ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း (ဟန်ဂေရီသမ္မတနိုင်ငံ)

Type
1

 

သဇင်မေ

နိဒါန်း


ဟန်ဂေရီသမ္မတနိုင်ငံသည် ဥရောပအလယ်ပိုင်းတွင်ရှိသော ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ပန်နိုနီယမ်မြစ်ဝှမ်းဒေသတွင်တည်ရှိပြီး မြောက်ဘက်တွင် ဆလိုဗက်ကီးယားနိုင်ငံ၊  အရှေ့ဘက်တွင် ယူကရိန်းနိုင်ငံနှင့် ရိုမေးနီးယားနိုင်ငံ၊ တောင်ဘက်တွင် ဆားဗီးယားနိုင်ငံနှင့် ခရိုအေးရှားနိုင်ငံ၊ အနောက်ဘက်တွင် ဩစတြီးယားနိုင်ငံတို့ ရှိကြပါသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဘူဒါပက်စ်(Budapest)မြို့ ဖြစ်ပါသည်။ ဟန်ဂေရီနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့၊ အိုအီးစီဒီ (OECD)အဖွဲ့နှင့် ဝိုက်စ်ဂရက်ဒ်(Weiss Grad)အဖွဲ့တွင် ပါဝင်သောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရုံးသုံးဘာသာစကားမှာ ယူရားလစ်မိသားစုဝင် ဘာသာစကားဖြစ်သော ဟန်ဂေရီဘာသာစကား ဖြစ်ပါသည်။ နှစ်ပေါင်း ၁၀၀၀ ခန့်စိုးမိုးခဲ့သော ဘုရင့်အုပ်ချုပ်မှုစနစ်ကို ၁၉၄၆ ခုနှစ်‌ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ပယ်ဖျက်ပြီး သမ္မတနိုင်ငံထူထောင်ခဲ့ရာ ယခုအခါ ဟန်ဂေရီပြည်သူ့သမ္မတနိုင်ငံအဖြစ် သက်တမ်း ၇၅ နှစ်ကျော် ရပ်တည်လာခဲ့ပြီးဖြစ်ပါသည်။ ဟန်ဂေရီနိုင်ငံသည် စုစုပေါင်း ဧရိယာ ၉၃,၀၂၈ စတုရန်းကီလိုမီတာ ( ၃၅၉၁၈ စတုရန်းမိုင်) ကျယ်ဝန်းပြီး ၂၀၂၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်းမှာ ၉,၇၃၀,၀၀၀ ခန့်ရှိပါသည်။

 


နိုင်ငံရေးသမိုင်းကြောင်း


၁၉၄၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဟန်ဂေရီ နိုင်ငံသည် ဆိုဗီယက်အဖွဲ့များနှင့် ယာယီစစ်ပြေငြိမ်း ရေးစာချုပ်လက်မှတ်ရေးထိုးကာ   နိုဝင်ဘာလ၌ ပြည်သူ့ရွေးကောက်ပွဲကြီးတစ်ရပ်  ကျင်းပပေးခဲ့ပါ သည်။  အဆိုပါရွေးကောက်ပွဲတွင် အလုပ်သမား ပါတီမှ အမတ်အများဆုံးအနိုင်ရရှိခဲ့ပြီး ရွေးကောက် တင်မြှောက်ခံရသည်။  အလုပ်သမားပါတီအနေဖြင့် အစိုးရတစ်ရပ်ဖွဲ့နိုင်သော်လည်း   နိုင်ငံတွင်ဖြစ်ပေါ် နေသော အခြေအနေများကြောင့် ညွန့်ပေါင်းအစိုးရ အဖွဲ့တစ်ခုဖွဲ့စည်းခဲ့ရသည်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင်   ကျင်းပသော    အမျိုးသားလွှတ်တော် ညီလာခံတွင် ဟန်ဂေရီသမ္မတနိုင်ငံတည်ထောင်ရန် အများကသဘောတူဆုံးဖြတ်ကြ၍ တစ်ဒီဇိုလ်တန် (Tidyzoltan)အား သမ္မတအဖြစ်   တင်မြှောက်ခဲ့ သည်။ ထို့နောက် ၁၉၄၉ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုရေးဆွဲအတည်ပြုခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံ သည် ဥရောပသမဂ္ဂအဖွဲ့သို့ ၂၀၀၄ ခုနှစ်တွင် စတင် ဝင်ရောက်ခဲ့ပါသည်။

 


အုပ်ချုပ်ရေးအာဏာ


ဟန်ဂေရီနိုင်ငံသည်  လွတ်လပ်၍    ဒီမိုကရေစီ ကိုအခြေခံသည့်      ဖွဲ့စည်းပုံအခြေခံဥပဒေရှိသော ဒီမိုကရက်တစ် နိုင်ငံတစ်နိုင်ငံ  ဖြစ်ပါသည်။ ဟန်ဂေရီ နိုင်ငံသည် ၁၉၈၉ ခုနှစ်မှစတင်၍ ပါလီမန် ဒီမိုကရေစီ စနစ်ကိုကျင့်သုံးခဲ့ပြီး      နိုင်ငံ၏     အကြီးအကဲမှာ သမ္မတဖြစ်ပါသည်။        နိုင်ငံတော်၏  သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်များကိုပါ ထမ်းဆောင်ရပါသည်။ သမ္မတ၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး သက်တမ်းနှစ်ခုသာ    ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိပါသည်။  သမ္မတသည် အစိုးရ အဖွဲ့ဝန်ကြီးများအား ခန့်အပ်ပိုင်ခွင့်ရှိပြီး    အဆိုပါ ဝန်ကြီးများအနက်မှ တစ်ဦးအား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ပါသည်။ 

