NUG အကြမ်းဖက်အဖွဲ့၏ ထောက်ပံ့စေခိုင်းမှုဖြင့် KNU နယ်မြေအချို့တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ ဖွင့်လှစ်

 

နေပြည်တော်   နိုဝင်ဘာ  ၂၅ 


CRPH/NUG အကြမ်းဖက်အဖွဲ့အစည်းတို့မှ   နိုင်ငံ အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အကြမ်းဖက် PDF များ  ဖွဲ့စည်းနိုင်ရန်အတွက်  NLD ပါတီဝင်/ အမာခံများ၊ CDM ပြုလုပ်သူများနှင့်  အစွန်း ရောက်လူငယ်များအား   စည်းရုံးလှုံ့ဆော်၍   KNU အဖွဲ့လှုပ်ရှားရာ    နယ်မြေများအတွင်း     ဖောက်ခွဲ ဖျက်ဆီးရေးနှင့်  အကြမ်းဖက်သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း၊    ယင်းနောက်    သင်တန်း တက်ရောက်ပြီးသူများအား နိုင်ငံအတွင်း မြို့ကြီးများ သို့စေလွှတ်၍ အကြမ်းဖက်လုပ်ငန်းများ ညွှန်ကြားဆောင်ရွက်စေလျက်ရှိကြောင်း သိရှိရသည်။ 

 


ဧပြီ ၃၀ ရက်တွင်  လှိုင်သာယာမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ       ဆောင်ရွက်ခဲ့သော တရားခံများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ  စိုင်းဖြိုးကိုကိုနှင့် ရှိုင်းထက်အောင်တို့အပါအဝင်      တရားခံငါးဦး၏ ထွက်ဆိုချက်အရ    ကျိုက်ထိုမြို့နယ်    ကော်ကပ် ကျေးရွာအနီးရှိ   KNLA  တပ်မဟာ(၁)နယ်မြေတွင် အကြမ်းဖက်သင်တန်း    တက်ရောက်ခဲ့သူများဖြစ် ကြောင်း၊     KNLA တပ်မဟာ(၁)အနေဖြင့်    PDF အကြမ်းဖက်သမားများအား     လက်ခံထားရှိ၍ အကြမ်းဖက်သင်တန်းများ  ဖွင့်လှစ်သင်ကြားပေး ခြင်းအပြင် ၎င်းအဖွဲ့များနှင့်ပူးပေါင်း၍ တပ်မတော် စခန်းများ၊   ရင်းဌာနချုပ်များနှင့်ရဲစခန်းများအား ရှော့တိုက်ဒုံးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ အုပ်ချုပ်မှု ကိစ္စရပ်များ   ဆောင်ရွက်လျက်ရှိသော   တပ်မတော် သားများနှင့် မိသားစုဝင်များအား  အလစ်အငိုက်တိုက် ခိုက်သတ်ဖြတ်ခြင်းများ   ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 


ထို့ပြင်   ဇွန်လအတွင်း  ဖောက်ခွဲဖျက်ဆီးရေး သင်တန်းဖွင့်လှစ်ပြီး    အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ခင်ကျော်(UNRA)နှင့် ကိုကိုနိုင်(ခ)ဒေါန အပါအဝင်  အကြမ်းဖက်တရားခံ ၁၇၃ ဦးအား လက်နက်မျိုးစုံ ၁၃၁ လက်၊  လက်ပစ်ဗုံး ၅၅၉ လုံး၊ လက်လုပ်ဗုံး ၂၂၅၁၃ လုံး၊ ၄၀ မမဗုံးသီး ၁၄၇၃ လုံး၊ RPG  ဒုံးသီး ၁၄ လုံးအပါအဝင်    ဆက်စပ်ပစ္စည်း များနှင့်အတူ          ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားခံ ခင်ကျော်(UNRA)၊   ကိုကိုနိုင်(ခ) ဒေါနနှင့် ဆက်စပ်တရားခံများ၏      ထွက်ဆိုချက်များအရ ခင်ကျော်နှင့်  ကိုကိုနိုင်တို့သည်  KNLA တပ်မဟာ(၁)နယ်မြေ၊ ဝါးမြှီးခိုကျေးရွာအနီး၌   အခြေပြု၍  စခန်း ဆောက်လုပ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၊ CRPH တို့၏ စီစဉ်ထောက်ပံ့မှုဖြင့် ပြည်သူလူထု ထိခိုက်ပျက်စီးစေရန်နှင့်  အစိုးရအုပ်ချုပ်မှု ယန္တရား လည်ပတ်နိုင်မှုမရှိစေရေး    ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ကျူးလွန်ဆောင်ရွက်နိုင်ရန်အတွက် အကြမ်းဖက် PDF အဖွဲ့များအား အကြမ်းဖက်ဖောက် ခွဲရေးသင်တန်းများဖွင့်လှစ်ခဲ့ကြောင်း  သိရှိရသည်။

