
နေပြည်တော် နိုဝင်ဘာ ၂၅
မွန်ပြည်နယ် ရေးမြို့နယ်၌ ဘဏ္ဍာငွေများတင်ဆောင်လာသည့်မော်တော်ယာဉ်များအား လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက လုယက်ယူဆောင်ရန် နိုဝင်ဘာ ၂၄ ရက်တွင် လက်နက်ငယ်များဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ လိုက်ပါပြီး မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၁)မှ ရေးမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ပို့ဆောင်မည့် ဘဏ္ဍာငွေများ တင်ဆောင်ထားသည့် မော်တော် ယာဉ်နှစ်စီးသည် မော်လမြိုင်မြို့မှ ရေးမြို့သို့ မော်လမြိုင်-ရေးကား လမ်းအတိုင်း ထွက်ခွာခဲ့ရာ ကနင်ကမော့ ကျေးရွာအနီး အရောက် လက်နက်ကိုင်သောင်း ကျန်းသူအဖွဲ့နှင့် PDF အကြမ်း ဖက်အဖွဲ့ပူးပေါင်းအဖွဲ့က လမ်း၏ ဝဲဘက် တောင်ကုန်းပေါ်နေ၍ လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဘဏ္ဍာ ငွေများ သယ်ဆောင်လာသည့် ယာဉ်ပေါ်တွင် လိုက်ပါလာသော လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အဆိုပါ အကြမ်းဖက်အဖွဲ့ များမှာ ကနင်ကမော့ကျေးရွာနှင့် နှစ်ကရင်ကျေးရွာများဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
ပစ်ခတ်တိုက်ခိုက်
ထိုကဲ့သို့ ဘဏ္ဍာငွေများ သယ် ဆောင်လာသည့် မော်တော်ယာဉ် များအား အကြမ်းဖက်အဖွဲ့များက လုယက်ရန်အတွက် ပစ်ခတ်တိုက် ခိုက်ခဲ့မှုဖြစ်စဉ်အတွင်း ယာဉ် မောင်း အမျိုးသားတစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကာ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးတွင် ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိ ခဲ့ပြီး မော်တော်ယာဉ်တစ်စီး၏ လေကာမှန် ကျည်ထိမှန် ပျက်စီး ခဲ့ကြောင်းနှင့် အဆိုပါငွေသယ် ယာဉ်များသည် ဆက်လက် ထွက်ခွာလာခဲ့ရာ ရေးမြို့သို့ ည ၆ နာရီ မိနစ် ၄၀ တွင် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်