
နေပြည်တော် နိုဝင်ဘာ ၂၈
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေးဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့ကိုဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများနှင့် ပုဂ္ဂလိက ပိုင် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက် ရှိသည်။
ထိုသို့အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက် အထိ နိုင်ငံတော်ပိုင်ပစ္စည်း ၁၅၁ ခုနှင့် ပုဂ္ဂလိကပိုင် ပစ္စည်း ၇၉ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါ အတိုင်း တွေ့ရှိရသည်-
အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများအား ယခုကဲ့သို့ မိုင်းထောင် ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြ ပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံသတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်