
လင်းဟန်သစ်
ယခုသီတင်းပတ်အကုန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အနည်းဆုံးပြည်နယ် ၁၀ ခုမှာ အိုမီခရွန် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် ကူးစက်ဖြစ်ပွား နေတဲ့ အမေရိကန်နိုင်ငံသား ဒါဇင်ကျော်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ အမေရိကန်အစိုးရအဖွဲ့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်နဲ့ အဲဒီကပ်ရောဂါ ကို အစွမ်းကုန်တိုက်ဖျက်နေတဲ့အချိန်မှာ အခုလိုအိုမီခရွန်ကူးစက်ဖြစ်ပွားသူတွေ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။
အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်သစ်
ကူးစက်ဖြစ်ပွားနေပြီ
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တချို့ ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားတဲ့သူတွေဟာ မကြာ သေးခင်က အိုမီခရွန်ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ အာဖရိကတောင်ပိုင်းကို သွားရောက်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် နှစ်ခုလောက်မှာ ဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် သစ် အစုလိုက်ကူးစက်ဖြစ်ပွားနေတယ်လို့ ဖော်ပြ ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားနေပြီလို့ ရော့ကီဖဲလားဖောင်ဒေးရှင်းက ရောဂါဖြစ်ပွားမှု စောင့်ကြည့်ရေး ဦးဆောင်ညွှန်ကြားရေးမှူး စကာပီနို က ပြောပါတယ်။ အိုမီခရွန်ကြောင့် ဖြစ်ပွားနိုင်တဲ့ ပြင်းထန်တဲ့ရောဂါကို ကာကွယ်ဆေး က အတိုင်းအတာတစ်ခုအထိ ခုခံကာကွယ်သွား နိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန် အရာရှိများက ခန့်မှန်းထားပါတယ်။
ကာကွယ်ဆေးမထိုးတဲ့သူတွေ ပိုမိုသေဆုံးမှုများ
အမေရိကန်နိုင်ငံသား ၄၂၀ မှာ တစ်ယောက် ဟာ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှာ တစ်နေ့ကို လူပေါင်းပျမ်းမျှ ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဝါရှင်တန် ပို့စ်ရဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ ခွဲခြမ်းစိတ်ဖြာ ရေးသား ထားတဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ ကိုဗစ်-၁၉ ဖြင့် သေဆုံးနှုန်းဟာ ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံထားတဲ့ ဒေသအများစုမှာ ပျမ်းမျှအောက် ထက် လျော့နည်းနေပါတယ်။
ကာကွယ်ဆေးထိုးနှံမှုနည်းတဲ့ ဒေသအများစုရဲ့ သေဆုံးမှုဟာ ကာကွယ်ဆေးထိုးနှံမှုများတဲ့ ဒေသ အများစုရဲ့ သေဆုံးမှုထက် ပိုများပါတယ်။ ၅၀ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားပါတယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ကိုဗစ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုစည်း
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုတေသီတွေဟာ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုစည်းနေပါတယ်။ အစောပိုင်းရရှိထားတဲ့ သက်သေ အထောက်အထားတွေနဲ့ လက်ရှိ ကိုဗစ်-၁၉ နဲ့သက်ဆိုင်တဲ့ ဗဟုသုတကို စုစည်းပြီး ဗီဇပြောင်း မျိုးစိတ်သစ်ကို အကောင်းဆုံး နားလည်ဖို့ကြိုးစား နေကြပါတယ်။