 

သင်တန်းနည်းပြများအနေဖြင့် KNLA တပ်မဟာ (၅) အဖွဲ့ဝင်များမှ         ဖောက်ခွဲဖျက်ဆီးရေးနှင့် လက်နက်ငယ်သင်ခန်းစာများအား သင်ကြားပေးခဲ့ပြီး လက်နက်ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ အား  ရောင်းချထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသဖြင့် ဇွန် ၂၄ ရက်တွင်  တပ်မတော်က UNRA အကြမ်း ဖက်သင်တန်းနေရာအား     နယ်မြေလုံခြုံရေးအရ လိုအပ်သည့်   လုံခြုံရေးလုပ်ငန်းများ   ဆောင်ရွက်ခဲ့သည်။

 


မတ် ၃၁ ရက်တွင်   တောင်ငူမြို့   အမေ့အိမ် ဟိုတယ်၌  အကြမ်းဖက် UNRA အဖွဲ့ဝင် တရားခံ မျိုးမြင့်အောင်(ခ)   အရှည်ကြီး(ခ)ဆံရှည်၊      ဩဂုတ် ၂၃ ရက်တွင်   ဒဂုံဆိပ်ကမ်းမြို့နယ်၌   Music Zone KTV ၊ ကမာရွတ်၊   မြောက်ဥက္ကလာနှင့်    သင်္ဃန်း ကျွန်းမြို့နယ်တို့ရှိ EPC ရုံးများ အပါအဝင် ရန်ကုန်မြို့ တွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့သော တရားခံများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ ဝေယံ သိန်း(ခ)ဗစ်တာနှင့်  နိုဝင်ဘာ ၁ ရက်တွင် တောင်ငူ မြို့၌   ဖမ်းဆီးရမိ တရားခံ ကျော်ကျော်(ခ) ကချင် ကျော်ကျော်တို့၏ ထွက်ဆိုချက်များအရ   ထန်းတပင် မြို့နယ်    တောကုန်းကျေးရွာ၏     အရှေ့ဘက် တောင်ကုန်းများ၌    ပြည်မြို့နယ်    NLD  ပါတီမှ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဟောင်း ကျော်ဇေယျ၏ ပြည်အကြမ်းဖက် PDF အဖွဲ့၊ တောင်ငူမြို့နယ် NLD ပါတီမှ အမှတ်(၂)တိုင်းဒေသ ကြီး    လွှတ်တော်ကိုယ်စားလှယ်ဟောင်း   မိုးမ‌ခ၏ တောင်ငူအကြမ်းဖက် PDF အဖွဲ့၊   ဖြူးမြို့နယ် NLD ပါတီမှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်အေးဝင်း၏ ဖြူးအကြမ်းဖက် PDF အဖွဲ့များ သည် KNLA တပ်မဟာ(၂)မှ စစ်ဆင်ရေးမှူးအဆင့်ရှိ မောင်ရွှေ နှင့်ညှိနှိုင်း၍ PDF အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်၍ အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက် ကာ အပြစ်မဲ့ပြည်သူများအား   လုပ်ကြံသတ်ဖြတ်ခြင်း များ ဆောင်ရွက်နေကြောင်း သိရှိရသဖြင့် တပ်မတော် က   နယ်မြေစိုးမိုးရေးဆောင်ရွက်ခဲ့ရာ  PDF အကြမ်း ဖက်စခန်းနေရာ ငါးနေရာအား  ဖော်ထုတ်သိမ်းပိုက် ရရှိခဲ့ပြီး အဆိုပါစခန်းများအတွင်းမှ အကြမ်းဖက် သမား   ငါးဦးအပါအဝင်    လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား   သိမ်းဆည်းရမိခဲ့သည်။