 


ဥပဒေပြုရေးအာဏာ


ဥပဒေပြုရေးအာဏာသည်     အမျိုးသား လွှတ်တော်တွင်သာရှိပြီး       ဖွဲ့စည်းပုံအခြေခံ ဥပဒေအား   ပြင်ဆင်ခြင်း၊    သမ္မတအားရွေးချယ် ပေးခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ  ရွေးချယ်ပေးခြင်း၊ စာရင်းစစ်ချုပ်ရုံး ဥက္ကဋ္ဌအားရွေးချယ်ခြင်း၊ စစ်ဖြစ်ပွားမှုနှင့် ငြိမ်းချမ်း ရေးကြေညာစာတမ်းများအား  ဆုံးဖြတ်ချက်ပေးရ ခြင်း၊   နိုင်ငံ၏အရေးပေါ်   အခြေအနေများအား ကြေညာပေးရခြင်း၊     ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကြေညာချက်များကို တရားဝင်ကြေညာပေးရခြင်း၊ ဘဏ္ဍာရေးကိစ္စရပ်များအတွက်  ဥပဒေပြဋ္ဌာန်းခြင်း စသည်တို့ ဆောင်ရွက်ပေးရပါသည်။

 


တရားစီရင်ရေးအာဏာ


ရာဇဝတ်တရားရုံး၊    တရားမမှုနှင့်ဆိုင်သော တရားရုံး၊ အုပ်ချုပ်မှုဆိုင်ရာ    ကိစ္စရပ်များအတွက် တရားရုံးများဟူ၍ အဓိကအားဖြင့် တရားရုံးသုံးရုံး ဖြင့် ဖွဲ့စည်းထားခဲ့ပါသည်။ ထို့အပြင်  ၂၀၁၂ ခုနှစ် တွင် တရားစီရင်ရေးရုံးအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့မှာ ဒေသဆိုင်ရာ  အယူခံမှု တရားရုံး၊ ဒေသဆိုင်ရာတရားရုံးများ၊ ခရိုင်တရားရုံး များ၊   အုပ်ချုပ်မှုဆိုင်ရာနှင့်  အလုပ်သမားဆိုင်ရာ တရားရုံးများ စသည်တို့   ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတသည်  နိုင်ငံတော်အဆင့်    တရားသူကြီးချုပ် အား ရွေးချယ်ပေးရပြီး သက်တမ်းမှာကိုးနှစ်ဖြစ်ကာ တရားသူကြီးအဖြစ်  ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့ဖူး သူများမှ တစ်ဦးကို  ရွေးချယ်ပေးခြင်းဖြစ်ပါသည်။

 


သမ္မတရွေးကောက်ပွဲ


ဟန်ဂေရီနိုင်ငံ၏ သမ္မတအား    လျှို့ဝှက်မဲပေး နည်းစနစ်ဖြင့်  မဲပေးရပြီး   သက်တမ်းမှာ  ငါးနှစ်   ဖြစ်ပါသည်။ သမ္မတရွေးကောက်ပွဲအား  နှစ်ကျော့ ပြန်စနစ် (Two Round System) ဖြင့် ရွေးချယ် ပါသည်။ ပထမတစ်ကျော့တွင်    ထောက်ခံမဲသုံးပုံ နှစ်ပုံ(Two Third Majority) ဖြင့် အနိုင်ရသူများ ရွေးချယ်ပေးပါသည်။       အမျိုးသားလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်အနည်းဆုံး  ၅ ပုံ ၁ ပုံမှ သမ္မတလောင်းအမည်စာရင်း         တင်သွင်းရပြီး လွှတ်တော်ကိုယ်စားလှယ်များသည် သမ္မတလောင်း တစ်ဦးထက်ပို၍ အမည်စာရင်းတင်သွင်းခွင့်မရှိပါ။ ပထမအကျော့ယှဉ်ပြိုင်မှုတွင်     သမ္မတအဖြစ် ရွေးကောက်တင်မြှောက်နိုင်ရန် သတ်မှတ်ထားသည့် လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ  ထောက်ခံချက် မပြည့်မီပါက   မဲအများဆုံးရရှိသည့် သမ္မတလောင်း နှစ်ဦးအားရွေးချယ်၍   ဒုတိယအကျော့ရွေးကောက်ပွဲ ကို   ထပ်မံကျင်းပပါသည်။ ဟန်ဂေရီနိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲများတွင် နှစ်ဦးထက်ပို၍ ရွေးချယ်ပေး ခဲ့ရခြင်းမျိုး မရှိခဲ့သေးပါ။ ထို့ကြောင့်  အထက်ပါနည်း အရ ရွေးချယ်ခဲ့ခြင်းသည် အရိုးရှင်းဆုံးနည်းတစ်ခု ဖြစ်ခဲ့ပါသည်။ အသက် ၃၅ နှစ်ရှိသော   ဟန်ဂေရီ နိုင်ငံသားတိုင်းသည်      သမ္မတဖြစ်ခွင့်ရှိပါသည်။ ၁၉၉၀ ခုနှစ် ဟန်ဂေရီနိုင်ငံ၏  ပထမဆုံးသမ္မတမှာ အာပတ်ဂိုနက်  (Arpad  Goncz)  ဖြစ်ပြီး   ၁၉၉၅ ခုနှစ်တွင် ဒုတိယအကြိမ်  ရွေးချယ်ခြင်းခံခဲ့ရပါသည်။ ၂၀၀၀ ပြည့်နှစ်တွင် ဖရန်မက် (Frenmad)၊ ၂၀၁၅ ခုနှစ်တွင် လေဆက်ဆိုလန်(Laszlo Solyom)တို့ အား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြပါ သည်။ ဟန်ဂေရီနိုင်ငံ၏  သမ္မတအမည်စာရင်းအား အမျိုးသားလွှတ်တော်မှ   ကြေညာပေးရပါသည်။ သမ္မတသည်   ဥပဒေတစ်ရပ်အား    အတည်ပြု လက်မှတ်ရေးထိုးခြင်း၊      ကြေညာခြင်းစသော အာဏာရှိပါသည်။ ဥပဒေတစ်ရပ်အား သဘောမတူ လိုပါက လက်မှတ်မရေးထိုးမီ ဗီတိုအာဏာကျင့်သုံး ၍ ပယ်ဖျက်ခွင့်ရှိပါသည်။ လက်ရှိသမ္မတသက်တမ်း မကုန်ဆုံးမီ  အနည်းဆုံးရက်ပေါင်း ၃၀ ၊   အများဆုံး ရက်ပေါင်း ၆၀ မတိုင်မီ သမ္မတရွေးကောက်ပွဲအား ပြုလုပ်ပေးရပါသည်။ 

