တောင်ကြီးမြို့၌ ငွေကျပ် ၂ ဒသမ ၂၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်    နိုဝင်ဘာ   ၂၅


ရှမ်းပြည်နယ် (တောင်ပိုင်း)       တောင်ကြီးမြို့တွင် ငွေကျပ်  ၂ ဒသမ ၂၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ    ဖမ်းဆီးရမိခဲ့ကြောင်း    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ    မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီတွင် တောင်ကြီး မြို့    လမ်းမတော်ရပ်ကွက်   ဘုရင့်နောင်လမ်းတွင် အောင်ကျော်မင်း(ခ)အန်းဒြူး(၃၃ နှစ်) မောင်းနှင်ပြီး စိုင်းဦးမောင်(ခ)စိုင်းမောင်(၁၉ နှစ်) လိုက်ပါလာသော FUSO အမျိုးအစား ခြောက်ဘီးယာဉ်ကို သတင်း အရရှာဖွေရာ ဒေသကာလတန်ဖိုးငွေ ကျပ် ၂ ဒသမ ၂၁ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း)  ၁၁၂ ကီလိုနှင့်     စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းတို့ကို   သိမ်းဆည်းရမိခဲ့သဖြင့်   ၎င်းတို့ နှစ်ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား     ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်