 


အဆိုပါဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် အရ KNLA တပ်မဟာ(၂)မှ လက်နက်ငယ်နှင့်ဖောက်ခွဲ ဖျက်ဆီးရေးသင်ခန်းစာများ  သင်ကြားပေးခဲ့ကြောင်း၊ ကျော်ဇေယျသည် PDF အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်တပ်ဆင်နိုင်ရန်အတွက် KNLA တပ်မဟာ (၅)မှ လက်နက် ၁၀၀ ခန့်     မှာယူထားရှိပြီး    ၎င်း လက်နက်များရောက်ရှိပါက      ဖြူး၊    အုတ်တွင်း၊ တောင်ငူနှင့် ပြည်အကြမ်းဖက် PDF အဖွဲ့များအား လက်နက်တပ်ဆင်ပေး၍     သက်ဆိုင်ရာမြို့များသို့ ပြန်လည်စေလွှတ်ကာ        အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ခိုင်းထားသူများနှင့် ချိတ်ဆက်၍ မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ        လုပ်ဆောင်သွားရန် 

စီစဉ်လျက်ရှိကြောင်း၊ အဆိုပါ PDF စခန်းများအတွက် လက်ပစ်ဗုံးများ ပြုလုပ်နိုင်ရန် လိုအပ်သည့်ကုန်ကြမ်း များနှင့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များအား KNLA တပ်မဟာ(၂)နှင့် KNU   တောင်ငူခရိုင်အုပ်ချုပ်ရေး အဖွဲ့ဝင် ဝကြီးတို့မှ  ချိတ်ဆက်ဝယ်ယူ ထောက်ပံ့ပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 


မေ ၂၄ ရက်တွင် အလုံမြို့နယ်ရှိ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံးရှေ့တွင်        မိုင်းဖောက်ခွဲခြင်း ဆောင်ရွက်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ တရားခံ ဌေးမင်းအောင်ပါ လေးဦး၏ ထွက်ဆိုချက် အရ ၎င်းတို့အနေဖြင့် KNLA တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်အတွင်း၌    ဖောက်ခွဲဖျက်ဆီးရေး သင်တန်း  တက်ရောက်ခဲ့သူများဖြစ်ကြောင်း၊  KNLA တပ်မဟာ(၃)အဖွဲ့ဝင်များအနေဖြင့်    PDF အကြမ်း ဖက်သမားများအား   စစ်သင်တန်းနှင့်  ဖောက်ခွဲရေး သင်တန်းများ   သင်ကြားပေးသည့်အပြင်  ထွက်ပြေး တိမ်းရှောင်သူများကိုပါ လက်ခံထားရှိကြောင်း သိရှိရသည်။

 


