ကျူးကျော်စစ်ပွဲများမှ အတိတ်သမိုင်းသင်ခန်းစာများ (၂)

Type

မြင့်မြတ် 
=====

 

အဖြေရှာခက်ဆဲ လစ်ဗျားပြည်တွင်းစစ်က 
ပေးသောသင်ခန်းစာ 
အတိတ်ရဲ့ အရိပ်ဟာ ပစ္စုပ္ပန်အပြောင်းအလဲ အပေါ် ထင်ဟပ်စမြဲ ဖြစ်ပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ    သုံးပါးစလုံးမှာ    နိုင်ငံတော်နဲ့ တိုင်းရင်းသား အကျိုးစီးပွားအတွက်   သင်ခန်းစာ ယူစရာ၊ သုံးသပ်စရာ၊ မြော်တွေးစရာတွေ အပြည့်နဲ့  ရှိနေပါတယ်။ မနေ့ကဖြစ်ရပ်တွေဟာ ဒီနေ့အတွက် သင်ခန်းစာယူစရာ သမိုင်းဖြစ်သလို  ယနေ့ဖြစ်ရပ် တွေဟာလည်း   မနက်ဖြန်အတွက်   မြော်တွေး သုံးသပ်ရမယ့်အရာတွေ   ဖြစ်သွားပါလိမ့်မယ်။  ကိုယ့်လုပ်ရပ်တိုင်းဟာ နောင်တစ်ချိန် မိမိရဲ့သမိုင်း ဖြစ်မှာမို့  ကိုယ်ဘာလုပ်လုပ်  သမိုင်းလှပဖို့လိုပါ တယ်။ သမိုင်းကြောင်းကောင်းဖို့ ကိုယ့်ကိုယ်ကိုယ်  မညှာမတာ ပြန်လည်သုံးသပ်နေဖို့လိုပါမယ်။ 
အပြောင်းအလဲကို     ဖော်ဆောင်တိုင်းမှာ အခက်အခဲဆိုတာ    ရှိတတ်ပါတယ်။   ပြဿနာ ပေါင်းစုံကြုံရတတ်ပါတယ်။ ဒါကို ဒီလိုဖြစ်ရတာဟာ  ဟိုလူ့ကြောင့်၊  ဒီလူ့ကြောင့်ဆိုပြီး  လက်ညှိုးထိုး၊ ပြဿနာရဲ့အဓိကရင်းမြစ်ကို    မရှာတတ်ခြင်း၊  ရှာနိုင်စွမ်းမရှိခြင်း      အကြောင်းတရားတွေကို ပြန်တူးဆွကြည့်လျှင်  အတိတ်ကအဖြစ်အပျက်တွေ ကနေ၊     ကိုယ့်ပတ်ဝန်းကျင်မှာ     ဖြစ်နေတဲ့ လတ်တလော    ဖြစ်စဉ်ဖြစ်ရပ်တွေထဲကနေ သင်ခန်းစာမယူတတ်တာက အဓိကဖြစ်ပါတယ်။  အတိတ်သင်ခန်းစာကို ကောင်းစွာမထုတ်ယူနိုင်တဲ့   နိုင်ငံတစ်နိုင်ငံဟာ collapsed state ၊ ထိုမှတစ်ဆင့် failed state အထိ ရောက်ရှိသွားနိုင်ပုံကို လစ်ဗျား နိုင်ငံပြည်တွင်းစစ်ဥပမာနဲ့    လေ့လာကြည့်ကြ ရအောင်ပါ။ 
သမိုင်းထဲကသင်ခန်းစာ 
အတိတ်သမိုင်းသင်ခန်းစာတွေနဲ့ပတ်သက်ပြီး အီရတ်စစ်ပွဲနဲ့ ရရှိခဲ့တဲ့သင်ခန်းစာတွေကို ဖော်ပြ ခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယအပိုင်းမှာ လစ်ဗျားစစ်ပွဲ နဲ့     အကျိုးဆက်ရလဒ်တွေကို  ဆက်လက်ဖော်ပြ သွားပါမယ်။ လစ်ဗျားလည်း အီရတ်လိုပါပဲ။  ၂၀၁၁  ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ အမေရိကန်နဲ့    အီးယူအစိုးရတွေထောက်ခံတဲ့  ပြည်တွင်းဆူပူအုံကြွမှုတွေနဲ့အတူ  လစ်ဗျားနိုင်ငံ ဟာ   ပြည်တွင်းစစ်မီးလျှံအောက်မှာ   ရှို့မြိုက် လောင်ကျွမ်းခဲ့ရတာ ယနေ့ထိတိုင်ပါပဲ။ 
