
မင်းခန့်
=====
ခေါင်းစဉ်ကိုဖတ်မိတာနဲ့ ဘာတွေကိုငြင်းနေသလဲဆိုတာကို သိချင်ကြမယ်ထင်ပါတယ်။ ငြင်းမရနိုင်တဲ့သက်သေများလို့ဆိုတဲ့အတွက် ဒီဆောင်းပါးမှာတင်ပြမယ့်အကြောင်းအရာများသည် ထင်မြင်ချက်တွေ၊ စွပ်စွဲချက်တွေမဟုတ်ကြောင်း လက်တွေ့ဖြစ်စဉ်တွေနဲ့တကွ ရှင်းပြသွားမှာဖြစ်ပါတယ်။ ရှင်းပြချက်တွေကို နိုင်ငံရေးအရောင်အသွေးမပါဘဲ ကြားနေပြည်သူတစ်ဦးအနေနဲ့ ပကတိအရှိတရားအတိုင်း မှန်မှန်ကန်ကန် ရှုမြင်ကြည့်ရင်တော့ ငြင်းလို့မရနိုင်တဲ့ သက်သေတွေရဲ့အဖြေက ပိုမိုရှင်းလင်းမှာဖြစ်ပါတယ်။
ငြင်းနေတဲ့အကြောင်းအရာကတော့ NUG အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့အစည်း ဟုတ်/ မဟုတ်ဆိုတဲ့အချက်ပဲ ဖြစ်ပါ တယ်။ အထူးသဖြင့် အချို့သံတမန် အသိုင်းအဝိုင်းကြားမှာ NUG အဖွဲ့ကို မြန်မာပြည်သူလူထု အများစုက ထောက်ခံနေတဲ့အတွက် အကြမ်းဖက် အဖွဲ့အဖြစ်သတ်မှတ်ဖို့ ခက်ခဲတယ် ဆိုတဲ့ လွဲမှားတဲ့အကြောင်းပြချက်မျိုး ကိုလည်း အံ့ဩဖွယ်ရာ ကြားသိနေရပါ တယ်။ လက်တွေ့မြန်မာပြည်သူတွေ အကြားမှာတော့ NUG ကို ထောက်ခံနေ သူတွေ၊ ပါဝင်လှုပ်ရှားသူတွေဘက်က သူတို့လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ် မဟုတ်ကြောင်း ငြင်းဆိုနေကြသလို တစ်ဖက်မှာလည်း NUG အဖွဲ့ရဲ့လုပ်ရပ် တွေကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူအများစုကတော့ ရက်စက် ကြမ်းကြုတ်လွန်းတဲ့ အကြမ်းဖက် လုပ်ရပ်တွေဖြစ်တယ်လို့ မြင်နေကြပါ တယ်။ ဒါကြောင့်လည်း NUG အဖွဲ့ သည် အကြမ်းဖက်အဖွဲ့အစည်း ဟုတ်၊ မဟုတ်ဆိုတဲ့အချက်ကို ဓမ္မဓိဋ္ဌာန် ကျကျ ဆန်းစစ်ကြည့်ဖို့လိုလာပါတယ်။
မဲပေးပိုင်ခွင့်ရှိသူပေါင်း ၃၈ သန်းကျော်
NUG/PDF အကြမ်းဖက်အဖွဲ့တွေကို ပြည်သူအများစုက ထောက်ခံနေတယ် ဆိုတဲ့ နိုင်ငံတချို့ရဲ့ ထင်မြင်ချက်က NLD ကို မြန်မာနိုင်ငံက လူအများစု ထောက်ခံနေတယ်ဆိုတဲ့ ထင်မြင်ချက် ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ First-past-the-post (FPTP) ရွေးကောက်ပွဲစနစ်ကြောင့် သောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်လို့ ဆိုကြ ပေမယ့် လက်တွေ့မှာ မဲပေးပိုင်ခွင့်ရှိသူ ပေါင်း ၃၈၀၂၀၂၉၇ ဦး (၃၈ သန်းကျော်) မှာ ၂၆၃၆၈၂၀၇ ဦး (၂၆ သန်းကျော်) မဲလာပေးခဲ့ပြီး NLD ပါတီက ရရှိခဲ့တဲ့ ထောက်ခံမဲပေါင်း ၁၂ သန်းသာ ရရှိခဲ့ တာဖြစ်ပါတယ်။ ဒီအချက်အလက် တွေကိုကြည့်ရင် မဲလာပေးခဲ့တဲ့ပြည်သူ ထဲမှာတောင် NLD ကို မထောက်ခံသူက ၁၄ သန်းကျော်ရှိခဲ့ပါတယ်။ ဒါကြောင့် NLD ကို မြန်မာပြည်သူအားလုံးက ထောက်ခံနေကြတယ်လို့ ပြည်တွင်း/ပြည်ပမှာ ပျံ့နှံ့နေတဲ့ ယူဆချက်က ချဲ့ကားပုံဖော်မှုခံခဲ့ရခြင်းသာ ဖြစ်ပါတယ် လို့ ဆိုရခြင်းဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း NLD အစိုးရရဲ့သက်တမ်း ငါးနှစ်တာကာလ အတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး အဘက်ဘက်မှာ မအောင်မြင် ခဲ့တဲ့အပြင် တိုင်းရင်းသားတွေနဲ့ အဆင် မပြေဖြစ်ခဲ့ရခြင်းကြောင့် ပြည်သူလူထု ရဲ့ထောက်ခံမှု ထပ်မံကျဆင်းလာခဲ့တာ အားလုံးသိတဲ့ကိစ္စဖြစ်ပါတယ်။ ဒီလို ပြောလို့ NLD ပါတီကို ဆန့်ကျင်စိတ်နဲ့ တစ်ဖက်သတ်စွပ်စွဲတယ်လို့ မထင်စေ ချင်ပါဘူး။ NLD အစိုးရ ငါးနှစ်တာကာလ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့မှုတွေကတော့ အများသတိထားမိတဲ့ကိစ္စဖြစ်ပြီး NLD ပါတီကို ထောက်ခံသူတွေကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့၊ အားမလိုအားမရ ဖြစ်ခဲ့ ရတဲ့ ဖြစ်ရပ်မှန်တွေဖြစ်ပါတယ်။ NLD ပါတီက တာဝန်ရှိသူတွေကိုယ်တိုင် ဝန်ခံ ထုတ်ဖော်ပြောကြားထားတဲ့ အထောက် အထားတွေလည်းရှိပါတယ်။
တပ်မတော်က နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေအရ ထိန်းသိမ်းလိုက်ရပြီး နောက်ပိုင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၂၂ ရက်က လူဦးရေအများဆုံးဆန္ဒပြ ခဲ့ကြတဲ့နေ့မှာတောင် လူဦးရေ ငါးသန်း ကျော်ခန့်(မြန်မာနိုင်ငံလူဦးရေရဲ့ ၉ ဒသမ ၅၂ ရာခိုင်နှုန်း)သာ ဆန္ဒဖော်ထုတ်ခဲ့ကြ တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း နိုင်ငံ တကာက မွေးမြူထားတဲ့ ပြည်တွင်း/ပြည်ပ မီဒီယာတွေ၊ တက်ကြွလှုပ်ရှားသူ (Activitists) တွေနဲ့ လူမှုရေးအရ ဩဇာလွှမ်းမိုးနိုင်သူ (social influencers) တွေပေါင်းပြီး တစ်နိုင်ငံလုံး ဆန္ဒပြနေကြ သယောင် ရည်ရွယ်ချက်ရှိရှိ ကမ္ဘာကို ပုံဖော်ပြခဲ့ကြပါတယ်။ ယခုအချိန်ထိ လည်း ဒီလိုပုံဖော်ပြနေကြဆဲဖြစ်ပါတယ်။
မြန်မာကျပ်ငွေသန်းပေါင်း ခြောက်ထောင်
NLD ပါတီအနေနဲ့ ၎င်းတို့အာဏာရှိခဲ့ စဉ်က Facebook လို ဆိုရှယ်မီဒီယာကို မြန်မာကျပ်ငွေသန်းပေါင်း ခြောက်ထောင် ကျော် သုံးစွဲပြီး ထိန်းချုပ်ခဲ့ပါတယ်။ NLD ပါတီနဲ့ အစိုးရကို မထောက်ခံသူတွေရဲ့ ဆန္ဒနဲ့ အသံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ထိန်းချုပ်ထားပြီး NLD ပါတီကို ထောက်ခံ သူများရဲ့ အသံတွေသာ လွှမ်းမိုးအောင် ငွေကြေးအကူအညီ၊ နည်းပညာအကူ အညီနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ အချို့ နိုင်ငံတွေရဲ့ ထောက်ပံ့မှုနဲ့ Activitists တွေ၊ Journalists တွေ၊ Social Influencers တွေ မွေးမြူခြင်းကို ဇာတ်တိုက် ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ မြင်တွေ့ နေရတဲ့ ချဲ့ကားထားတဲ့ ဆန္ဒပြမှုတွေနဲ့ NLD ထောက်ခံမှုတွေဆိုတာ ရည်ရွယ် ချက်ရှိရှိ ဖန်တီးထားတဲ့ အတုအယောင် (illusions) တွေသာ ဖြစ်ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာကို အသုံးချပြီး ပြည်သူ လူထုအားလုံးက ထောက်ခံမှုရှိသယောင် ပုံဖော်တာ၊ ထောက်ခံမှုရအောင် မလိမ့် တပတ်ဆောင်ရွက်တာတွေက NLD ကနေ ပေါက်ဖွားလာတဲ့ NUG အကြမ်းဖက်အဖွဲ့ အပေါ်မှာလည်း သက်ရောက်မှုရှိခဲ့ပါ တယ်။