နိုဝင်ဘာ ၁၄ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ Hotel 46 ၌ ရန်ကုန်မြို့အတွင်း အကြမ်း ဖက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ  ဆောင်ရွက် လျက်ရှိသော    တရားခံများ    ဖမ်းဆီးရမိမှုဖြစ်စဉ်မှ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ တရား ခံ မြတ်သူ(ခ)နတ်ဆိုးနှင့် Mytel ရုံးချုပ်မှ ဦးသိန်း အောင်အား   လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် ဖမ်းဆီးရမိတရားခံ စစ်ဇော်ကံ(ခ)ဟန်သာထွန်းတို့၏ ထွက်ဆိုချက်အရ  ၎င်းတို့သည်  ကြာအင်းဆိပ်ကြီး မြို့နယ်အနီး တပ်မဟာ(၆)တွင် PDF အကြမ်းဖက် သင်တန်းအား   တက်ရောက်ခဲ့ပြီး  အဆိုပါသင်တန်း ဆင်းပွဲသို့    CRPH/ NUG     အကြမ်းဖက်အဖွဲ့၏ တောင်ပိုင်း PDF အကြမ်းဖက်အဖွဲ့ တာဝန်ခံ လွင်ကို လတ်နှင့် KNLA မှ ရင်းမှူး အဆင့်ရှိ စောရန်နိုင် တို့ လာရောက်ခဲ့ကြောင်း သိရှိရသည်။

 


ထို့ပြင်     နိုဝင်ဘာ ၁၆ ရက်တွင် သင်္ဃန်း ကျွန်းမြို့နယ်၌    ဖမ်းဆီးရမိခဲ့သော အောင်ကိုဦး၏ ထွက်ဆိုချက်အရ    ၎င်းသည် KNLA တပ်မဟာ(၆)၊ ရင်း(၁၈)လှုပ်ရှားနယ်မြေ  (ဘော်ဒိုင်းခွင်)တွင်   မေ ၅ ရက်မှ   ဇွန် ၂၀ ရက်အထိ    ဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်း    အမှတ်စဉ်(၃)အား   တက် ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းမှ  သင်တန်းဆင်း များဖြင့် KNLA တပ်မဟာ(၆)၊ ရင်း(၁၆)လှုပ်ရှားနယ် မြေ(အံဖခွင်) သဲဖြူချောင်းအနီးတွင် ဇူလိုင်လ ၂၂ ရက်မှ ဩဂုတ်လ ၃၀ ရက်အထိ SOF အကြမ်းဖက် သင်တန်းအား    ရက် ၄၀ ရက်ကြာ   ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင်  အမေရိကန်နိုင်ငံသားခံယူထားသူ လင်းလင်း(ခ) မစ္စတာဘော့မှ    မြို့ပြပြောက်ကျား စစ်နည်းဗျူဟာများ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။ 

 


နိုဝင်ဘာ ၁၃ ရက်တွင်     ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ  တံတားထိပ်၌ လက်နက်ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိသည့် စောညီညီမင်းထက်နှင့် ဇင်ကိုကိုတို့၏   ထွက်ဆိုချက်အရ   ဘုရားသုံးဆူမြို့၊ မက္ကသာကျေးရွာရှိ KNLA တပ်မဟာ(၆)ဌာနချုပ် နေရာတွင်    အကြမ်းဖက်သင်တန်းအား   ဇူလိုင်လ လယ်ခန့်အထိ တက်ရောက်ခဲ့ကြောင်း၊   နိုဝင်ဘာ ၁၇ ရက်တွင်    ဘားအံမြို့၊   ပညာရေးဒီဂရီကောလိပ် အနီး  လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် ဝေယံဖြိုးနှင့် ဇေယျာလွင်တို့၏ ထွက်ဆိုချက်အရ မြဝတီမြို့၊ လေးကစ်ကော်မြို့သစ်အနီးတွင် KNLA တပ်မဟာ(၆)မှ ဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲ ရေးသင်တန်းသို့  နှစ်ပတ်ခန့်   တက်ရောက်ခဲ့ကြောင်း၊ စက်တင်ဘာ  ၁၁ ရက်တွင်          ဘားအံမြို့နယ်၊ လွန်းညကျေးရွာ၊     ဒေါနအောင်မြေဆီဆိုင်ရှေ့တွင် ဖမ်းဆီးရမိသည့်   နိုင်လင်းထွန်း၏ ထွက်ဆိုချက်အရ မြဝတီမြို့နယ်၊         လေးကစ်ကော်မြို့သစ်အနီးရှိ ရေတံခွန်စခန်းနှင့် ဒေါနတောင်အရှေ့ဘက်ခြမ်းရှိ ဒေသအခေါ် တာဘိုးခီးစခန်းတို့တွင်   တပ်မဟာ(၆)မှ ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းအား တက် ရောက်ခဲ့ပြီး မိုင်းပြုလုပ်နည်းများအား လက်တွေ့ပြု လုပ်လေ့ကျင့်ခဲ့ရကြောင်း သိရှိရသည်။