ပြိုင်ဘက်အုပ်စုတွေ  ကြမ်းကြ၊  ရမ်းကြတဲ့ အဆင့်ကနေ  နိုင်ငံတကာတပ်တွေ  ဝင်တိုက်ရတဲ့  အဆင့်ထိရောက်ရလောက်အောင်  ထောင်ချောက် ဆင်ခံလိုက်ရတဲ့ လစ်ဗျားခေါင်းဆောင် ကာနယ်  မွန်မာကဒါဖီဟာ   ဖြုတ်ချခံရပြီး   လူမဆန်စွာ အသတ်ခံလိုက်ရတဲ့ အခြေအနေထိ ရောက်သွားခဲ့ရ ပုံဟာ မေ့ဖျောက်မရတဲ့ သမိုင်းဝင်သင်ခန်းစာတစ်ခု ပါပဲ။     မြောက်အာဖရိကနိုင်ငံ   တစ်နိုင်ငံဖြစ်တဲ့ လစ်ဗျားနိုင်ငံဟာ ၂၀၁၁ ခုနှစ် လူထုအုံကြွမှုနဲ့အတူ  အမေရိကန်ဦးဆောင်တဲ့ နေတိုး  (မြောက်အတ္တ လန္တိတ်တပ်)တွေ         ဝင်ရောက်တိုက်ခိုက်ခံရပြီး အာဏာရှင်ခေါင်းဆောင်   ကဒါဖီ   ပြုတ်ကျပြီး ကတည်းက   ပြည်တွင်းစစ်နွံနစ်နေတဲ့   နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ 
ပြည်တွင်းစစ်ကြောင့် ပြည်သူပေါင်း သုံးသောင်း ကျော်ခန့် သေဆုံးခဲ့ကာ  ငါးသောင်းကျော် ထိခိုက် ဒဏ်ရာရခဲ့ကြပြီးဖြစ်တယ်လို့     သိရပါတယ်။ အရှေ့နဲ့အနောက်  နှစ်ပိုင်းပြိုကွဲနေပြီး   စင်ပြိုင် အစိုးရနှစ်ရပ်၊     ပါလီမန်နှစ်ရပ်ရဲ့အောက်မှာ အုပ်ချုပ်ခံဘဝနဲ့ နေထိုင်နေကြရတဲ့  နိုင်ငံ ဖြစ်နေပါ တယ်။ နိုင်ငံအနောက်ပိုင်း မြို့တော် ထရီပိုလီမှာ ဗဟိုအစိုးရတစ်ခု၊   နိုင်ငံအရှေ့ပိုင်း  တိုဘရွတ်မြို့မှာ အတိုက်အခံအစိုးရက  တစ်ခုနဲ့   အစိုးရ  နှစ်ခုဟာ  စင်ပြိုင်စစ်တပ်တစ်ခုစီနဲ့       အဆုံးမသတ်နိုင်တဲ့ ပြည်တွင်းစစ်ကို    ဆင်နွှဲနေကြဆဲ   ဖြစ်ပါတယ်။ ကုလသမဂ္ဂကထောက်ခံတဲ့   ထရီပိုလီ  ဗဟိုအစိုးရ  ရယ်လို့ရှိပေမယ့် တစ်နိုင်ငံလုံး အာဏာမသက်ရောက် ဘူးဆိုတဲ့အချက်ကို နှစ်ပိုင်းကွဲနိုင်ငံဘဝနဲ့ သင်းကွဲ ပြိုင်ဘက် စစ်သွေးကြွအုပ်စု ဂိုဏ်းဂဏကွဲ စစ်နယ်ရှင် တွေရဲ့မပြီးဆုံးနိုင်တဲ့စစ်ပွဲတွေက သက်သေပြနေပါ တယ်။ 
ဆုတ်ယုတ်မှုအဆုံး တိုးတက်မှုအစ ကဒါဖီလက်ထက်မှာ 
လစ်ဗျားနိုင်ငံဟာ ကမ္ဘာပေါ်မှာ  ဧရိယာအားဖြင့် ၁၆  နိုင်ငံမြောက်    ကြီးမားကျယ်ပြန့်ပြီး   သမ္မတ ကဒါဖီလက်ထက်မှာ    ဖွံ့ဖြိုးတိုးတက်တဲ့   နိုင်ငံ တစ်နိုင်ငံ    ဖြစ်ခဲ့ပါတယ်။   နိုင်ငံရဲ့မြောက်ဘက် နယ်နိမိတ်ကို    မြေထဲပင်လယ်က   စိုးမိုးထားပြီး နိုင်ငံအရှေ့ကနေ   အနောက်ဘက်နယ်နိမိတ်အထိ  ထိစပ်နေတဲ့ အီဂျစ်၊ ဆူဒန်၊ ချဒ်၊ နိုင်ဂျာ၊ အယ်လ် ဂျီးရီးယားနဲ့   တူနီးရှား  စတဲ့ အိမ်နီးချင်းနိုင်ငံတွေ ကတော့ လစ်ဗျားအရေးမှာ အပြန်အလှန် ဝင်ရောက် စွက်ဖက်လေ့ရှိကြတဲ့    နိုင်ငံတွေ   ဖြစ်ကြပါတယ်။ နေတိုးတပ်ဖွဲ့တွေ လစ်ဗျားကို ကျူးကျော်မသိမ်းပိုက် ခင်အထိ  