နောက်တစ်ချက်က ပြည်သူတချို့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုတာ မှန်ပေမယ့် NLD အစွန်းရောက်ထောက်ခံ သူတွေအနေနဲ့ အကြမ်းဖက်မှုတွေကို ပြောင်းလဲလာတဲ့အချိန်မှာ ပြည်သူ အများစု မထောက်ခံကြတော့ပါဘူး။ ဒီလို မထောက်ခံကြတော့တဲ့အတွက် NLD အစွန်းရောက်တွေက ၎င်းတို့ကို မထောက်ခံသူ၊ နိုင်ငံရေးလှုပ်ရှားမှုတွေ မှာ ဝင်မပါဘဲ ငြိမ်းချမ်းစွာနေလိုတဲ့ သာမန်အပြစ်မဲ့ ပြည်သူတွေကို လူမှု ရေးအရ အပြစ်ပေးခြင်း (Social Punishment) အမည်ခံပြီး လူမှုရေး အရ အနိုင်ကျင့်ခြင်း (Social Bullying)တွေကို စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာကော ပြင်ပမှာပါ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အထောက်အထားများစွာရှိပါတယ်။ ပါတီတစ်ခုရဲ့လုပ်ရပ်ကို မထောက်ခံလို့ လူမှုရေးအရ အနိုင်ကျင့်တာကို နိုင်ငံ တကာမှာ လက်ခံကြပါသလား၊ ဒီမို ကရေစီကျင့်စဉ်တွေ တန်ဖိုးတွေနဲ့ ကိုက်ညီပါသလားဆိုတာကို မေးခွန်း ထုတ်ကြည့်သင့်ပါတယ်။
အရပ်သား သာမန်ပြည်သူတွေ
နိုင်ငံတကာကို ယခုလက်ရှိအခြေ အနေတွေအရ အထူးသတိပြုသိစေချင် တာက NUG/PDF တွေရဲ့ စစ်ဘက် မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်နေမှုနဲ့ လက်နက်မဲ့ပြည်သူ တွေကို အကြမ်းဖက်သတ်ဖြတ်နေကြ တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။ NLD အမတ်တွေနဲ့ အစွန်းရောက်ထောက်ခံ သူတွေကနေ CRPH/ NUG/ PDF အဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြပြီး ၎င်းတို့ကို မထောက်ခံသူတွေ၊ အယူအဆမတူတဲ့ အပြစ်မဲ့ပြည်သူတွေ၊ တိုက်ခိုက်ရေး စစ်သည်မဟုတ်တဲ့ အရပ်သား သာမန် ပြည်သူတွေကို ပစ်မှတ်အဖြစ် ဒလန် လို့စွပ်စွဲပြီး ရက်ရက်စက်စက်သတ်ဖြတ် နေကြခြင်းဖြစ်ပါတယ်။ NUG အဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ မှစပြီး D-Day အမည်ခံကာ အကြမ်းဖက် လုပ်ရပ်တွေ အရှိန်မြှင့်တင်ဖို့ လှုံ့ဆော် ခဲ့ကြတာ ကမ္ဘာသိဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ NUG/PDF အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ ဒလန်လို့စွပ်စွဲပြီး အကြမ်းဖက် သတ်ဖြတ်မှုကြောင့် လက်နက်မရှိတဲ့အပြစ်မဲ့ပြည်သူ ၁၀၃၁ ဦး သေဆုံးခဲ့ကာ ၁၀၇၆ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။ ရဟန်း၊ သံဃာတော် ၁၃ ပါး ပျံလွန်တော်မူခဲ့ရပြီး ငါးပါးကို နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ အစိုးရဝန်ထမ်း တွေသေဆုံး ၃၈ ဦး၊ ဒဏ်ရာရ ၈၁ ဦး ရှိပါတယ်။
အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေ သေဆုံး ၂၀၇ ဦး၊ ဒဏ်ရာရ ၁၅၅ ဦး ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ သေဆုံး သုံးဦး၊ ဒဏ်ရာရ ရှစ်ဦးရှိပါတယ်။ ဆရာ ဆရာမတွေအပါအဝင် ပညာရေး ဝန်ထမ်းတွေ သေဆုံး ၁၂ ဦး၊ ဒဏ်ရာရ ၁၅ ဦးနဲ့ ပျက်စီး/ဆုံးရှုံးခဲ့ရတဲ့ စာသင် ကျောင်းနဲ့ ပညာရေးအဆောက်အအုံ ပေါင်း ၄၄၅ ခုရှိပါတယ်။ ကိုဗစ်-၁၉ စင်တာတွေကို အကြမ်းဖက်တိုက်ခိုက် ခဲ့တဲ့ဖြစ်စဉ် ၃၃ ခုမှာ သေဆုံး ၁၃ ဦး၊ ဒဏ်ရာရ ၂၇ ဦးရှိပြီး ဆေးရုံ/ ဆေးခန်း တွေကို တိုက်ခိုက်ခံရမှု ၂၅ ကြိမ်ရှိပြီ ဖြစ်ပါတယ်။ အများပြည်သူသုံး လမ်း တံတားတွေကို ၃၉၇ ကြိမ် ဖျက်ဆီးခံခဲ့ ရပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၄၂၂၆ ကြိမ် ရှိခဲ့ပြီဖြစ်ပါတယ်။
ငြင်းလို့မရတဲ့သက်သေတွေ
ဒီလိုစစ်ဘက်နဲ့ မသက်ဆိုင်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို နေ့စဉ်နီးပါး အကြမ်းဖက် တိုက်ခိုက်နေကြတာကို အစိုးရမီဒီယာတွေက အချိန်နဲ့တစ်ပြေး ညီ ထုတ်ပြန်ပေးနေသလို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာသံရုံးတွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့အစည်း တွေကိုလည်း သက်သေအထောက် အထားတွေနဲ့တကွ အစဉ်မပြတ်အသိ ပေးနေတယ်လို့ သိရပါတယ်။ ဒီလိုခိုင်မာ တဲ့အထောက်အထားတွေ ရှိပါလျက်နဲ့ NUG/PDF နဲ့ အစွန်းရောက် NLD အဖွဲ့ တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုပြီး ပြည်သူအများစုက ထောက်ခံနေတယ်လို့ လွဲမှားစွာထင်မြင် ယူဆနေတာကတော့ လုံးဝမဖြစ်သင့်ဘူး လို့ထင်ပါတယ်။ ဒီအဖွဲ့တွေရဲ့လုပ်ဆောင် ချက်တွေကို ဒီမိုကရေစီစံနှုန်းအရပဲ ဖြစ်ဖြစ်၊ လူ့အခွင့် အရေးရှုထောင့်ကနေပဲ ကြည့်ကြည့်၊ လူသားချင်းစာနာတဲ့စိတ်နဲ့ ပဲ စဉ်းစားစဉ်းစား၊ ဂျနီဗာကွန်ဗင်းရှင်းလို နိုင်ငံတကာစံနှုန်းတွေနဲ့ပဲ ချိန်ထိုးချိန်ထိုး ဘယ်လိုရှုထောင့်ကနေပဲ ကြည့်သည် ဖြစ်စေ အကြမ်းဖက်လုပ်ရပ်တွေသာ ဖြစ်တယ်ဆိုတာ ထင်ရှားပေါ်လွင်ပြီး ငြင်းလို့မရတဲ့သက်သေတွေပဲ ဖြစ်ပါ တယ်။
ဒီ ဒထက်ပိုပြီး ခိုင်မာတဲ့သက်သေ အထောက်အထားတွေကတော့ မကြာ သေးမီကမှ ဖမ်းဆီးရမိတဲ့ NLD ပါတီက ဖြိုးဇေယျာသော်ရဲ့ ထွက်ဆိုချက်တွေနဲ့ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်း တွေအရ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို NUG က ဦးဆောင် ညွှန်ကြားနေတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့သက်သေတွေဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ အောက်ဆီဂျင်အခက်အခဲကို အခွင့် ကောင်းယူပြီး အကြမ်းဖက်မှုတွေ ဆောင်ရွက်ဖို့ လက်နက်ခဲယမ်းတွေကို အောက်ဆီဂျင်အိုးတွေထဲ ထည့်ပြီး တင်ပို့ခဲ့ကြပါတယ်။ EAOs တချို့က ကူညီခဲ့ကြပါတယ်။ NUG ရဲ့ “Hit List” ဆိုတာ အမှန်တကယ်ရှိကြောင်း ၎င်းရဲ့ မှတ်စုစာအုပ်က မှတ်တမ်းတွေက သက်သေခံနေပါတယ်။