 


နိုဝင်ဘာ ၁၉ ရက်တွင်     ဖမ်းဆီးရမိခဲ့သည့် ရန်ကုန်မြို့အတွင်း    အကြမ်းဖက်လုပ်ငန်းများအား ကြိုးကိုင်ဆောင်ရွက်လျက်ရှိသော     NLD ပါတီမှ ဇမ္ဗူသီရိမြို့နယ်၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်း မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆို ချက်အရ   ရန်ကုန်တိုင်းဒေသကြီးအတွင်း   အကြမ်း ဖက်လုပ်ရပ်များ    ဆောင်ရွက်လျက်ရှိသော  ဖမ်းဆီး ရမိ  တရားခံများမှာ KNLA တပ်မဟာ(၆)မှ ရင်းမှူး အဆင့်ရှိ စောရန်နိုင် ထံတွင် အကြမ်းဖက်ဖောက်ခွဲ ရေးသင်တန်းများ       တက်ရောက်ခဲ့ကြောင်းနှင့် သိမ်းဆည်းရမိခဲ့သော     လက်နက်/ခဲယမ်းများအား CRPH/NUG အကြမ်းဖက်အဖွဲ့၏    တောင်ပိုင်း PDF အကြမ်းဖက်အဖွဲ့တာဝန်ခံ          လွင်ကိုလတ်နှင့် မြောက်ပိုင်း PDF အကြမ်းဖက်တာဝန်ခံ  ရည်မွန် တို့မှ  ဝယ်ယူပြီး KNLA အဖွဲ့များနှင့်  ချိတ်ဆက်၍ KNU နယ်မြေများမှတစ်ဆင့်  ကုန်းလမ်းကြောင်း/ ရေလမ်းကြောင်းများဖြင့်    ပို့ဆောင်ပေးခဲ့ခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။

 


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ KNLA တပ်မဟာ(၆)အနေဖြင့်       ၎င်းတို့လှုပ်ရှားရာ နယ်မြေအတွင်း၌   PDF အကြမ်းဖက်အဖွဲ့များအား လက်ခံထားရှိ၍  ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ သင်ကြားပေးသည့်အပြင်      အဆိုပါအဖွဲ့များနှင့် ပူးပေါင်း၍ တပ်မတော်စစ်ကြောင်းများနှင့် တပ်စခန်း များအား    နှောင့်ယှက်ပစ်ခတ်ခြင်း၊     မိုင်းထောင် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊    ထိုကဲ့သို့ လုပ်ဆောင်ရန်အတွက်KNLA တပ်မဟာ(၆)မှ ရင်းမှူး အဆင့်ရှိ  စောရန်နိုင်အနေဖြင့် NUG ၊ CRPH နှင့် ပြည်ပအထောက်အပံ့များရယူ၍   ၎င်းတို့အား လက်ခံထားရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

 


