ်းကြိုးခွေ လေးခွေကို လည်းကောင်း၊ ည ၁၁ နာရီခန့်တွင် ၎င်း နေအိမ်၏ မြင်းတင်းကုပ်အတွင်းမှ Type-56 သေနတ် ၃၄ လက်နှင့် အမ် ၂၂ ကျည် အိမ် ၁၀၅ ခုကိုလည်းကောင်း စုစုပေါင်း လက်နက်မျိုးစုံအလက် ၅၀၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ သည်။
တပ်မတော်စစ်ကြောင်းများအနေ ဖြင့် စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခု ဖော်ထုတ် ရှင်းလင်းရရှိသည့် မန်မိုင်မုန်းကွမ်း ကျေးရွာ၏ မြောက်ဘက် ခုနစ်ကီလိုမီတာ အကွာရှိ ဟိုမိန်းကျေးရွာအတွင်းမှလည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် လေယာဉ်ပစ် ပခုံးထမ်းဒုံး (FN-6) တစ်လက်အပါအဝင် လက်နက်ကြီးနှင့် လက်နက်ငယ်မျိုးစုံ ၁၇၀ နှင့် ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများကိုလည်း ယခုကဲ့သို့ ထာဝရငြိမ်းချမ်းရေးကို လိုလားနှစ်သက်ကြသည့် တိုင်းရင်းသား ပြည်သူအချို့၏ သတင်းပေးမှုကြောင့် ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ဘဝလုံခြုံရေး အတွက် အကြမ်းဖက်လုပ်ရပ်များ မဖြစ် ပေါ်စေရန် လိုအပ်သည့်လုံခြုံရေးလုပ်ငန်း များကို ဆက်လက်တိုးမြှင့်ဆောင်ရွက် လျက်ရှိရာ မိဘပြည်သူများအနေဖြင့် လည်း မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်အတူ ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထား သည်။
သတင်းစဉ်