လစ်ဗျားဟာ  ရေနံသိုက်ကြီးဖင်ခုထိုင်ပြီး အာဖရိကတိုက်မှာ   အချမ်းသာအကြွယ်ဝဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ကဒါဖီ အုပ်ချုပ်ခဲ့တဲ့ ၄၂ နှစ်   တာကာလအတွင်း အစိုးရဟာ ပြည်သူတွေအတွက် နိုင်ငံရေး၊ စီးပွားရေး၊   လူမှုရေး  နယ်ပယ်အားလုံးမှာ  ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်နိုင်ခဲ့လို့   အာဖရိကနဲ့  အာရပ်နိုင်ငံတွေရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုခံရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ 
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟာ လက်ဆင့်ကမ်း ဆက်စပ်နေလေတော့ လစ်ဗျားရဲ့သမိုင်းကို ပြန်ကြည့် ရင် ဒုတိယကမ္ဘာစစ်အပြီး ပြင်သစ်နဲ့ ဗြိတိန်တို့ရဲ့ ကိုလိုနီလက်အောက်ခံအဖြစ်     နေခဲ့ရတဲ့ဘဝက စတင်ရပါလိမ့်မယ်။    ဗြိတိန်နိုင်ငံရဲ့   အားပေး ထောက်ခံမှု၊ ကုလသမဂ္ဂရဲ့ သဘောတူညီမှုတို့နဲ့အတူ  ဆော်ဒီဘုရင်ရဲ့ ထိန်းချုပ်မှုအောက်မှာ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့  အုပ်ချုပ်စိုးစံခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါ တယ်။ ၁၉၅၁ ခုနှစ် လွတ်လပ်ရေးရသည်အထိ  ဘုရင်  အိုင်ဒရစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေဟာ  မျက်စိပိတ်၊    နားပိတ်  ဖြစ်ခဲ့ကြရပါတယ်။   ပင်ရင်း နိုင်ငံသားတွေရဲ့အကျိုးထက်    ဗြိတိန်ရဲ့   စစ်ရေး စီးပွားရေး အကျိုးစီးပွားအားလုံးအတွက်  အခွင့်သာ စေမယ့် လမ်းအားလုံးကိုသာ  ဖွင့်ထားပေးခဲ့ရတယ်လို့ ဆိုရပါမယ်။ 
ရေနံအရင်းအမြစ်ကိုစတွေ့တာက ၁၉၅၉ ခုနှစ်၊ ဒါပေမဲ့    ပြည်သူတွေအနေနဲ့    ကိုယ့်ပြည်တွင်းက  ထွက်တဲ့    သယံဇာတအကျိုးကျေးဇူးမခံစားရဘဲ  နိုင်ငံခြားသားအရင်းရှင်တွေရဲ့ ခေါင်းပုံဖြတ်အမြတ် ထုတ်ခြင်းကိုသာ ခံခဲ့ကြရပါတယ်။ ပြည်သူ့မျက်နှာ   မကြည့်တဲ့     ဘုရင်စနစ်အောက်မှာ   ပညာရေး၊ ကျန်းမာရေး၊   အိမ်ရာလူမှုဖူလုံရေး   စတဲ့ပြည်သူ့ ရေးရာကဏ္ဍအားလုံးဟာ မတိုးတက်ဘဲ  ဆုတ်ယုတ် ကျဆင်းသွားခဲ့ပါတယ်။ လူဦးရေ လေးသန်းမှာ စာရေး နိုင်ဖတ်နိုင်သူ နှစ်သိန်း ငါးသောင်းလောက်ပဲရှိတဲ့အထိ  စာတတ်မြောက်မှုနှုန်းဟာ အဆိုးဆုံးအနေအထားမှာ ရှိခဲ့တယ်။     ဒီအကျိုးဆက်တွေကြောင့်ပဲ  ၁၉၆၉ ခုနှစ်မှာ ငယ်ရွယ်တဲ့စစ်အရာရှိတွေနဲ့ စုဖွဲ့ထားတဲ့  ဗိုလ်မှူးကြီး ကဒါဖီ ဦးဆောင်တဲ့ စစ်တပ်ရဲ့အာဏာသိမ်းခြင်းခံခဲ့ရပြီး အမေရိကန်နဲ့ ဗြိတိန်တို့ ထောက်ခံ တဲ့ ဘုရင်စနစ်ဟာလည်း နိဋ္ဌိတံအဆုံးသတ်သွားခဲ့ ရပါတယ်။ 