 


ရွေးကောက်ပွဲစနစ်များ


ဟန်ဂေရီနိုင်ငံတွင်  အထွေထွေရွေးကောက်ပွဲ (ပါလီမန်ရွေးကောက်ပွဲ)နှင့် ဒေသန္တရရွေးကောက်ပွဲ ဟူ၍ နှစ်မျိုးရှိပါသည်။ 
ဟန်ဂေရီနိုင်ငံတွင်     အမျိုးသားလွှတ်တော် (National Assembly)ဟုခေါ်သော လွှတ်တော် တစ်ရပ်သာရှိပါသည်။      ဟန်ဂေရီနိုင်ငံသည် အမျိုးသားလွှတ်တော်အတွက်      အထွေထွေ ရွေးကောက်ပွဲကို   (One Round System)ဖြင့် ကျင်းပပြီး    Mixed   Member   Proportional System(MMP)စနစ်ကို ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။  

 


အမျိုးသားလွှတ်တော် ( National  Assembly)


အမျိုးသားလွှတ်တော် (National Assembly)ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၉၉ ဦးရှိပါသည်။ ယင်းအနက်မှ      မဲဆန္ဒနယ် ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်‌နေရာ ၁၀၆ နေရာအား မဲအများဆုံးရသူအနိုင်ရစနစ် First Past The Post (FPTP) စနစ်ဖြင့်လည်းကောင်း၊ နိုင်ငံရေး ပါတီနှင့် လူမျိုးစုကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် ၉၃ နေရာကို အချိုးကျကိုယ်စားပြုစနစ် Proportional   Representative  (PR)     ဖြင့် လည်းကောင်း ရွေးချယ်ပါသည်။ နိုင်ငံရေးပါတီနှင့် လူမျိုးစုကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် ၉၃ နေရာအတွက်   Closed List PR   စနစ်ဖြင့်ဖြစ်ပြီး မဲဆန္ဒရှင်များက နှစ်သက်ရာပါတီကိုသာ   ရွေးချယ် ခြင်း  ဖြစ်ပါသည်။ ပါတီများသည်  ရရှိသောမဲအရေ အတွက်နှင့်     အချိုးညီသော   ကိုယ်စားလှယ် အရေအတွက်  ရရှိမည်ဖြစ်သည်။ မဲဆန္ဒနယ်များအား FPTP စနစ်အတွက် မဲဆန္ဒနယ် ၁၀၉ နယ်နှင့် PR စနစ်အတွက်    ဟန်ဂေရီနိုင်ငံ    တစ်နိုင်ငံလုံးကို မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်ထားရှိပါသည်။  ထို့ကြောင့်    ဟန်ဂေရီနိုင်ငံရှိ   မဲဆန္ဒရှင်များသည် တစ်ကြိမ်တည်းဖြင့် ဆန္ဒမဲနှစ်မျိုး   ပေးရမည်ဖြစ်ပါ သည်။ ပထမတစ်မျိုးမှာ မဲဆန္ဒနယ်ကိုယ်စားပြုသော ကိုယ်စားလှယ်အတွက်   မိမိကြိုက်နှစ်သက်သော အမည်ကို ရွေးချယ်ပေးရခြင်းဖြစ်ပြီး  ဒုတိယတစ်မျိုး မှာ   နိုင်ငံရေးပါတီနှင့်     လူမျိုးစုကိုယ်စားပြု ကိုယ်စားလှယ်အတွက် ရွေးချယ်ပေးရခြင်း    ဖြစ်ပါ သည်။ ထို့ကြောင့် ဒုတိယအမျိုးအစားမှာ နိုင်ငံရေး ပါတီအလိုက်ရရှိသည့် မဲအရေအတွက်ပေါ် မူတည် ပြီး လွှတ်တော်တွင် နေရာများ အချိုးကျ   ရရှိမည် ဖြစ်ပါသည်။  

 


