
နေပြည်တော် နိုဝင်ဘာ ၂၈
NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကို မလိုလား သော ပြည်သူများ၏ သတင်းပေးမှုများကြောင့် နိုဝင်ဘာ ၆ ရက်တွင် ခိုင်စိုး(၄၈)နှစ်အား ကျိုက်လတ်မြို့နယ် ကျုံသီဝကျေးရွာရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခိုင်စိုး၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၇ ရက်တွင် ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာ ၌ ပြည့်ဖြိုးအောင် (ခ) ကိုပြည့် (၂၈ နှစ်) ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ နိုဝင်ဘာ ၈ ရက်တွင် ကျိုက်လတ်မြို့နယ် သမက်ပြေကျေးရွာ၌ သန့်ဇင်(ခ)ကုလား(၄၉နှစ်)နှင့် ဟိန်းကို (၂၃နှစ်)တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခိုင်စိုး၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၁၀ ရက်တွင် ကျိုက်လတ်မြို့နယ် ကျုံသီဝ ကျေးရွာ၌ သန်းသန်းဦး (၅၃နှစ်)နှင့် ကျိုက်လတ်မြို့ (၅)ရပ်ကွက် (၁၆/၁၇)လမ်း အမှတ်(၂၂၂)၌ အောင်အောင်ဦး (၄၀နှစ်) တို့ကို လည်းကောင်း၊ နိုဝင်ဘာ ၁၁ ရက် တွင် ကျိုက်လတ်မြို့နယ် ရွှေလှေ ရိုးကျေးရွာ၌ မြင့်မြင့်စီ (၄၆နှစ်)ကို လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် ရွှေလှေရိုးကျေးရွာ၌ မြင့်မြင့်ရီ (၄၃နှစ်)ကို လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက် အရ နိုဝင်ဘာ ၁၄ ရက်တွင် ပဲခူး တိုင်းဒေသကြီး ဝေါမြို့နယ် စစ်တောင်းတံတား (မုပ္ပလင်)စစ်ဆေးရေးဂိတ်၌ ကျိုက်လတ် မြို့နယ် PDF အကြမ်းဖက်အဖွဲ့မှ ထွဋ်နောင်ဦး(ခ)စီးဖိန် (၂၃နှစ်)၊ ချမ်းမြေ့သူ(ခ)ကြက်ကြီး (၂၆နှစ်) နှင့် မျိုးကိုကို (၂၁နှစ်)တို့ သုံးဦး ကို ဖမ်းဆီးရမိခဲ့ပြီး ချမ်းမြေ့သူ (ခ)ကြက်ကြီး၏ ထွက်ဆိုချက် အရ နိုဝင်ဘာ ၁၅ ရက်တွင် ကျိုက်လတ်မြို့ ဘုံလုံချောင်း တံတားအနီး၌ အောင်သူ (၃၇နှစ်) ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ကျိုက်လတ် မြို့နယ် သပြေတန်းကျေးရွာ အနောက်ဘက် လယ်ကွင်းအတွင်း ၌ COLT DEFENDER အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်း ကျည် ၁၅ တောင့်၊ ကျည်အိမ်တစ် ခုအား သိမ်းဆည်းရမိခဲ့သည်။
တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန်၏ ထွက်ဆိုချက်အရ နိုဝင် ဘာ ၁၅ ရက်တွင် ဒေးဒရဲ မြို့နယ် ကျိုက်လတ်မြစ်ကမ်းအနီး မိချောင်းအိုင်ကျေးရွာ ချောင်းဝ တွင် RETAY MOD 92 အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်း ကျည် ငါးတောင့်၊ ကျည်အိမ်တစ်ခု အား သိမ်းဆည်းရမိခဲ့ပြီး နိုဝင် ဘာ ၁၆ ရက်တွင် ကျိုက်လတ်မြို့ (၃)ရပ်ကွက် (၇)လမ်းနှင့် (၈)လမ်း ထောင့်ရှိ စိန်ဖုန်းရောင်းဝယ်ရေး ဆိုင်၌ သဉ္ဇာလင်း (၂၃နှစ်)ကို ဖမ်းဆီးရမိခဲ့သည်။