 ကဒါဖီလက်ထက် စွမ်းဆောင်နိုင်ခဲ့တဲ့ 
လူမှုဘဝဖွံ့ဖြိုးမှု 
ဗိုလ်မှူးကြီး ကဒါဖီရဲ့  အစကောင်းခြင်းနဲ့အတူ လစ်ဗျားပြည်သူတွေရဲ့  လွတ်လပ်မှုအစစ်အမှန်ကို တွေ့မြင်ခဲ့ရပြီး နိုင်ငံကိုထိန်းချုပ်ထားတဲ့ အနောက် အုပ်စု    နိုင်ငံခြားသားတွေနဲ့   တပ်ဖွဲ့တွေကတော့ နိုင်ငံကနေ ရုပ်သိမ်းထွက်ခွာခဲ့ကြရပါတယ်။ နိုင်ငံ စီးပွားရေးကရလာတဲ့  အကျိုးအမြတ်နဲ့ ချမ်းသာ ကြွယ်ဝမှုကို လစ်ဗျားပြည်သူတွေ အညီအမျှ ခွဲဝေ  ခံစားနိုင်ဖို့ဟာ   ကဒါဖီရဲ့   မူဝါဒပဲ ဖြစ်ပါတယ်။ ကဒါဖီက အာဏာကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားနိုင် တာနဲ့အမျှ ရေနံလုပ်ငန်းဟာ နိုင်ငံပိုင် ဖြစ်လာခဲ့တယ်။ 


တိုးတက်တဲ့အပြောင်းအလဲတွေ၊  အရွေ့တွေကို  ကဒါဖီလက်ထက်မှာ    စတင်မြင်တွေ့ခဲ့ရပါတယ်။ သယံဇာတရေနံရဲ့အကျိုးအမြတ်ကို   ပြည်သူတွေ အညီအမျှ   ခံစားရခြင်းနဲ့အတူ   လူမှုစီးပွားဘဝ  ပုံစံအသစ်ကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။ အနောက်  နိုင်ငံတွေရဲ့ ရေနံကုမ္ပဏီအားလုံး နိုင်ငံပိုင်အသိမ်း ခံလိုက်ရပြီးတဲ့နောက်မှာတော့   လစ်ဗျားပြည်သူ  အများစုဟာ  ဆိုရှယ်လစ်စနစ်မော်ဒယ်လ်တစ်ခုရဲ့အရသာကို စတင်မြည်းစမ်းခွင့်ရရှိခဲ့ပါပြီ။ 
အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာ စတဲ့ပြည်သူ့ရေးရာအားလုံးကို ဆိုရှယ်လစ်စနစ်  စီမံကိန်းတွေနဲ့အညီ အကောင်အထည်ဖော်နိုင် ခဲ့တယ်။ လျှပ်စစ်နဲ့ အခြေခံစားကုန်သောက်ကုန်  ကိစ္စတွေမှာလည်း   ကဒါဖီအစိုးရက   အရှုံးခံ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက်   ပြည်သူတွေရဲ့ နေထိုင်မှုအဆင့်အတန်းဟာ  အလွန်မြင့်မားလာခဲ့ ပါတယ်။ ခေါင်းဆောင် ကဒါဖီ အသတ်ခံရတဲ့အချိန်  ၂၀၁၁ ခုနှစ်ကာလကိုပြန်ကြည့်ရင် လစ်ဗျားနိုင်ငံရဲ့  ဆင်းရဲမှုပြမျဉ်းဟာ အနောက်ဥရောပက နယ်သာ လန်ထက်  အနည်းငယ်သာ  လျော့နည်းတာကို လည်း လေ့လာသိရှိရပါတယ်။ 
ကဒါဖီခေတ်နောက်ပိုင်းမှာတော့ တစ်ဦးချင်း GDP per Capita USD  တစ်သောင်းအောက်မှာ  လစ်ဗျားပြည်သူ  သုံးပုံတစ်ပုံဟာ  ဆင်းရဲမှုပြမျဉ်း အောက်မှာ ဆင်းရဲတဲ့ဘဝ  ရောက်နေကြရပါပြီ။  ၁၉၆၉    ခုနှစ်မှာ   အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့တဲ့ လစ်ဗျားဟာ ၂၀၁၁ ခုနှစ်  HDI   လူမှုဖွံ့ဖြိုးမှု ညွှန်းကိန်းမှာတော့ အာဖရိကတိုက်ရဲ့အဖွံ့ဖြိုးဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ရှိခဲ့ဖူးတယ်ဆိုတဲ့အချက်ဟာ  ယနေ့လစ်ဗျားအခြေအနေနဲ့  နှိုင်းယှဉ်မယ်ဆိုရင် တော့ ဒဏ္ဍာရီသဖွယ်သာ ဖြစ်နေပါလိမ့်မယ်။ 
