ယနေ့ကစားမည့်ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်

 

ရန်ကုန်    ဒီဇင်ဘာ   ၄


မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ဒီဇင်ဘာ ၅ ရက် (ယနေ့) စတင်မည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၂၇ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

 


ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုးသမား- ပြည့်ဖြိုးအောင်၊  မျိုးမင်းလတ်၊  စိုးအာကာ၊  ပြည့်ဖြိုးသူ၊ နောက်တန်း– ဒေးဗစ်ထန်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဝင်းမိုးကျော်၊ နေမိုးနိုင်၊ အောင်ဝဏ္ဏစိုး၊ အလယ်တန်း – မောင်မောင်လွင်၊ မောင်မောင်ဝင်း၊ လာဒင်မောရာ၊ အောင်နိုင်ဝင်း၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ ကောင်းထက်စိုး၊   လွင်မိုးအောင်၊   ထက်ဖြိုးဝေ၊   မြတ်ကောင်းခန့်၊ ဆွမ်လန်မန်၊ ဟိန်းထက်အောင်၊ ရှေ့တန်း- သန်းပိုင်၊ အောင်ကောင်းမာန် နှင့်   ဝင်းနိုင်ထွန်းတို့   ပါဝင်ကြသည်။  မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်   အန်တွမ်နီဟေးသည်   ဒဏ်ရာရကစားသမားများရှိနေ သည့်အပြင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရခြင်းများရှိခြင်းတို့ကြောင့် အပြီးသတ်လူစာရင်းကို ပြိုင်ပွဲစတင်ခါနီး တစ်ရက်အလိုမှ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

 


မြန်မာအသင်းသည် အုပ်စု (က) တွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောအသင်းတို့နှင့် ကျရောက်နေပြီး အုပ်စုပထမပွဲအဖြစ် ဒီဇင်ဘာ ၅ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၇ နာရီတွင် အိမ်ရှင်စင်ကာပူအသင်း နှင့် ကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယနေ့ ကစားမည့် စင်ကာပူအသင်းနှင့်ပွဲတွင် မပါဝင်နိုင်သည့်ကစားသမား အချို့ရှိကြောင်း သိရသည်။


ရဲရင့်လွင်