ဒီလို ဘာသာရေးနဲ့ဆိုင်တဲ့ပုဂ္ဂိုလ် တွေ၊ ဆရာ ဆရာမတွေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆောင်ရွက်နေတဲ့ နေရာတွေအပါအဝင် လက်နက်ကိုင် တပ်ဖွဲ့မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ် တွေကို NUG ရဲ့ စီစဉ်စေခိုင်းချက်အရ တိုက်ခိုက် သတ်ဖြတ်နေကြတာက အကြမ်းဖက်ဝါဒ (terrorism) မဟုတ် ဘူးလားလို့ မေးခွန်းထုတ်ချင်ပါတယ်။ နေ့စဉ်ဖြစ်ပေါ်နေတဲ့ NUG/PDF နဲ့ အစွန်းရောက် NLD ထောက်ခံသူတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိတာ လား၊ မသိချင်ယောင်ဆောင်နေတာလား ဆိုတာကိုလည်း မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ ဒါကြောင့် အစဉ်အလာ ကြီးမားတဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့ လူ့အခွင့်အရေးကို အလေးထားပါတယ် ဆိုတဲ့ နိုင်ငံကြီးသားဆိုသူတွေက အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုတွေကို အားပေးနေကြသလားလို့တောင် ထင်မြင် ယူဆနေသူတွေ ရှိနေပြီဖြစ်ပါတယ်။
အဖွဲ့အစည်းပေါင်း ၇၂ ဖွဲ့
သီအိုရီတွေအရ ထပ်မံထောက်ပြရရင် ကမ္ဘာပေါ်မှာ အကြမ်းဖက်ဝါဒ (Terrorism) နဲ့ ပတ်သက်ပြီး အားလုံး သဘောတူလက်ခံထားတဲ့ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေးပါဘူး။ သို့ပေမယ့် ဥပမာတစ်ခုအနေနဲ့ အမေရိကန် နိုင်ငံရဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက် အဖွဲ့အစည်းဆိုင်ရာ ပြဋ္ဌာန်းချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။ အမေရိကန်နိုင်ငံ မှာ ယခုလက်ရှိအကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားတဲ့ ကမ္ဘာ့နိုင်ငံအသီး သီးက အဖွဲ့အစည်းပေါင်း ၇၂ ဖွဲ့ရှိပါတယ်။ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက် ပေးခဲ့တဲ့ အဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့ရှိပါ တယ်။ အမေရိကန်နိုင်ငံအနေနဲ့ ဒီလို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ရာမှာ Foreign Relations Authorization Act, Fiscal Years 1988 and 1989 က အကြမ်းဖက်ဝါဒရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် (Terrorism Definition) ကို အသုံးပြုပြီး Immigration and Nationality Act Section 212 ရဲ့ အကြမ်းဖက်မှုဆောင်ရွက် ချက် (Terrorist Activity) တွေနဲ့ ချိန်ထိုး ဆုံးဖြတ်ပါတယ်။