ညီညွတ်မှုမတည်ဆောက်နိုင်ခြင်းက 
အားနည်းချက်တစ်ခု 
၂၀၁၀   UNDP   အစီရင်ခံချက်တစ်ခုအရ လစ်ဗျားနိုင်ငံဟာ    အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကတိုက်မှာ    ဖွံ့ဖြိုးမှုအတိုးတက်ဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ်   ရပ်တည်ခဲ့တယ်ဆိုတာ  အထင် အရှားတွေ့ရပါတယ်။ စာတတ်မြောက်မှု ၈၈ ဒသမ ၄ ရာခိုင်နှုန်း၊ လူ့သက်တမ်း ၇၄ ဒသမ ၅ နှစ်နဲ့ ကျား၊ မတန်းတူညီမျှမှု ကဏ္ဍတွေမှာ  တိုးတက် လာတဲ့အပြင် အခြားအပေါင်းလက္ခဏာဆောင်တဲ့ ကဏ္ဍတွေလည်းရှိခဲ့ပါတယ်။ သို့ပေမဲ့  အကောင်းနဲ့ အဆိုး ဒွန်တွဲနေတတ်တဲ့ အစွန်းနှစ်ဖက်ကိုလည်း လစ်ဗျားလူ့အဖွဲ့အစည်းမှာ တွေ့မြင်ခဲ့ရပါတယ်။ 
ကဒါဖီကိုယ်တိုင် ထိန်းချုပ်ကိုင်တွယ်ရခက်တဲ့  ဒေသဆိုင်ရာ  လူမျိုးနွယ်စုပြဿနာတွေပဲ ဖြစ်ပါ တယ်။  မူလဆင်းသက်လာပုံချင်း၊  ယဉ်ကျေးမှု ဓလေ့ထုံးစံချင်းမတူညီတဲ့ လူမျိုးစုပေါင်း ၁၄၀ ခန့် ရှိတဲ့ လစ်ဗျားနိုင်ငံမှာ စိန်ခေါ်မှုတွေနဲ့ ပြဿနာ များစွာကို     ရင်ဆိုင်ခဲ့ရခြင်းပဲ   ဖြစ်ပါတယ်။ ခေါင်းဆောင် ကဒါဖီရဲ့ အမှားတစ်ခုက မတူညီမှု ပေါင်းစုံနဲ့ ကွဲကွဲပြားပြားဖြစ်နေတဲ့ လူမျိုးစုတွေကို စည်းလုံးညီညွတ်အောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ မတူကွဲပြားသူတွေကို စုစည်းညီညွတ် အောင်ဆောင်ကြဉ်းပေးနိုင်စွမ်းဟာ  ခေါင်းဆောင် ကောင်းတို့ရဲ့  အရည်အချင်းတစ်ရပ်ဖြစ်တယ် ဆိုတာ ကဒါဖီအနေနဲ့ မေ့လျော့ခဲ့ပုံပါပဲ။  
နိုင်ငံတကာဆက်ဆံရေးမှာ  
အားနည်းချက်များရှိခဲ့ 
နိုင်ငံတကာရေးရာမှာလည်း   ဝါရှင်တန်ရဲ့  ပေါ်လစီတွေနဲ့ဆန့်ကျင်ဘက်ဖြစ်လာပြီး အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံတွေနဲ့ ပိုပြီးနီးစပ်မှုရှိလာခဲ့တာတွေ့ရပါတယ်။ အိမ်နီးချင်း အီဂျစ်၊ မော်ရိုကို၊ ဆီးရီးယား၊    တူနီးရှား၊  ချဒ်   စတဲ့နိုင်ငံတွေနဲ့ အတင်းအဓမ္မ ပူးပေါင်းဖို့ ကြိုးစားခဲ့တဲ့ ရလဒ်က စူပါပါဝါ အမေရိကန်နဲ့ ပိုဝေးကွာသွားရပြီး အာရပ် အာဖရိကနိုင်ငံတွေရဲ့  ဆန့်ကျင်မှုနဲ့   ရင်ဆိုင်ခဲ့ရ ခြင်းပဲ ဖြစ်ပါတယ်။          n စာမျက်နှာ ၁၀ မှ