တရားခံ မြင့်မြင့်စီ၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၁၇ ရက်တွင် ကျိုက်လတ်မြို့နယ် ခမုံကျေးရွာ ၌ ဗညားအောင် (၂၄နှစ်)နှင့် ဘိုကလေးမြို့နယ် သူဌေးကုန်း ကျေးရွာ၌ တင်အောင်မိုး (၅၀နှစ်)တို့နှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန်၏ ထွက်ဆိုချက်အရ နိုဝင် ဘာ ၁၇ ရက်တွင် ကျိုက်လတ် မြို့နယ် ကျုံတုံးလက်ပံကျေးရွာ၌ မျိုးသန့်ဦး(၅၁နှစ်)ကို ဖမ်းဆီး ရမိခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် ကျုံသီဝကျေးရွာရှိ ခိုင်စိုး၏နေအိမ် မှ စနိုက်ပါ မှန်ပြောင်း တစ်ခု၊ လက်လုပ်မိုင်း နှစ်လုံး၊ TNT ယမ်း တောင့် ငါးတောင့်၊ ဒီတိုနေတာ ငါးချောင်းနှင့် အခြားဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိ ခဲ့ကာ ဖျာပုံမြို့ (၁၈)ရပ်ကွက် ဗိုလ်မြတ်စံလမ်း၌ ကျော်ဇော ဟိန်း(ခ)ထော်လေး (၂၂နှစ်)နှင့် ငြိမ်းချမ်းဦး (၂၃နှစ်)တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန်၏ ထွက်ဆိုချက်အရ နိုဝင် ဘာ ၁၉ ရက်တွင် ကျိုက်လတ် မြို့နယ် ပရိုက်ကြံခင်းအုပ်စု စခန်းကြီးကျေးရွာ ချောင်းအစပ်၌ ဆာလာအိတ်နှင့် ထည့်ထားသော လက်လုပ်လေသေနတ် နှစ်လက် အား သိမ်းဆည်းရမိခဲ့ပြီး တရားခံ ငြိမ်းချမ်းဦး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၉ ရက်တွင် ဖျာပုံမြို့ (၁)ရပ်ကွက် ဓနိတော(၁)လမ်း ဖျာပုံတံတားအောက်၌ သိန်းတန် (၅၅နှစ်)နှင့် ခင်ဇော် (၄၉နှစ်)တို့ နှစ်ဦးကို လည်းကောင်း၊ တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန်၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၂၁ ရက်တွင် ဖျာပုံမြို့နယ် ဒေါ်ညိမ်းအုပ်စု ဗန်ဒါပင်ကျေးရွာ၌ ချစ်ကိုကို (၃၀နှစ်)ကို လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၁၇ ဦး၊ မ လေးဦး၊ ပေါင်း ၂၁ ဦး ကို ပစ္စတို နှစ်လက်၊ ၎င်းကျည် အတောင့် ၂၀၊ ကျည်အိမ် နှစ်ခု၊ လက်လုပ်လေသေနတ် နှစ်လက်၊ စနိုက်ပါ မှန်ပြောင်းတစ်ခု၊ လက်လုပ်မိုင်း နှစ်လုံး၊ TNT ယမ်း ငါးတောင့်၊ ဒီတိုနေတာ ငါးချောင်း၊ အခြား ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက် အရ ဧပြီ ၁၂ ရက်မှ မေ ၂၀ ရက် အထိ ထွဋ်နောင်ဦး(ခ)စီးဖိန်၊ ချစ်ကိုကို၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော နေနိုင်(ခ)ကိုသက်၊ ကောင်းထက်လင်း၊ နေမျိုးအောင်၊ ဆန်းလင်း(ခ)ဆန်းလင်းအောင်နှင့် အောင်အောင် ကျော်တို့သည် မိုးညှင်းမြို့နယ်ရှိ KIA တပ်မဟာ(၈)တွင် အကြမ်း ဖက်သင်တန်း တက်ရောက်ခဲ့ ကြောင်း၊ သင်တန်းဆင်းပြီးနောက် ထွဋ်နောင်ဦး(ခ)စီးဖိန်၊ နေနိုင်(ခ)ကိုသက်နှင့် ဆန်းလင်း(ခ)ဆန်းလင်းအောင်တို့သည် ဇူလိုင် ၂၀ ရက်ခန့်တွင် ဖောက်ခွဲရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁)အား ဖမ်းဆီးရန်ကျန် တရားခံ ဆန်ဇာ၊ ဗလကြီး၊ လပြည့်၊ ဒူးရှည်၊ ခေါကြီးနှင့် ကြက်ခေါင်းတို့ ခြောက်ဦးကို ကျိုက်လတ်မြို့နယ် ကျုံသီဝကျေးရွာရှိ ခိုင်စိုး၊ သန်းသန်းဦးတို့၏နေအိမ်၌ ၆ ရက် ခန့် သင်ကြားပေးခဲ့ကြောင်းနှင့် ဇူလိုင်လ စတုတ္ထပတ်ခန့်တွင် ဖောက်ခွဲရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၂) နှင့် (၃) တို့ကို မျိုးကိုကို၊ ဖမ်းဆီးရန်ကျန် တရား ခံ ဂျိုကာ(ခ)ဂျိုကြီး အပါအဝင် ၁၄ ဦးတို့အား သင်ကြားပေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ဩဂုတ်လ ပထမပတ်တွင် ဖောက်ခွဲရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၄)ကို သန့်ဇင်(ခ)ကုလား၊ ဟိန်းကိုနှင့် ဖမ်းဆီးရန် ကျန် တရားခံ ကျော်ကြီး(ခ)ကျော်သူ၊ အောင်ကိုမင်းတို့ လေးဦးကို သမက်ပြေကျေးရွာ တွင် လည်းကောင်း၊ ဩဂုတ် ဒုတိယပတ်တွင် ဖောက်ခွဲရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၅)အား ကျုံတုံးလက်ပံကျေးရွာရှိ မျိုးသန့်ဦး၏ နေအိမ်တွင် လည်းကောင်း သင်ကြားပေး ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက် အရ ဇွန် ၂၉ ရက်တွင် ထွဋ်နောင်ဦး (ခ)စီးဖိန်၊ ပြည့်ဖြိုး အောင် (ခ) ကိုပြည့်၊ ချမ်းမြေ့သူ (ခ)ကြက်ကြီး၊ နေနိုင်(ခ)ကိုသက် တို့မှ ဦးဆောင်၍ ကျိုက်လတ် မြို့နယ် PDF အကြမ်းဖက်အဖွဲ့ အား ဖွဲ့စည်း၍ ဖျာပုံခရိုင် PDF အကြမ်းဖက်အဖွဲ့တာဝန်ခံအဖြစ် ထွဋ်နောင်ဦး (ခ) စီးဖိန်၊ ဖျာပုံ မြို့နယ် တာဝန်ခံအဖြစ် ဖမ်းဆီး ရန်ကျန် အောင်သူ၊ ဘိုကလေး မြို့နယ်တာဝန်ခံအဖြစ် ဖမ်းဆီးရန် ကျန် ကိုဂျစ်တို့ဖြင့် ဖွဲ့စည်းခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက် အရ မြင့်မြင့်စီ၊ မြင့်မြင့်ရီ၊ ဗညား အောင်၊ တင်အောင်မိုးနှင့် အောင်သူတို့သည် PDF အကြမ်း ဖက်အဖွဲ့ဝင်များကို လိုအပ်သော ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက်ရှိပြီး ကျော်ဇောဟိန်း(ခ)ထော်လေး၊ ငြိမ်းချမ်းဦး၊ သိန်းတန် နှင့် ခင်ဇော်တို့သည် ထွဋ်နောင်ဦး (ခ) စီးဖိန်ထံတွင် အကြမ်းဖက် ဖောက်ခွဲရေး ဆင့်ပွားသင်တန်း တက်ရောက်၍ ဖျာပုံမြို့နယ် အတွင်း အကြမ်းဖက်လုပ်ငန်း များ ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
ချိတ်ဆက်ဝယ်ယူခဲ့
တရားခံ ထွဋ်နောင်ဦး (ခ)စီးဖိန်၏ ထွက်ဆိုချက်အရ ဇွန်လ အတွင်း ကျုံသီဝကျေးရွာနေ ၎င်း၏နေအိမ်၌ လက်လုပ်မိုင်း များ ပြုလုပ်ခဲ့ကြောင်း ဇူလိုင်လ တွင် ဖမ်းဆီးရန်ကျန် တရားခံ ဂျပန်ကြီး(ခ)အောင်ခန့်ဇော် ထံမှ ပစ္စတို သေနတ် ၂ လက်၊ ကျည် အတောင့် ၂၀၀၊ ကျည်အိမ် ၂ ခု တို့အား ငွေကျပ်သိန်း ၅၀ ဖြင့် ချိတ်ဆက် ဝယ်ယူခဲ့ကြောင်း၊ အောင်အောင်ဦးသည် စက်တင် ဘာလတွင် တောင်ကြီးမြို့မှ ဝယ်ယူခဲ့သော Air Gun ၁ လက် အား ၎င်းထံသို့ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အပြစ်မဲ့ပြည်သူအချို့ ထိခိုက်