အကြမ်းဖက်ဝါဒဆိုတာကို အမေရိကန် နိုင်ငံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “အကြမ်း ဖက်ဝါဒဆိုတာ နိုင်ငံတစ်ခုထက် အဆင့် နိမ့်တဲ့အဖွဲ့တွေ သို့မဟုတ် လျှို့ဝှက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့တွေကနေ တိုက်ပွဲဝင် စစ်သည်မဟုတ်တဲ့ ပစ်မှတ်တွေကို ကြိုတင်ကြံရွယ်ပြီး နိုင်ငံရေးအရ အရင်းခံ တဲ့ အကြမ်းဖက်မှုများဖြစ်တယ်” “terrorism” as “premeditated, politically motivated violence perpetrated against noncombatant targets by subnational groups or clandestine agents” လို့ အဓိပ္ပာယ်ဖွင့်ဆို ပါတယ်။ အကြမ်းဖက်မှု ဆောင်ရွက်ချက် အဖြစ် သတ်မှတ်ချက်တွေမှာ ပေါက်ကွဲစေ နိုင်တဲ့ လက်နက်တွေနဲ့ အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်အသုံးပြုမှုတွေနဲ့ မည်သည့် ခြိမ်းခြောက်မှု၊ လျှို့ဝှက်ကြံစည်မှုနဲ့ ကြိုးစားမှုတွေမဆို အကျုံးဝင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ NUG/PDF တွေ ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဟာ မြန်မာ့စံနှုန်းနဲ့သာမက ဒီမိုကရေစီ သက်တမ်းနှစ်ပေါင်း ၂၀၀ ကျော်နေပြီ ဖြစ်တဲ့ အမေရိကန်နိုင်ငံက သတ်မှတ်ထား တဲ့အကြမ်းဖက်မှု သတ်မှတ်ချက်တွေနဲ့ ချိန်ထိုးကြည့်ရင်လည်း အကျုံးဝင်နေတာ ကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလို မြန်မာပြည်သူလူထုကို အကြမ်းဖက်ပြီး အကြောက်တရား လွှမ်းမိုးအောင်လုပ်နေတဲ့ NUG အဖွဲ့ရဲ့ ရည်ရွယ်ချက်က ၎င်းတို့နဲ့ ဆန့်ကျင်ဘက် အသံတွေ ထွက်ပေါ်မလာအောင် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူတို့ကို မထောက်ခံ သူတွေကို အကြောက်တရားနဲ့ ထိန်းချုပ် ပြီး ထောက်ခံလာအောင် လုပ်နေသလို မထောက်ခံသူတွေ မရှိသယောင် ပုံဖော် ခြင်းလည်းဖြစ်ပါတယ်။ သူတို့ကို ကြောက် လို့ အသံမထွက်ရဲတာကို ပြည်သူအများ ထောက်ခံနေတယ်လို့ ထင်မြင်ယူဆလာ အောင် ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခဥပဒေ
အီတလီနိုင်ငံက နိုင်ငံတကာဥပဒေ ပညာရှင် ပါမောက္ခ Antonio Cassese ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့ လူထုကို အန္တရာယ်ဖြစ်စေဖို့ လူထုကြားထဲမှာ အကြောက်တရားပျံ့နှံ့အောင် လုပ်ဆောင် တဲ့ရည်ရွယ်ချက် (the intent to spread fear among the population which would generally entail the creation of public danger) ကိုတောင် အကြမ်း ဖက်ဝါဒရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူတာဖြစ်ပါတယ်။ နိုင်ငံတကာမှာ လည်း လက်နက်ကိုင်ပဋိပက္ခဥပဒေ “The Law of Armed Conflict” ဆိုတာ ရှိပါ တယ်။ ဒီဥပဒေအရ မည်သည့်ပဋိပက္ခ အတွင်းမှာမဆို စစ်ဘက်မဟုတ်တဲ့ အရပ် ဘက်ပစ်မှတ်တွေကို ရန်ပြုသတ်ဖြတ်တာ တွေကို တားမြစ်ထားပါတယ်။ ဒီလို တိုက်ခိုက်ရေးပစ်မှတ်မဟုတ်တဲ့ အရပ် ဘက်ပစ်မှတ်တွေကို အကြမ်းဖက်နေတဲ့ အစွန်းရောက်အဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေ ကို ကာကွယ်နေရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေရဲ့ ဆောင်ရွက်ချက်ဟာ မည်သည့် နိုင်ငံတကာဥပဒေ၊ ပြည်တွင်းဥပဒေနဲ့ပဲ ကြည့်ကြည့် တရားဝင်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအဆင့်တုန်းက လုံခြုံရေးတပ်ဖွဲ့ ဝင်တွေအနေနဲ့ ပစ်ခတ်နှိမ်နင်းတာ မတွေ့ ရဘဲ အကြမ်းဖက်ဆန္ဒပြမှုတွေအဖြစ် ပြောင်းလဲလာချိန်မှသာ ဥပဒေနဲ့အညီ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်နဲ့ ထိန်းသိမ်းဆောင်ရွက်ခဲ့တာကို တွေ့ရပါ တယ်။ နိုင်ငံတကာမှာလည်း အလားတူ ဆောင်ရွက်နေကြပါတယ်။ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေမှာတောင် ဆူပူ ဆန္ဒပြမှုတွေက အကြမ်းဖက်လုပ်ရပ်တွေ နဲ့ ယှဉ်တွဲလာရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ လိုအပ်သလို အင်အားသုံးပြီး ထိန်းသိမ်းနေကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ NUG/PDF အဖွဲ့တွေရဲ့ အစွန်းရောက် အကြမ်းဖက်မှုလမ်းစဉ်နဲ့ လက်တွေ့ အကြမ်းဖက်မှု ကျူးလွန်နေကြတာတွေကို သိပါလျက်နဲ့ ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်း တချို့ရှိပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ NUG နဲ့ ထိတွေ့ဆက်ဆံနေကြတာက အကြမ်း ဖက်ဝါဒနဲ့ အကြမ်းဖက်မှုတွေကို အားပေး အားမြှောက်ပြုရာရောက်နေပြီး အကြမ်း ဖက်ဝါဒ ပိုမိုတိုးပွားလာအောင် ဆောင်ရွက်နေကြသလို ဖြစ်နေတယ် ဆိုတာကို သတိပြုမိကြစေချင်ပါတယ်။
လူသားချင်း စာနာထောက်ထားမှုကို အလေးထားပါတယ်ဆိုတဲ့ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေအနေနဲ့ ဒီလောက် ဆိုးရွားရက်စက်ကြမ်းကြုတ်တဲ့ NUG အဖွဲ့ရဲ့လုပ်ရပ်တွေကို အကောင်းမြင်စိတ် နဲ့ကြည့်နေရင်တော့ အကြမ်းဖက်အဖွဲ့ အနေနဲ့ အသိအမှတ်ပြုဖို့ ခက်ခဲနေလိမ့် မယ်ထင်ပါတယ်။ လက်တွေ့အရှိတရား ကို ယထာဘူတကျကျ ရှုမြင်မယ်ဆိုရင် တော့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို လက်ခံရပါလိမ့်မယ်။ ဥပမာ အာဖဂန်နစ္စတန်နိုင်ငံကို ကြည့်မယ် ဆိုရင် တစ်ချိန်က ကမ္ဘာ့အဆိုးရွားဆုံး အကြမ်းဖက်အဖွဲ့တွေ လက်ခံထားတဲ့ နိုင်ငံအဖြစ် ရှုမြင်ပြီး စစ်ပွဲကြီးတွေ ဆင်နွှဲခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ နိုင်ငံတကာက ထိတွေ့ဆက်ဆံမှုတွေ၊ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတာ ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကြည့်ရှုသူရဲ့ ရှုထောင့်ပေါ်မှာ မူတည်ပြီး သာ အမြင်တွေအမျိုးမျိုး ပြောင်းလဲနေ တာ ဖြစ်ပါတယ်။ အကြမ်းဖက်သမား NUG/PDF အဖွဲ့တွေကတော့ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို အကြောင်းပြပြီး သူတို့ကိုမထောက်ခံသူတွေကို အကြမ်း ဖက်သတ်ဖြတ်မှုတွေ ဆက်လက် လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။
ပြည်သူလူထုရဲ့အမြင်တွေ ပြောင်းလဲ
နိဂုံးချုပ်ရရင်တော့ နိုင်ငံတကာက NUG/PDF ရဲ့ အကြမ်းဖက်လုပ်ရပ် တွေကို သိသည်ဖြစ်စေ၊ မသိချင်ယောင် ဆောင်နေသည်ဖြစ်စေ ၎င်းအဖွဲ့တွေရဲ့ ပကတိလုပ်ရပ်တွေအရ အချုပ်အခြာ အာဏာပိုင်တဲ့ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ်။ NLD ကို မြန်မာပြည်သူအများစု ထောက်ခံနေ တယ်ဆိုတဲ့ ယူဆချက်က အတိတ်မှာ ကျန်ခဲ့ပြီဖြစ်ပါတယ်။ NLD ပါတီရဲ့ အရည်အချင်းမပြည့်ဝမှုနဲ့ NUG/PDF ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြန်မာပြည်သူလူထုရဲ့ အမြင်တွေ ပြောင်းလဲသွားခဲ့ပြီဖြစ်သလို NLD က ပေါက်ဖွားလာတဲ့ NUG၊ NUG က မွေးဖွားခဲ့တဲ့ PDF တွေကြောင့် NLD ရဲ့ပုံရိပ်ဟာ သမိုင်းမှာ အမည်းစက် ထင်ခဲ့ပြီဖြစ်ပါတယ်။ စိတ်ခံစားချက် ပြင်းထန်တဲ့ NLD ပါတီဝင်အချို့နဲ့ အစွန်းရောက်ထောက်ခံသူ အင်အားစု တွေ ရှိနိုင်သော်လည်း အေးချမ်း တည်ငြိမ်စွာနေထိုင်လိုတဲ့ ပြည်သူလူထု အများစုကတော့ NLD၊ NUG၊ PDF အဖွဲ့တွေကို မလိုလားဘဲ ဆန့်ကျင် နေကြပြီဖြစ်ပါတယ်။ အထူးသဖြင့် ဒီလို အစွန်းရောက်အဖွဲ့တွေကြောင့် ပျက်စီးခဲ့ရတဲ့ မိသားစုဘဝပေါင်း များစွာကို စာနာသနားတတ်တဲ့ မြန်မာ ပြည်သူအများစုက ရွံရှာကြောက်ရွံ့ မုန်းတီးနေကြပြီဖြစ်ပါတယ်။
ဒါကြောင့် NUG ကို ပြည်သူအများစု လက်ခံထောက်ခံနေတယ်လို့ လွဲမှားစွာ ထင်မြင်ယူဆနေတဲ့ အချို့နိုင်ငံတွေ အနေနဲ့ ဆိုရှယ်မီဒီယာပေါ်က သတင်း အမှား တွေနဲ့ မြန်မာနိုင်ငံအကျိုးစီးပွားကို ပျက်ပြားစေလိုတဲ့ ပြည်တွင်း/ ပြည်ပ မီဒီယာတချို့ရဲ့ ဖော်ပြချက်တွေမှာပဲ လမ်းဆုံးမနေကြဘဲ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်တွေ့အရှိတရားတွေ ကို မြင်အောင်ကြည့်နိုင်ကြဖို့ လိုပါ ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ ။
ရည်ညွှန်းချက်
United States’ Foreign Terrorist Organizations, Definitions of Terro-rism and Terrorist Activity
- https://www.state.gov/fore-ign-terrorist-organizations/
- https://2001-2009.state.gov/ s/ ct/ rls/fs/08/103399.htm
- https://2001-2009.state.gov/ s/ct/rls/fs/08/103401.htm
- Log in to post comments