ကဒါဖီဟာ  အမေရိကန်နဲ့   အနောက်အုပ်စုကို ဆန့်ကျင်ပြီး ပါလက်စတိုင်းအရေးတော်ပုံအပါအဝင် ပြည်ပတော်လှန်ရေး လှုပ်ရှားမှုတိုင်းကို  ထောက်ခံ အားပေးကူညီတဲ့ပုံစံနဲ့ နိုင်ငံတကာအရေးတွေမှာ မလိုအပ်ဘဲ ဝင်ရောက်စွက်ဖက်ခဲ့တယ်။ နောက်ဆုံး  အနောက်အုပ်စုရဲ့ဒဏ်ခတ်ခြင်းနဲ့သာ ရင်ဆိုင်ရပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း       ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ရတယ်။ နိုင်ငံတကာဆက်ဆံရေး ကို  ကောင်းစွာမတည်ဆောက်နိုင်တဲ့   လစ်ဗျား ခေါင်းဆောင်ရဲ့  အားနည်းချက်တွေဟာ  သူကျဆုံး ရခြင်းရဲ့ အကြောင်းတရားတစ်ခုအဖြစ် ပါဝင်တယ် ဆိုတာ သင်ခန်းစာယူလို့ရပါတယ်။ 


ပဋိပက္ခတိုင်းမှာ ပြည်တွင်းနဲ့ ပြည်ပစွက်ဖက်မှု 
ရည်မှန်းချက်များ မတူညီပါ 
လစ်ဗျားဆူပူအုံကြွမှုဟာ     အိမ်နီးချင်း တူနီးရှားက စတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ် လူထုဆန္ဒပြပွဲ  အာရပ်နွေဦးတော်လှန်ရေးကြီး လစ်ဗျားကို ကူးစက် သွားပြီး ခေါင်းဆောင်ကဒါဖီ သတ်ဖြတ်ခံရမှုနဲ့အတူ  တစ်ခန်းရပ်သွားခဲ့ပါတယ်။ 
တူနီးရှား၊  အီဂျစ်ဆန္ဒပြပွဲတွေနဲ့ လစ်ဗျား အုံကြွမှုမတူတဲ့အချက်က    လစ်ဗျားအရေးမှာ အမေရိကန်ထောက်ခံတဲ့     ဘင်ဂါဇီအခြေစိုက် အစ္စလာမ္မစ်အစွန်းရောက်တွေ    အကြီးအကျယ် ပါဝင်ပတ်သက်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ပုန်ကန်သူ တွေဟာ  ဒေသတစ်ခုကို  ခိုင်ခိုင်မာမာ  အခြေချ ခြေကုပ်ယူထားနိုင်ခြင်း၊   သောင်းကျန်းသူတွေ အပေါ် အစိုးရစစ်တပ်ရဲ့ အပြင်းအထန်ဖြိုခွင်းခြင်း များကြောင့်ပဲ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ် ချက်နဲ့အတူ R2P နဲ့   မိမိနိုင်ငံထဲ  ဝင်ရောက် ကျူးကျော်ခွင့်ကို  ခွင့်ပြုလိုက်သလို  ဖြစ်သွားရပါ  တယ်။ 
မိမိပြည်တွင်းရေးမှာ ပြည်ပအဖွဲ့အစည်းတွေရဲ့ စွက်ဖက်မှုကို မဟန့်တားနိုင်တဲ့ ဒီလိုလွှမ်းမိုးမှုတွေဟာ  သတိထားကိုင်တွယ်ရမယ့်  အချက်ဖြစ်တယ်ဆိုတာ အထင်အရှား ဖြစ်ပါတယ်။ တကယ်တော့ လစ်ဗျား ပြည်သူအချင်းချင်းဖြစ်ရတဲ့    ပြည်တွင်းပဋိပက္ခရဲ့ ရလဒ်ထက်  ဒေသတွင်းအပြောင်းအလဲဖြစ်ဖို့သာ  အမေရိကန်က ပိုအာရုံစိုက်နေခဲ့တာပါ။ လစ်ဗျားနိုင်ငံ ကြီး  ကြီးပွားတိုးတက်ပြီး  ဒေသတွင်းခေါင်းဆောင် ဖြစ်လိုတဲ့    ကဒါဖီရဲ့အိပ်မက်ကို   ချေဖျက်ကာ အရှေ့အလယ်ပိုင်းဒေသအတွင်း  အမေရိကန်ဩဇာ လွှမ်းမိုးပြီး   ဒေသရေနံသိုက်တွေကို   လက်ဝါးကြီး အုပ်လိုတဲ့၊     အရှေ့အလယ်ပိုင်းဒေသမှာ   ရေရှည် မတည်မငြိမ်ဖြစ်စေမယ့်        ရည်မှန်းချက်ကို  မရရအောင်      အကောင်အထည်ဖော်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ 
