
နေပြည်တော် နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နိုဝင်ဘာ ၂၆ ရက်က မီးပလပ်ခုံအပူလွန်ကဲရာမှ အထူးကုဆေးခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၃)ရပ်ကွက်ရှိ “အေးချမ်းစံ” အထူးကုဆေးခန်း၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သဖြင့် စိစစ်ခဲ့ရာ အဆိုပါဆေးခန်းမှ မန်နေဂျာဖြစ်သူ (၄၃)ရပ်ကွက်နေ တင်ထွဋ်အောင်(၃၅ နှစ်)သည် ဆေးခန်း၌ ရှိနေစဉ် ဆေးခန်းအတွင်းရှိ မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မွေ့ရာတစ်ခု မီးလောင်ဆုံးရှုံးခဲ့သဖြင့် တင်ထွဋ်အောင်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား