နမ့်စန်နှင့် ခိုလမ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  နိုဝင်ဘာ  ၂၇  


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင်  နမ့်စန်မြို့နယ်  ခိုလမ်မြို့  နားပွဲကျေးရွာအုပ်စု  နားပွဲကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အိုက်လွတ် မောင်းနှင်လာသော ဆိုင်ကယ်နှင့် အိုက်တောင်း မောင်းနှင် လာသော   ဆိုင်ကယ်တို့ကို    ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၂ ကီလို၊ ဘိန်းစိမ်း ၃၅ ကီလို၊ စုစုပေါင်း ဘိန်းစိမ်း ၅၇ ကီလိုနှင့် ငွေကျပ် ၈၈ ဒသမ ၈ သိန်းတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော  ဆေးဝါးများဆိုင်ရာ  ဥပဒေအရ  အရေးယူထား ကြောင်း သိရသည်။                                          

ရဲပြန်ကြား