အာဏာလေဟာနယ် 
လစ်ဗျားပဋိပက္ခမှာ   ကဒါဖီကျဆုံးပြီးနောက်  ကိုးနှစ်တာကာလအတွင်းမှာ  အချုပ်အခြာအာဏာ ပျက်သုဉ်းသွားပြီး   ပြည်သူတွေရဲ့  လူမှုဘဝတွေ ဆုံးရှုံးနေခဲ့တာ   ယခုထိတိုင်ပါပဲ။   ပရမ်းပတာနဲ့ ရေမျောကမ်းတင်ဘဝမှာ  နိစ္စဓူဝ  စိတ်ပျက်စရာ အတိတွေနဲ့သာ  ပြည့်နေပါတယ်။   ပြည်သူအတော် များများဟာ ကဒါဖီခေတ်အုပ်ချုပ်မှုထက် ဆိုးရွားတဲ့ ယနေ့   ဘဝတွေကို   ငြီးငွေ့နေကြပြီ  ဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ အစဉ်မပြတ်တဲ့ ပဋိပက္ခတွေ ကြားမှာ   ပြည်သူတွေဟာ   ကဒါဖီလက်ထက်က တည်ငြိမ်ခဲ့တဲ့ လူမှုစီးပွားဘဝမျိုးကို ပြန်လည်တမ်းတ နေကြပြီလို့ ဆိုပါတယ်။ ယခုလို နောက်ဆက်တွဲ  ဆိုးကျိုးအားလုံးဟာ    အမေရိကန်ဦးဆောင်တဲ့   နေတိုးတပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ 


လစ်ဗျားမှာ    အာဏာကို  ဘယ်သူချုပ်ကိုင် ထားလဲ၊ ထရီပိုလီအစိုးရလို့အမည်တွင်တဲ့ တရားဝင် အမျိုးသားကွန်ဂရက်အစိုးရက      ပြည့်ပြည့်ဝဝ မချုပ်ကိုင်ထားနိုင်သလို   တိုဘရွတ်   စစ်နယ်ရှင် ကောင်စီအစိုးရအနေနဲ့လည်း ကုလသမဂ္ဂက အသိ အမှတ်ပြုထားတဲ့အစိုးရကို  နိုင်အောင်  မတိုက်နိုင် ပါဘူး၊ အစိုးရနှစ်ရပ်ဖြစ်နေခြင်းက နိုင်ငံရေးမတည် ငြိမ်မှုကိုပြတာပါပဲ။    အစ္စလာမ္မစ်နိုင်ငံရေးသမား တွေနဲ့    လစ်ဘရယ်နိုင်ငံရေးသမားတွေကြားမှာ တိုက်ခိုက်နေမှုက   နိုင်ငံစည်းလုံးရေးကို    ပြိုကွဲ သွားစေပါတယ်။ ဘယ်သူမှမချုပ်ကိုင်နိုင်တဲ့ အာဏာ လေဟာနယ်ကို   အခွင့်အရေးယူ    အစားထိုးဝင်လာ တာက    ISIS  အစ္စလာမ္မစ်နဲ့   ဂျီဟာ့ဒ်ဝါဒီတွေပါပဲ။   ISIS  ဆိုတာကလည်း အမေရိကန်ကမွေးထားခဲ့တဲ့အဖွဲ့တွေပါ။ 


နိုင်ငံခြားတပ်များဝင်ရောက်သိမ်းပိုက်ပြီး
ဆင်းရဲမှုများရဲ့ အဓိကတရားခံ 
ဒါဟာ အမေရိကန်ဝင်သိမ်းအပြီးမှာ ဖြစ်လာတဲ့  အခြေအနေတွေပါ။     ဒုက္ခပင်လယ်ဝေနေရတာ ကတော့ ပြည်သူတွေပါပဲ။ ပြည်တွင်းစစ်ဒဏ်ကနေ လွတ်မြောက်ဖို့      ပြည်သူတွေ   နိုင်ငံရပ်ခြားကို ထွက်ပြေးခိုလှုံနေကြရတယ်။ နယ်သစ်ပယ်သစ်ရှာတဲ့  ဒုက္ခသည်တွေအရေးဟာ ကမ္ဘာ့ပြဿနာရပ်ဖြစ်လာ နေပြီး   ဖြေရှင်းဖို့အဖြေ   ယခုထိရှာမရသေးပါဘူး၊၊ လှေစီးရွှေ့ပြောင်းဒုက္ခသည်တွေ    လှေမှောက်လို့  ထောင်ချီသေရတဲ့ သတင်းတွေ၊ ခိုလှုံရာဆိပ်ကမ်းမှာ  ကမ်းကပ်ခွင့်မရလို့  ပင်လယ်ပြင်မှာ    သောင်တင် နေရတဲ့   လှေစီးဒုက္ခသည်တွေရဲ့အရေးဟာ  ကမ္ဘာ့ သတင်းတွေမှာ နေရာယူနေဆဲ ဖြစ်ပါတယ်။ 