မေ ၁၂ ရက်တွင်   ပို့ပို့ရွှေဆိုင်အား လုယက်မှု ကျူးလွန်ခဲ့သည့်  တရားခံများ  ဖမ်းဆီးရမိမှုဖြစ်စဉ်မှ တရားခံ ဖြိုးဝေလင်း(ခ)ကိုဂျက်နှင့် ညီညီလွင် တို့၏ ထွက်ဆိုချက်များအရ     ၎င်းတို့အနေဖြင့်   KNLA တပ်မဟာ(၇)    ငှက်ပျောတောစခန်းတွင်    သင်တန်း တက်ရောက်ခဲ့သူများဖြစ်ကြောင်း၊ သင်တန်းတက် ရန်သွားရောက်စဉ် KNLA တပ်မဟာ(၇) တပ်မဟာ မှူးအဆင့်ရှိ စောဖောဒိုသည် မြဝတီမြို့နယ်၊ ထိဝါ ပလောကျေးရွာမှ မော်တော်ယာဉ် ၁ စီးဖြင့် ငှက်ပျော တောစခန်းသို့      လိုက်ပါပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းစခန်းတွင်      သင်တန်း ၂ ပတ်ခန့် တက်ရောက် ခဲ့ကြောင်း၊   အဆိုပါအကြမ်းဖက်သင်တန်းများအား CRPH / NUG အကြမ်းဖက်အဖွဲ့၏ ထောက်ပံ့မှုဖြင့် စောဖောဒိုမှ လက်ခံဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် သင်တန်းတက်ရောက်ပြီး   နေရပ်အသီးသီး သို့ ပြန်လည်ရောက်ရှိပါက  CRPH/ NUG မှ  ခန့်အပ် ထားသည့်    ခေါင်းဆောင်များနှင့်    ချိတ်ဆက်ကာ အကြမ်းဖက်လုပ်ငန်းများအား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 


အထက်ပါဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်များအရ CRPH/NUG အကြမ်းဖက်အဖွဲ့အနေဖြင့် ၎င်းတို့၏     စီစဉ်ထောက်ပံ့မှုဖြင့်    တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများအတွင်း   ဖွင့်လှစ်သည့် အကြမ်းဖက်နှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ သို့ NLD ပါတီဝင်/အမာခံများ၊ CDM ပြုလုပ်သူများနှင့် အစွန်းရောက်လူငယ်များအား တက်ရောက်စေခဲ့ပြီး သင်တန်းတက်ရောက်ပြီးသူများ  သက်ဆိုင်ရာ   မြို့ အသီးသီးသို့ ပြန်လည်ရောက်ရှိချိန်တွင် ၎င်းတို့အဖွဲ့မှ ခန့်အပ်ထားသည့်  အကြမ်းဖက်ခေါင်းဆောင်များမှ တစ်ဆင့်  လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများထောက်ပံ့မှုဖြင့်       နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့်  ပြည်သူလူထု စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားစေရန်  ရည်ရွယ်၍ ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများ      ဆောင်ရွက်စေခြင်း၊ အေးချမ်းစွာနေထိုင်လိုသော    ဒေသခံပြည်သူများ၊ အစိုးရဌာနဆိုင်ရာများနှင့်   နီးစပ်သူများအား သူလျှို/ ဒလန်ဟုစွပ်စွဲကာ  လုပ်ကြံသတ်ဖြတ်စေခြင်း၊ လုံခြုံ ရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းတို့အပြင်   ပညာ ရေးဝန်ထမ်း    ဆရာ/ဆရာမများနှင့်   အေးချမ်းစွာ ပညာသင်ကြားလိုသော     ကျောင်းသား/ကျောင်းသူ များအား  စိုးရိမ်ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ် ၍ စာသင်ကျောင်းများအား ဖောက်ခွဲဖျက်ဆီးခြင်း/ မီးရှို့ဖျက်ဆီးခြင်းစသည့်   အကြမ်းဖက်လုပ်ရပ်များ အား ဆောင်ရွက်စေခဲ့ကြောင်း သိရှိရသည်။

 


သို့ဖြစ်ပါ၍ အကြမ်းဖက်လုပ်ငန်းများအား လုပ် ဆောင်နိုင်ခြင်းမရှိစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့်     နယ်မြေလုံခြုံရေးလုပ်ငန်းများအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးကို  နှောင့်ယှက်ဖျက်ဆီး သည့် အကြမ်းဖက်သမားများအား  ဖော်ထုတ်ဖမ်းဆီး အရေးယူမှုများ    ဆက်လက်ဆောင်ရွက်သွားမည့် အပြင်  အားပေးအားမြှောက်ပြုသူများ၊ နောက်ကွယ်မှ ထောက်ပံ့စေခိုင်းသူများကိုလည်း          ဥပဒေအရ ထိရောက်စွာ     အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်