တရားခံ ထွဋ်နောင်ဦး (ခ)စီးဖိန်၏ ထွက်ဆိုချက်အရ နေနိုင် (ခ) ကိုသက်နှင့်အတူ ဇွန် ၁၂ ရက် တွင် ကျိုက်လတ်မြို့ (၁)ရပ်ကွက် ရှိ (အထက-၁) ကျောင်းဝင်း၌ လက်လုပ်မိုင်း ၁ လုံးအားလည်း ကောင်း၊ ဇွန် ၂၉ ရက်တွင် (၁) ရပ်ကွက် ကျိုက်လတ် - ဖျာပုံ ကားလမ်းဘေး (အထက-၁)ကျောင်းရှေ့ ခြံစည်းရိုးအပြင်ဘက် ၌ လက်လုပ်မိုင်း ၂ လုံးကိုလည်း ကောင်း၊ (၃)ရပ်ကွက် ကန်တော် ကြီးလမ်း မြို့နယ်ပညာရေးမှူးရုံး အနောက်ဘက်စတိုခန်းဘေး၌ လက်လုပ်မိုင်း ၁ လုံးကိုလည်း ကောင်း၊ (၁)ရပ်ကွက် ကျိုက် လတ်-ဖျာပုံ ကားလမ်းဘေး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေး ဂိတ်၌ လက်လုပ်မိုင်း ၁ လုံးအား လည်းကောင်း ဖောက်ခွဲခဲ့ရာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှ အပြစ်မဲ့ပြည်သူအချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖောက်ခွဲဖျက်ဆီးမှု ၇ကြိမ်ပြုလုပ်
ထို့ပြင် ထွဋ်နောင်ဦး (ခ)စီးဖိန်နှင့် ပြည့်ဖြိုးအောင်(ခ)ကိုပြည့်တို့ ၂ ဦးသည် အောက်တို ဘာ ၃ ရက်တွင် ဒေးဒရဲမြို့နယ် ချောင်းဖျားကြီးကျေးရွာရှိ မြို့ အဝင် ဆိုင်းဘုတ်အနီး၌ လက်လုပ် မိုင်း ၁ လုံးကိုလည်းကောင်း၊ အောက်တိုဘာ ၁၀ ရက်တွင် ကျိုက်လတ်မြို့ (၂)ရပ်ကွက် (၂)လမ်းရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့၌ လက်လုပ်မိုင်း ၃ လုံးကိုလည်း ကောင်း၊ ပြည့်ဖြိုးအောင် (ခ)ကိုပြည့်နှင့် ဒူးရှည်တို့ ၂ ဦးသည် အောက်တိုဘာ ၂၀ ရက်တွင် ကျိုက်လတ်မြို့နယ် ဒေါင့်ကြီး ကျေးရွာရှိ Mytel တာဝါတိုင်ကို လက်လုပ်မိုင်း ၁ လုံးဖြင့်လည်း ကောင်း ဖောက်ခွဲခဲ့ကြောင်းနှင့် ဖောက်ခွဲဖျက်ဆီးမှု စုစုပေါင်း ၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သဉ္ဇာ လင်း၊ အောင်အောင်ဦး၊ ထွန်းထွန်း၊ ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သော နေခြည်အေးမြင့်၊ ဂျစ်တူး(ခ)ဝေမာလွင်(ဘိုကလေး မြို့နယ် NLD ပါတီဝင်)နှင့် သန်းထိုက်ဦး (ကျိုက်လတ်မြို့ နယ် NLD ပါတီဝင်)တို့မှ အကြမ်း ဖက်လုပ်ငန်းများ ဆောင်ရွက်ရန် Mission များ သတ်မှတ်၍ ထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
သတင်းပေး တိုင်ကြားနိုင်
အထက်ပါ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက် ကြရန်နှင့် ဆက်စပ်တရားခံများ အား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ဆုငွေများ ချီးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
သတင်းစဉ်