လွှတ်တော်ကိုယ်စားလှယ်  ၁၀၆   နေရာတွင် မဲအများဆုံးရသူများအား တိုက်ရိုက်ရွေးချယ်ပေး ခြင်းဖြစ်ပါသည်။ ထို့ကြောင့်   လွှတ်တော်ကိုယ်စား လှယ်များသည် မိမိတို့အနိုင်ရရှိသော  မဲဆန္ဒနယ်များ အပေါ်တွင်  တာဝန်ရှိမည်ဖြစ်ပါသည်။    ကျန် လွှတ်တော်ကိုယ်စားလှယ်  ၉၃ နေရာတွင်    နိုင်ငံ ရေးပါတီ   ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်  နှင့်  လူမျိုးစုကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် များသည် အချိုးကျအတိုင်း ရရှိကြမည်ဖြစ်ပါသည်။ နိုင်ငံရေးပါတီတစ်ခုတည်းမှဖြစ်လျှင်     ခိုင်လုံမဲ ၅ ရာခိုင်နှုန်း၊ ပူးတွဲပါတီနှစ်ခုဖြစ်လျှင်  ခိုင်လုံမဲ ၁၀ ရာခိုင်နှုန်း၊ ပူးတွဲပါတီသုံးခုဖြစ်လျှင်  ခိုင်လုံမဲ ၁၅ ရာခိုင်နှုန်း ရရှိရမည်ဖြစ်ပါသည်။ နိုင်ငံရေးပါတီနှင့်    လူမျိုးစုကိုယ်စားပြု     လွှတ်တော်ကိုယ်စားလှယ် နေရာ  ၉၃  နေရာအတွက်   နေရာခွဲဝေချထားရာတွင်    အောက်ပါအတိုင်း   တွက်ချက်ပါသည်။  ပါတီ ကိုယ်စားပြုနေရာများ  တွက်ချက်ရာတွင်   D’Hondt Method 
ခိုင်လုံမဲစုစုပေါင်း/(ရွေးချယ်ပေးရမည့်နေရာ
                          အတွက် စုစုပေါင်း+၁) 
ဖြင့် တွက်ချက်ပါသည်။


ဟန်ဂေရီနိုင်ငံရှိ   Armenian၊    Bulgarian၊ Croatian၊ German၊ Greek၊ Polish၊   Romani၊ Romanian၊ Rusyn ၊   Serbian ၊   Slovakian ၊ Slovenian and Ukrainian    စသော     တိုင်းရင်းသား လူမျိုးစုသည် အောက်တွင်ဖော်ပြထားသောနည်းအတိုင်း   တွက်ချက်ရရှိလျှင်     ကိုယ်စားလှယ် ၉၃ နေရာတွင် တစ်နေရာ  ရရှိမည်ဖြစ်ပါသည်။ လူမျိုးစု ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်ရလဒ်များ တွက်ချက်ရာတွင်  
၁ /(၄xရွေးချယ်ပေးရမည့်နေရာ)= ၀ ဒသမ ၂၆၈၈ 
                ရာခိုင်နှုန်း
ဖြင့် တွက်ချက်ပါသည်။                                    

 


ဒေသန္တရရွေးကောက်ပွဲ    


ဟန်ဂေရီနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲအား စီရင်စုအဆင့်နယ်မြေအတွက်      ကိုယ်စားလှယ် ရွေးချယ်ပေးခြင်းနှင့်    ဘူဒါပက်စ်မြို့တော်အတွက် မြို့တော်ဝန်နှင့် ကိုယ်စားလှယ်ရွေးချယ်ပေးခြင်း အား တစ်ပြိုင်တည်း ကျင်းပပေးပါသည်။

 


စီရင်စုနယ်မြေလွှတ်တော်အတွက်  ကိုယ်စားလှယ် (Member)များအား ရွေးချယ်ရာတွင်   (Party List Proportional Representation Voting System)ဖြင့်   ရွေးချယ်ပါသည်။     စီရင်စုနယ်မြေတစ်ခုကို မဲဆန္ဒနယ်တစ်ခုသတ်မှတ်၍      စီရင်စုနယ်မြေ လွှတ်တော်ကိုယ်စားလှယ်အတွက်  ကိုယ်စားလှယ် များ ရွေးချယ်ခြင်းဖြစ်ပါသည်။ ကိုယ်စားလှယ်များ၏ အရေအတွက်သတ်မှတ်မှုသည်  စီရင်စုနယ်မြေတွင် နေထိုင်သော လူဦးရေအရေအတွက်အပေါ် မူတည် ပါသည်။ လူဦးရေသတ်မှတ်မှုမှာ လူဦးရေလေးသိန်း ထက်မပိုသောဒေသတွင် လူဦးရေနှစ်သောင်းလျှင် ကိုယ်စားလှယ် တစ်ဦးနှုန်းဖြင့် အနိမ့်ဆုံးကိုယ်စားလှယ်အရေအတွက်မှာ ၁၅ ဦး ဖြစ်ပါသည်။ လူဦးရေ လေးသိန်းမှခုနစ်သိန်းအတွင်းရှိသောဒေသတွင် လူဦးရေ သုံးသောင်းလျှင် တစ်ဦးနှုန်းဖြင့် စုစုပေါင်း ၂၀  သတ်မှတ်ထားပါသည်။ လူဦးရေခုနစ်သိန်း ကျော်သော ဒေသတွင် လူဦးရေလေးသောင်းလျှင် တစ်ဦးနှုန်းဖြင့် စုစုပေါင်း ၃၀ သတ်မှတ်ထားပါသည်။

 


ဘူဒါပက်စ်မြို့တော်    ရွေးကောက်ပွဲအတွက် မြို့တော်ဝန်၊ ခရိုင်အဆင့်ကိုယ်စားလှယ်နှင့် ပါတီ ကိုယ်စားလှယ်များအတွက် မဲအများဆုံးအနိုင်ရယူသူစနစ်(First Past The Post)ဖြင့် ရွေးချယ်ပေးပါ သည်။ ဘူဒါပက်စ်မြို့တော်အတွက်    ကိုယ်စားလှယ် စုစုပေါင်း ၃၃ ဦး ရွေးချယ်မှုမှာ ဘူဒါပက်စ်မြို့တော် အတွက်  မြို့တော်ဝန်၊ ခရိုင်အဆင့်ကိုယ်စားလှယ် ၂၃ ဦးနှင့်   ပါတီများယှဉ်ပြိုင်မှုမှ အများဆုံး  ရရှိသူ ကိုးဦး စသည်ဖြင့် ရွေးချယ်ကြပါသည်။ ဟန်ဂေရီနိုင်ငံ တွင်   ဒေသန္တရရွေးကောက်ပွဲများကို   ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့၌  နောက်ဆုံး ပြုလုပ် ခဲ့ပါသည်။

