မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်  နိုဝင်ဘာ  ၂၇


မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲတွင် မောင်တော မြို့နယ် ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် ဘူးသီးတောင် မြို့မှ ကြိမ်ချောင်းကျေးရွာဘက်သို့ ခင်မောင်အေး မောင်းနှင် လာသည့် အုတ်သယ်ယာဉ်အား သတင်းအရရှာဖွေရာ ဒေသ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၂၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်စစ်ဆေး  ဖော်ထုတ်ချက်အရ နံနက် ၁၀ နာရီတွင် မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာအနီး၌ စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင် သူများဖြစ်သည့် ထွန်းထွန်းလှိုင်၊ ညီညီထွန်းတို့ကို ဆိုင်ကယ် နှစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား  ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ ကို  ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။


သတင်းစဉ်