ယနေ့  လစ်ဗျားနိုင်ငံဟာ  အာဖရိကတိုက်ရဲ့ အကြီးဆုံး ရေနံသိုက်ကြီးပိုင်ဆိုင်ထားပေမယ့်  နိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်ဟာ  ဆင်းရဲမွဲတေ လျက်ပါပဲ။ သန့်ရှင်းတဲ့ သုံးရေသောက်ရေမရတဲ့အပြင် ရေမိလ္လာစနစ်ကလည်း     ညံ့ဖျင်းလွန်းပါတယ်။ တရားခံ အကြောင်းတရားတွေထဲမှာ မပြီးဆုံးနိုင်တဲ့ ပြည်တွင်းစစ်၊   အဂတိလိုက်စားမှု  ကျယ်ကျယ် ပြန့်ပြန့်ရှိနေခြင်းနဲ့         နိုင်ငံရဲ့အဓိကရင်းမြစ် ရေနံလောင်စာကို    စနစ်တကျ  မစီမံမခန့်ခွဲ နိုင်ခြင်းတို့က   အဓိကဖြစ်ပါတယ်။  နိုင်ငံတကာ ထောက်ခံမှုအသီးသီးနဲ့     စင်ပြိုင်အစိုးရနှစ်ရပ် အကြားမှာ အရေးကြီးတဲ့ ဗဟိုဘဏ်လိုကိစ္စကအစ   ကိုင်တွယ်ထိန်းချုပ်ရ ခက်ခဲနေသလို   သောင်းကျန်း  သူတွေက   ရေနံတွင်းတွေနဲ့ဆက်စပ် အရင်းအမြစ် တွေကို    ဖောက်ခွဲဖျက်ဆီး  မီးရှို့မှုတွေကြောင့် လည်း အဖတ်ဆယ်မရတဲ့ စီးပွားရေး  ပျက်စီးဆုံးရှုံး  တွေကို တွေ့မြင်နေရတာ ဖြစ်ပါတယ်။


   လစ်ဗျားနိုင်ငံအခြေအနေကြည့်ရင် collapsed  state မှာ   ရောက်နေတယ်လို့   ဆိုနိုင်ပါတယ်။ ပြေလည်နိုင်ဖို့ကတော့ စင်ပြိုင်ပါတီတွေ၊ ဂိုဏ်းဂဏ အဖွဲ့တွေကြားမှာ  အမျိုးသားပြန်လည်သင့်မြတ် ရေးကို  ပြန်လည်ရယူနိုင်စွမ်းရှိတဲ့   အဆုံးအဖြတ် ပေးနိုင်တဲ့        အစိုးရတစ်ရပ်တည်းအောက်မှာ   ပြည်သူတွေ   စည်းလုံးညီညွတ်မှုရှိမှသာ   ဖြစ်နိုင် ပါလိမ့်မယ်။ တိုင်းပြည်မပြိုကွဲဖို့ဟာ ခေါင်းဆောင် တွေရဲ့   အမြော်အမြင်ကြီးမားမှု၊    စီမံခန့်ခွဲနိုင်စွမ်း၊ လက်ရုံးရည်နှလုံးရည်ပြည့်ဝမှုနဲ့          စည်းရုံး  ဦးဆောင်နိုင်စွမ်းရှိဖို့လိုသလို      ပြည်သူတွေရဲ့ အသိဉာဏ်ပညာ မြင့်မားမှု၊  စည်းလုံးညီညွတ်မှု၊ စည်းကမ်းရှိမှု၊   တွေးခေါ်ဆင်ခြင်နိုင်စွမ်းမြင့်မား  မှုနဲ့ ဘေးပယောဂတွေကို   နားလည်သိမြင်နိုင်စွမ်း ရှိဖို့လည်း   အများကြီးလိုပါတယ်။      ဒါမှသာ   ကိုယ့်နိုင်ငံရဲ့     အချုပ်အခြာအာဏာဟာ     ကမ္ဘာ တည်သရွေ့      ထာဝရတည်တံ့နိုင်မှာဖြစ်ပြီး တိုင်းပြည်လည်း မပျောက်၊ လူမျိုးလည်း  မပျောက်၊ သူ့ကျွန်ဘဝလည်း   မရောက်မှာဖြစ်ပါကြောင်း  ရေးသားတင်ပြလိုက်ရပါတယ်။        ။