 


လွှတ်တော်မဲဆန္ဒနယ်သတ်မှတ်ခြင်း


၂၀၁၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းပြီးနောက် မဲဆန္ဒနယ်များအတွင်းရှိ လူဦးရေ ညီမျှမှုနှင့်နယ်မြေတည်ရှိမှု    တစ်ဆက်တစ်စပ်တည်း ဖြစ်စေရန်     ယခင်မဲဆန္ဒနယ်   ၃၈၆ နယ်မှ  ယခု ၁၉၉ နယ်အထိ   လျှော့ချ၍    သတ်မှတ်ခဲ့ပါသည်။ ဘူဒါပက်စ်မြို့အား    မဲဆန္ဒနယ်   ၃၂ နယ် သတ်မှတ် ထားခြင်းမှ   ယခုအခါ ၁၈ နယ်အဖြစ်လည်းကောင်း၊   မဲဆန္ဒနယ်အနည်းဆုံးဖြစ်သော    ဟန်ဂေရီနိုင်ငံ မြောက်ပိုင်းအား  မဲဆန္ဒနယ် လေးခု သတ်မှတ်ထား ရာမှ ယခုအခါ မဲဆန္ဒနယ် နှစ်ခုအဖြစ်သို့လည်း ကောင်း   သတ်မှတ်ခဲ့ကြပါသည်။  မဲဆန္ဒနယ်တစ်ခု တွင်   ကိုယ်စားလှယ်တစ်ဦး   ရွေးချယ်သောစနစ်     (Single Member Constituency)မဲဆန္ဒနယ် တစ်ခုလျှင် ပျမ်းမျှလူဦးရေ   ၅၇၀၈၉  ဦးရှိခဲ့ပြီး လူဦးရေအများဆုံးရှိသည့် မဲဆန္ဒနယ်တွင်  ၉၄၇၈၉ ဦးထိ ရှိခဲ့ပါသည်။

 


လွှတ်တော်ကိုယ်စားလှယ်လောင်း
အမည်စာရင်းတင်သွင်းခြင်း


လွှတ်တော်ကိုယ်စားလှယ်လောင်း     အဖြစ်  လျှောက်ထားလိုသူသည်    အသက် ၁၈ နှစ်ပြည့် ပြီးသော    ဟန်ဂေရီနိုင်ငံသား      ဖြစ်ရပါမည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက် ထားရာတွင်  မဲဆန္ဒနယ်ကိုယ်စားပြု   လွှတ်တော် ကိုယ်စားလှယ်   (Single Member  Constituencies)နှင့်     ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် များအဖြစ်လျှောက်ထားနိုင်သည်။     မဲဆန္ဒနယ် ကိုယ်စားပြု     လွှတ်တော်ကိုယ်စားလှယ်အဖြစ်    လျှောက်ထားလိုသူများသည်        မဲဆန္ဒရှင်စုစုပေါင်း ၅၀ ၏   လက်မှတ်ရေးထိုးထားသော   အထောက် အထားနှင့်အတူ  ပူးတွဲတင်ပြရမည်     ဖြစ်ပါသည်။     လူမျိုးစု အနည်းဆုံး   ၁ ရာခိုင်နှုန်းရှိသည့်‌ ဒေသ အတွက်    လူမျိုးစုကိုယ်စားပြု        လွှတ်တော် ကိုယ်စားလှယ်များအဖြစ်  လျှောက်ထားလိုသူသည်     မဲဆန္ဒရှင်စုစုပေါင်း ၁၅၀၀ ၏     ထောက်ခံချက်ဖြင့်    ပူးတွဲတင်ပြရမည်  ဖြစ်ပါသည်။  နိုင်ငံရေးပါတီ ကိုယ်စားပြု  လွှတ်တော်ကိုယ်စားလှယ်များသည်  မဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် နေရာများ (Single Member Constituency) အတွက်   မဲဆန္ဒနယ် ၁၀၆ နေရာတွင်    အနည်းဆုံး ၂၇ နေရာ   ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး    လူမျိုးစု ကိုယ်စားပြု   လွှတ်တော်ကိုယ်စားလှယ်များသည် ဟန်ဂေရီနိုင်ငံရှိစီရင်စုနယ်မြေ ၁၉ ခု၌ အနည်းဆုံး ကိုးခုနှင့်ဘူဒါပက်စ်မြို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။      ဗဟိုရွေးကောက်ပွဲကော်မရှင်တွင် တရားဝင်အသိအမှတ်ပြုထားသော   လူမျိုးစုအဖွဲ့ ၁၃ စုသာရှိပါသည်။   ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် လူမျိုးစု    ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် အမည်စာရင်းတင်သော နိုင်ငံ ရေးပါတီ ၆၃ ပါတီရှိသော်လည်း  ၁၈ ပါတီကိုသာ   ရွေးကောက်ပွဲတွင်  ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါသည်။

 


မဲဆွယ်စည်းရုံးခြင်း


မဲဆွယ်စည်းရုံးနိုင်သော     ကာလသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့မတိုင်မီ ရက်ပေါင်း  ၅၀ အလိုမှ ရွေးကောက်ပွဲ  ကျင်းပသည့်နေ့အထိ ဖြစ်ပါသည်။ သို့သော်လည်း  ရွေးကောက်ပွဲကျင်းပ သည့်နေ့၌ မဲရုံမှမီတာ ၁၅၀ အတွင်း မဲဆွယ်စည်းရုံးမှု မပြုလုပ်ရပါ။ မဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရေး အသုံးစရိတ်အဖြစ်  နိုင်ငံတော်ဘဏ္ဍာမှ  EUR 3200 အား  အသုံးပြုခွင့်ရှိပါသည်။ မဲဆွယ်စည်းရုံးနိုင်သော ပစ္စည်းများမှာ  ပိုစတာများ၊  လွှတ်တော်ကိုယ်စား လှယ်လောင်းသို့   ဆက်သွယ်နိုင်သော လိပ်စာကတ် များ၊ ပါတီ၏ဆောင်ပုဒ်များ၊ ရွေးကောက်ပွဲ လှုံ့ဆော် ရေးပိုစတာများ စသည်တို့ သုံးစွဲခွင့်ရှိပါသည်။

 


မဲပေးပိုင်ခွင့်သတ်မှတ်ချက်များ


ဟန်ဂေရီနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပသည့်နေ့ တွင် အသက် ၁၈ နှစ်ပြည့်ပြီးသော      ဟန်ဂေရီ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိပါသည်။


ဟန်ဂေရီနိုင်ငံတွင် အတည်တကျနေထိုင်ခြင်း မရှိသောသူများ၊    ယာယီခိုလှုံခွင့်ရရှိထားသူများ၊ ပြည်သူ့အကျိုးအတွက်    တရားရုံးမှ       ယာယီ ထိန်းသိမ်းခြင်းခံထားရသူများ ၊   မှတ်ပုံတင်မရှိသူ များ၊ ထောင်ဒဏ်ကျခံနေရသူများ၊ ရာဇဝတ်ကျင့်ထုံး နည်းအရ ဆေးကုသမှုခံယူနေရသူများသည် မဲပေး ခွင့် မရှိပါ။

 


ဆန္ဒမဲပေးခြင်း


မဲဆန္ဒရှင်များ မဲပေးရာတွင်  မဲရုံ၌ဆန္ဒမဲပေးနိုင် သကဲ့သို့  မသန်စွမ်းသူများနှင့် ကျန်းမာရေး အခြေ အနေအရ မဲရုံသို့ မလာရောက်နိုင်သူများသည် မိုဘိုင်း ဖုန်းမှတစ်ဆင့် ဆန္ဒမဲပေးနိုင်သည်။   မဲဆန္ဒရှင်များ သည် မဲရုံတွင်  ၀၆:၀၀  နာရီမှ  ၁၉:၀၀  နာရီထိ မဲပေးခွင့်ရှိပါသည်။ သို့သော် မိုဘိုင်းဖုန်းမှတစ်ဆင့် မဲပေးခြင်းအား ၁၅:၀၀ နာရီအထိသာ လက်ခံပါ သည်။ မဲရုံပိတ်ချိန်ရောက်သောအခါ     မဲရုံပရိဝုဏ် အတွင်း    ကျန်ရှိနေသူများကိုသာ မဲပေးခွင့်ပေးပါ သည်။   နိုင်ငံရေးပါတီ    ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်နှင့် လူမျိုးစုကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်များအတွက် မဲပေးမည့်သူများသည် မိမိတို့နေထိုင်သော   လိပ်စာကတ်ပြ၍    ဆန္ဒမဲပေး နိုင်ပါသည်။   ဟန်ဂေရီနိုင်ငံရှိ   မဲဆန္ဒရှင်များသည် တစ်ချိန်တည်းတွင် မိမိဒေသမဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အတွက်    တစ်ကြိမ်နှင့် နိုင်ငံရေးပါတီအတွက်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ပေးကြရမည် ဖြစ်ပါသည်။ သို့သော်   ဟန်ဂေရီနိုင်ငံ တွင် အခြေချနေထိုင်သော အသက် ၁၈ နှစ်ပြည့်ပြီး သူ  အားလုံးသည်  နှစ်မျိုးလုံးအတွက်  ဆန္ဒမဲပေးခွင့် ရှိသော်လည်း အသက် ၁၈ နှစ်ပြည့်ပြီး ဟန်ဂေရီ နိုင်ငံတွင် အခြေချနေထိုင်ခြင်းမရှိသော သူများသည် နိုင်ငံရေးပါတီကိုယ်စားပြု   မဲတစ်မဲကိုသာ ပေးရ ပါသည်။ ထို့အပြင် ဟန်ဂေရီနိုင်ငံတွင်    အခြေချ နေထိုင်ပြီး အသက်  ၁၈ နှစ်ပြည့်ပြီးသူများသည် လူမျိုးစုမဲစာရင်းတွင်      စာရင်းပေးထားသော မဲဆန္ဒရှင်ဖြစ်ပါက လူမျိုးစုကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်အား မဲပေးရပါသည်။

 


မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း


မဲရုံတစ်ရုံတွင် မဲဆန္ဒရှင်  ၆၀၀ ခန့်မှ  ၁၅၀၀ အတွင်း  မဲပေးခွင့်ပြုထားပါသည်။    မဲဆန္ဒရှင်များ သည်  ဗဟိုမဲဆန္ဒရှင်မှတ်ပုံတင်ရေးရုံး   (Central Voter Register )သို့ သွားရောက်၍ မှတ်ပုံတင်ရပါ သည်။ အဆိုပါရုံးတွင်  ဗဟိုရွေးကောက်ပွဲကော်မရှင် ၏ ဦးဆောင်မှုဖြင့်    အီလက်ထရောနစ်စနစ်ဖြင့် မှတ်ပုံတင်ပေးပါသည်။

