အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် သင်တန်းတက်ရောက်ခဲ့သူများ၊ လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူမ

နေပြည်တော်  နိုဝင်ဘာ  ၂၄


ရန်ကုန်       တိုင်းဒေသကြီး လှိုင်သာယာ    (အရှေ့ပိုင်း)မြို့နယ်   ရွှေလင်ပန်းကျေးရွာ၌ ကျော်မိုးနိုင်  (ခ)  မောင်နိုင် (ဘ)ဦးမြင့်ဦး   အပါအဝင်  ၁၈ ဦး သည်  စက်တင်ဘာ  ၂၈ ရက် ည ၁၀ နာရီခန့်တွင် ကျူးကျော် နေအိမ်နှင့်  အိမ်ခြံမြေကိစ္စများ တွင်      အခကြေးငွေရယူ၍ နေအိမ်များနှင့်  ခြံစည်းရိုးများ အား   ဖျက်ဆီးခြင်း၊  နေအိမ် အတွင်းရှိ  လူများအား တုတ်၊ ဓားများ ကိုင်ဆောင်၍ အကြမ်း ဖက်     တိုက်ခိုက်ခြိမ်းခြောက်ခြင်း စသည့်    ဥပဒေမဲ့လုပ်ရပ် များကို    ကျူးလွန်ခဲ့သည့်      အတွက်ကြောင့်      အကြမ်း ဖက်မှုတိုက်ဖျက်ရေး   ဥပဒေ ပုဒ်မ ၅၀ (က)ဖြင့်     လည်းကောင်း၊ ရဲထက် (ဘ) ဦးသိန်းဦးသည်  ဧပြီ ၁၀ ရက်နေ့မှ ၁၇ ရက်အထိ တိုင်းရင်းသား  လက်နက်ကိုင် အဖွဲ့     နယ်မြေအတွင်း သင်တန်း တက်ရောက်ခဲ့သဖြင့် ပြည်ထောင်စု     သမ္မတ မြန်မာနိုင်ငံတော် အကြမ်းဖက် မှု     တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်   ကြေညာစာအမှတ်၊ (၂/၂၀၂၁)အရ  အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)     ဖြင့်လည်းကောင်း၊ မောင်မောင်ကျော်တင့်     (ခ) ဘိုဘိုကျော်  (ဘ) ဦးလှတင့်သည် ဖေဖော်ဝါရီလမှစ၍ CRPH၊ NUG၊ PDF  အမည်ခံ  အကြမ်းဖက် အဖွဲ့များအား    ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးခဲ့မှုဖြင့်   အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့်    လည်းကောင်း၊ ရဲထက်အောင် (ခ) ရဲထက် (ဘ)ဦးညွန့်အောင်သည် ဖေဖော်ဝါရီ လမှစ၍  ရန်ကုန်တိုင်းဒေသကြီး အတွင်း    ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင်   တက်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊     အပြစ်မဲ့ ပြည်သူများအား  ဒလန်ဟု စွပ်စွဲ ပြောဆို   သတ်ဖြတ်ခြင်းတို့တွင် ပါဝင်ခြင်း၊   အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်ခြင်းများကို ဆောင်ရွက် ခဲ့သဖြင့်      အကြမ်းဖက်မှု တိုက်ဖျက်ရေး    ဥပဒေပုဒ်မ ၅၀(ဈ)ဖြင့်   လည်းကောင်း၊ အောင်မင်းသူ  (ခ)  ကိုသူ (ဘ)ဦးထိန်ဝင်း  အပါအဝင် ရှစ်ဦးသည်  ဧပြီ ၂၈ ရက်မှစ၍   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့   နယ်မြေ အတွင်း  သင်တန်းတက်ရောက် ခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများအား ဖောက်ခွဲ   ဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ပြီး    ပြည်ထောင်စု သမ္မတ    မြန်မာနိုင်ငံတော် အကြမ်းဖက်မှု    တိုက်ဖျက်ရေး ဗဟိုအဖွဲ့၊    အမိန့်ကြေညာစာ အမှတ်၊(၂/၂၀၂၁)အရ အကြမ်း ဖက်မှု တိုက်ဖျက်ရေး  ဥပဒေပုဒ်မ ၅၀(က)ဖြင့်     လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   နိုဝင်ဘာ  ၂၃ ရက်တွင်  ၎င်းတို့ ၂၉ ဦးအား “ထောင်ဒဏ်တစ်သက် ” အမိန့် ချမှတ်လိုက်ကြောင်း     သိရသည်။


အလားတူ ဩဂုတ် ၈ ရက် တွင် ထက်ပိုင်စိုး (ခ) ဖိုးထက် (ဘ)ဦးစိုးညွန့်     အပါအဝင် ခြောက်ဦးတို့သည်   ရန်ကုန် တိုင်းဒေသကြီး   ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်   အမှတ် (၅၃)ရပ်ကွက်  သုခမြိုင်လမ်းနေ အုပ်ချုပ်ရေးမှူး   တစ်ဦးနှင့် အမှတ်(၅၇)  ရပ်ကွက်ရှိ ရာအိမ် မှူးတစ်ဦးတို့ကို သေနတ်ဖြင့် ပစ်ခတ်ပြီး    ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ်      ခဲ့ခြင်းကြောင့် လည်းကောင်း၊  ခင်ဝင့်ကျော်မောင်  (ဘ) ဦးသန်းဦး အပါအဝင် ရှစ်ဦးတို့သည်    ဩဂုတ် ၁၉ ရက်တွင်   ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ် (၉၀)ရပ်ကွက် နေသူ အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ်    ခဲ့ခြင်းကြောင့် လည်းကောင်း၊ ဇင်မင်းကျော် (ဘ)ဦးကျော်မြင့်  အပါအဝင် ခုနစ်ဦးတို့သည်    ဇူလိုင် ၆ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်      (၈၈)  ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှိ အုပ်ချုပ် ရေးမှူးနှင့် ယာဉ်မောင်းဖြစ်သူ တို့ကို  သေနတ်ဖြင့် ဝိုင်းဝန်း လုပ်ကြံ     သတ်ဖြတ်ခဲ့ခြင်း ကြောင့်      လည်းကောင်း    စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ  -  ၃၀၂(၁)(ခ)/ ၃၄ ဖြင့် နိုဝင်ဘာ  ၂၃ ရက်တွင်  ၎င်းတို့ ၂၁ ဦးကို “သေဒဏ် ” အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။    
 


ထို့အတူ  သန်းဝင်းနိုင်(ခ)ပွကြီး(ဘ)ဦးအုန်းကျော်သည် စက်တင်ဘာ ၂၅ ရက်တွင် ဒဂုံ မြို့သစ်(တောင်ပိုင်း)     မြို့နယ် သ/မ ဝန်း     (၂၆) ရပ်ကွက် (ကျူး)၌       အရက်သေစာ သောက်စားပြီး   တစ်ရပ်ကွက် တည်းနေသူနှင့် စကားများ ရန် ဖြစ်ရာမှ  လူသတ်မှု  ကျူးလွန် ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)       စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ  ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၂) ဖြင့် နိုဝင်ဘာ  ၂၃ ရက်တွင် ၎င်း အား “ အလုပ်ကြမ်းနှင့် ထောင် ဒဏ်အနှစ် ၂၀ ”  အမိန့်ချမှတ် လိုက်ကြောင်း သိရသည်။


ဖမ်းဝရမ်းထုတ်


အဆိုပါ   ပြစ်ဒဏ်ချမှတ်ခံရ သူများအနက်မှ       ထွက်ပြေး လွတ်မြောက်နေသူများကို  ၎င်း နှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-  ၈၇၊   ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန်  အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။


ပူးတွဲထုတ်ပြန်ထား စစ်အုပ်ချုပ်ရေး  အမိန့်ထုတ် ပြန်ကြေညာထားသည့် မြို့နယ် များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေး မည့်    ပြစ်မှုဆိုင်ရာ ၂၃ မျိုးကို    ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်           ကျူးလွန်ပါက      စစ်ခုံရုံးဖွဲ့၍       စစ်ဆေးမှုများ ဆောင်ရွက်ကာ   ထိထိရောက်ရောက်         မြန်မြန် ဆန်ဆန် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်