 


မဲဆန္ဒရှင်များမှတ်ပုံတင်ခြင်းအား အောက်ပါ အတိုင်း ခွဲခြားထားပါသည်-


    (၁)         ဟန်ဂေရီနိုင်ငံအတွင်း    အခြေချနေထိုင်သူ ဖြစ်ပါက နိုင်ငံရေးပါတီကိုယ်စားပြု  (သို့) လူမျိုးစုကိုယ်စားပြုကိုယ်စားလှယ်များအား   မဲပေးနိုင်ရေးအတွက်    နိုင်ငံသား စိစစ်ရေး ကတ်များကိုလည်းကောင်း၊ မဲဆန္ဒနယ်ကိုယ်စားပြုကိုယ်စားလှယ်အား မဲပေးနိုင်ရေး အတွက်  မိမိတို့နေထိုင်သော  လိပ်စာကတ်ပြသ၍   မှတ်ပုံတင်ရပါသည်။
    (၂)        ဟန်ဂေရီနိုင်ငံသားများ ၁၀ နှစ် အခြေချ နေထိုင်သူဖြစ်ပြီး ဟန်ဂေရီလိပ်စာကတ် မပြနိုင်သူ  လျှောက်ထားလာပါက ထိုသို့ လျှောက်ထားသူအား   နိုင်ငံရေးပါတီ ကိုယ်စားပြု  လွှတ်တော်ကိုယ်စားလှယ် များ  မဲတစ်ခုကိုသာ   ဆန္ဒမဲပေးနိုင်ရေး အတွက် မှတ်ပုံတင်‌ပေးပါသည်။

 


ဆန္ဒမဲရေတွက်ခြင်း


မဲရုံများပိတ်သိမ်းပြီးနောက်  မဲရုံအဖွဲ့များသည် မဲရုံအကူကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့် သူများရှေ့၌ မဲရုံတွင်ပေးသောမဲများ၊ မိုဘိုင်းဖုန်းဖြင့် ပေးသော    မဲအရေအတွက်များအား    ချက်ချင်း ရေတွက်ရပါသည်။ ထိုသို့ရေတွက်ရာတွင် မဲစာရွက် တွင်   တရားဝင်အသိအမှတ် ပြုထားသည့် တံဆိပ် ခေါင်းမပါရှိသော မဲလက်မှတ်၊ တစ်ကြိမ်ထက်ပို၍ ဆန္ဒပြုထားသောမဲလက်မှတ်၊ မည်သူကိုမျှ ဆန္ဒပြု ထားခြင်းမရှိသော မဲလက်မှတ်စသည်တို့ကို   ပယ်မဲ အဖြစ် သတ်မှတ်ပါသည်။

 

ဗဟိုရွေးကောက်ပွဲကော်မရှင် (National Election Commission)၏
တာဝန်နှင့် လုပ်ပိုင်ခွင့်များ


ဟန်ဂေရီနိုင်ငံတွင် ဗဟိုရွေးကောက်ပွဲကော်မရှင် (National Election Commission)ကို    မူလဗဟို ရွေးကောက်ပွဲကော်မရှင်တာဝန်မပြီးဆုံးမီ ရက်ပေါင်း  ၉၀ အတွင်း နိုင်ငံတော်သမ္မတ၏ အဆိုပြုချက်ဖြင့် အမျိုးသားလွှတ်တော်မှ    ရွေးချယ်ပေးရပါသည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့စည်းကာ သက်တမ်းမှာကိုးနှစ်ဖြစ်ပြီး  အနည်း ဆုံးအမျိုးသမီးနှစ်ဦးပါဝင်ရမည် ဖြစ်ပါသည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်၏ဥက္ကဋ္ဌသည်  ပါတီနိုင်ငံ ရေးကင်းရှင်းပြီး နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင် မဟုတ်သူဖြစ်ရပါမည်။   ထို့အပြင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားခြင်း မဟုတ်သူ ဖြစ်ရမည့်အပြင် ဆွေမျိုးတော်စပ်နေသူလည်း မဖြစ် ရပါ။        ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပမည့်ရက်အား ရွေးကောက်ပွဲ နေ့မတိုင်မီရက်ပေါင်း ၇၀ (သို့) ၉၀ အတွင်းကြိုတင် ကြေညာပေးပါသည်။   ဗဟိုရွေးကောက်ပွဲကော်မရှင် သည်  လွတ်လပ်သော   အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယင်း၏လုပ်ငန်းတာဝန်များမှာ  အောက်ပါအတိုင်း ဖြစ်ပါသည်-


      (က)    ဆန္ဒမဲပေးမှုကို ကြီးကြပ်စေခြင်း၊
    (ခ)    မဲရလဒ်များအား ထုတ်ပြန်ကြေညာခြင်း၊
    (ဂ)    ရွေးကောက်ပွဲများကို တရားမျှတစွာနှင့်
        စနစ်တကျ ကြီးကြပ်ဆောင်ရွက်ခြင်း၊
    (ဃ)    လိုအပ်သော အမိန့်များနှင့်    ညွှန်ကြား ချက်များ ထုတ်ပြန်ကြေညာခြင်း စသည် တို့ဖြစ်ပါသည်။
ဗဟိုရွေးကောက်ပွဲကော်မရှင်သည် မဲပေးသည့် နေ့မတိုင်မီ ရက်ပေါင်း ၅၈ ရက်ထက်  နောက်မကျ စေဘဲ မဲရုံစာရင်း၊ မဲရုံတည်နေရာများအား ကြေညာ ပေးရမည်ဖြစ်ပါသည်။

 


ဖွဲ့စည်းပုံအခြေခံဥပဒေ


ဟန်ဂေရီနိုင်ငံ၏  ပထမဆုံးဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၁၉၄၉ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပြုလုပ်၍  အတည်ပြုခဲ့ပါ သည်။ ဟန်ဂေရီနိုင်ငံ၏ ပထမဆုံးဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်သည့် ၁၉၄၉ ခုနှစ်    ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ၁၉၃၆ ခုနှစ်ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ၍  ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ ယင်းနောက် ၁၉၈၉ ခုနှစ် အောက်တို ဘာလ ၂၃ ရက်နေ့တွင် ပြန်လည်ပြင်ဆင် ဖြည့်စွက် ခဲ့ပါသည်။ 
၂၀၁၀ ပြည့်နှစ်တွင် Fidesz ဦးဆောင်သောပါတီ မှ အစိုးရသစ်ဖွဲ့စည်းပြီး ၂၀၁၀    ပြည့်နှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား မူကြမ်းစတင်ရေးဆွဲခဲ့ပါသည်။
စာမျက်နှာ ၁၁ သို့

 

စာမျက်နှာ ၉  မှ
အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေတွင်    တိုင်းရင်း သား လူနည်းစုပါတီများအတွက် မဲပေးခြင်းဆိုင်ရာ အခွင့်အရေးများပါ   ထည့်သွင်းရေးဆွဲခဲ့ပါသည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအား ၂၀၁၁ ခုနှစ် ဧပြီ ၁၈ ရက် တွင် ထောက်ခံမဲသုံးပုံနှစ်ပုံ  two-third majority စနစ်ဖြင့် လွှတ်တော်၏အဆိုပြုမှု ရယူခဲ့ပါ သည်။ ၂၀၁၁ ခုနှစ်ဧပြီလ ၂၅ ရက်နေ့တွင် သမ္မတမှ လက်မှတ်ထိုး၍      အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအား ၂၀၁၃ ခုနှစ် မတ်လတွင် နောက်ဆုံးအကြိမ် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ဟန်ဂေရီနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုစုစုပေါင်းလေးကြိမ်ရှိခဲ့ပါသည်။

 

ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲ


ဟန်ဂေရီနိုင်ငံ၏ (၈) ကြိမ်မြောက်   အထွေထွေ ရွေးကောက်ပွဲတွင်    လွှတ်တော်ကိုယ်စားလှယ် နေရာစုစုပေါင်း  ၁၉၉  နေရာကို ၂၀၁၈ ခုနှစ်  ဧပြီ ၈ ရက်၌ ရွေးချယ်ပေးခဲ့ပါသည်။   ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မှတ်ပုံတင်ထားသူ စုစုပေါင်း ၈၃၁၂၁၇၃ ဦးရှိပြီး မဲပေးခဲ့သူဦးရေ စုစု ပေါင်းမှာ ၅၇၉၁၈၆၈ ဦး ဖြစ်ပါသည်။  ပါတီများ ရရှိသော ခိုင်လုံမဲစုစုပေါင်းမှာ ၅၇၃၂၂၈၃ မဲဖြစ်ပြီး ပယ်မဲစုစုပေါင်းမှာ ၅၉၅၈၅ မဲဖြစ်ပါသည်။  Fidesz (KDNP)ပါတီသည် ၁၃၃ နေရာဖြင့် အများဆုံး နေရာရရှိခဲ့ပါသည်။

 


နိဂုံး


ဟန်ဂေရီနိုင်ငံသည် ၁၉၄၉ ခုနှစ်   ဖွဲ့စည်းပုံ အခြေခံဥပဒေအရ  ဒီမိုကရေစီစနစ်ကို   အသွင်ကူး ပြောင်းလာခြင်း  ဖြစ်ပါသည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေများအား      ပြင်ဆင်လာခဲ့ရာ ရွေးကောက်ပွဲတွင် တိုင်းရင်းသား       လူနည်းစုများပါ လွှတ်တော်ကိုယ်စားလှယ်အဖြစ်       ရွေးချယ် တင်မြှောက်ခံနိုင်ရေး   ထည့်သွင်းပြဋ္ဌာန်းလာခဲ့ပါ သည်။  ထို့ကြောင့် ဟန်ဂေရီနိုင်ငံသားတိုင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသည်   နိုင်ငံရေးပြောင်းလဲမှု တွင်    အဓိကကျသော ဥပဒေတစ်ခုလည်း  ဖြစ်ပါ သည်။      နိုင်ငံတစ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် လွှတ်တော်ရွေးကောက်ပွဲများသည်လည်း အရေးပါ နေကြောင်းတွေ့ရှိပါသည်။ လွှတ်တော်ရွေးကောက် ပွဲများ ကျင်းပရေးအတွက် နိုင်ငံ၏  အခြေအနေနှင့်  လိုက်လျောညီထွေမှုဖြစ်မည့် ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ကျင်းပပေးခြင်းသည်  အရေးကြီးသောအရာ တစ်ခုဖြစ်ပါကြောင်း   လေ့လာသုံးသပ်တင်ပြအပ်ပါ သည်။    ။

ကျမ်းကိုးစာရင်း
-     http://archive.ipu.org/parline-e/reports/ 2141_b.htm
-    https://en.wikipedia.org/wiki/Elections_in_Hungary
-     https://www.euronews.com/2014/03/ 25/how-do-hungary-s-elections-work
-    https://en.wikipedia.org/wiki/Constitut-ion_of_Hungary
-    https://www.polyas.de/blog/en/online-elections/hungarian-parliamentary-system
-     https://en.wikipedia.org/wiki/History_of_Hungary
-    https://en.m.wikipedia.org/wiki/2019- hungarian-local-election