သီတင်းပတ်နှစ်ပတ်မပြည့်ခင်မှာပဲ ကမ္ဘာလုံး ဆိုင်ရာ ကြိုစားအားထုတ်မှုကြောင့် အဲဒီသဲလွန်စ အချက်အလက်တွေကနေ ကျွမ်းကျင်သူတွေကို ဗီဇပြောင်းမျိုးစိတ်ရဲ့ ခြိမ်းခြောက်နိုင်မှုတွေကို ရိပ်ခနဲ တွေ့မြင်စေခဲ့တယ်လို့ ယူအက်စ်အေတူဒေး မှာ စနေနေ့က ဖော်ပြခဲ့ပါတယ်။
ကာကွယ်ဆေးက ပြင်းထန်တဲ့ ရောဂါ
ကူးစက်ဖြစ်ပွားမှုကို ကာကွယ်နိုင်
အခုချိန်ထိ အများစုက ကာကွယ်ဆေးတွေဟာ ပြင်းထန်တဲ့ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ခြေ ရှိတယ်လို့ လက်ခံထားပါတယ်။ သို့သော်လည်း ဗီဇပြောင်းမျိုးစိတ်သစ်ဟာ ကူးစက်နိုင်မှု အစွမ်း သတ္တိမြင့်မားစေပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့် ထိုးထားပြီးတဲ့သူတွေသာမက အရင်က ကိုဗစ်-၁၉ ဖြစ်ဖူးတဲ့ သူတွေကိုပါ ကူးစက်ပျံ့နှံ့ စေပါတယ်။ အခုဒီမျိုးစိတ်သစ်ဟာ တောင်အာဖရိက မှာ ကူးစက်ပေါက်ပွားနေပြီဖြစ်ပါတယ်။ ထို့အတူ နိုင်ငံပေါင်းများစွာကို ပျံ့နှံ့နေပြီဖြစ်ပါတယ်။
လျင်မြန်စွာကူးစက်မှုတွေဖြစ်ပွားလာ
တောင်အာဖရိမှာ လျင်မြန်စွာ တဖြည်းဖြည်း တိုးလာတဲ့ ဗီဇပြောင်း မျိုးစိတ်သစ်ကူးစက်ဖြစ်ပွား မှုဟာ ကျွမ်းကျင်သူတွေအစောပိုင်း စိုးရိမ်ထား သလိုမျိုး လျင်မြန်စွာကူးစက်ဖြစ်ပွားမှုတွေ ဖြစ်လာ ပြီဖြစ်ပါတယ်။
ဒါဟာစိုးရိမ်စရာ အကောင်းဆုံး အခြေအနေ ဖြစ်ပြီး အခုတော့ ဒါကိုတွေ့နေရပြီလို့ ဟားဗတ် ဆေးဘက်ဆိုင်ရာကျောင်းရဲ့ ရောဂါပြီး ပညာ ဆိုင်ရာ ပါမောက္ခ ရော်ဂျာရှာပီရိုက ပြောပါတယ်။
ကျန်းမာရေးစနစ်ကို ဝန်ပိစေ
တိုးလာတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေနဲ့ ကျန်းမာရေးဝန်ထမ်း ပြတ်တောက်မှုတွေဟာ ဆေးရုံတွေနဲ့ သက်ကြီးစောင့်ရှောက်ရေးဂေဟာ တွေကို သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို ကျော်လွန် ပြီး အခက်တွေ့စေပါတယ်။ အထူးသဖြင့် အမေ ရိကန်ပြည်ထောင်စုရဲ့ နယူးယောက်မှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အတော် များများမှာရှိတဲ့ ကျန်းမာရေးစနစ်မှာ အကျပ်တွေ့ စေပါတယ်။
ဒယ်လ်တာကိုဗစ်လှိုင်းဂယက် အမေရိကန် ပြည်ထောင်စု တစ်ခုလုံးကို စတင်ရိုက်ခတ် ကတည်းက အမေရိကန်ပြည်ထောင်စုရဲ့ ကိုဗစ်-၁၉ နဲ့ ဆေးရုံတက်ရောက် ကုသမှုတွေဟာလည်း တိုးလာပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းထောင်ပေါင်းများစွာလည်း အလုပ်က ထွက်ကုန်ကြပါတယ်။
မသေချာမှုတွေဖြစ်စေ
ကိုဗစ်-၁၉ လူနာကများ၊ ဆေးဝန်ထမ်းက နည်းတဲ့အတွက် မနိုင်ဝန်တွေလည်းရှိနေပါတယ်လို့ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဂူဂဲလ်ကလည်း အလုပ်ပြန်တက်ရမယ့်နေ့ကို ပြန်ပြီးသတ်သတ်မှတ်မှတ်နဲ့ မကြေညာသေးပါဘူး။ တခြားအမေရိကန်မှာရှိတဲ့ ရုံးတွေ အပြည့်အဝ နီးပါး ပြန်လည်ဖွင့်လှစ်နိုင်မယ့်အချိန်ကို စောင့်ဆိုင်း နေပုံရှိပါတယ်။ မကြာသေးမီက အမေရိကန် ဂူဂဲလ် အလုပ်သမား ၄၀ ရာခိုင်နှုန်းလောက် အလှည့်ကျနဲ့ အလုပ်လုပ်နေကြပါတယ်။
အိုမီခရွန်ဗီဇပြောင်းမျိုးစိတ်သစ်ရဲ့ အန္တရာယ် ကြောင့် မသေချာမှုတွေဖြစ်နေတဲ့အတွက် အလုပ်ရှင် တွေအတွက်လည်း ယုံကြည်ချက်ရှိရှိနဲ့ အလုပ် ပြန်လည်စတင်မယ့်ရက်ကို သတ်မှတ်လို့ မရနိုင် သေးပါဘူး။ အမေရိကန်မှာရှိတဲ့ အလုပ်တွေ အတော်များများလည်း အဝေးက အလုပ်လုပ်တဲ့ ပုံစံကို ပြန်လည်ကျင့်သုံးရဦးမှာဖြစ်ပါတယ်။
ကြောက်စရာကောင်းပြီး ကူးစက်မှုမြန်တဲ့ ဒီအိုမီခရွန် ဗီဇပြောင်းမျိုးစိတ်သစ်ဟာ အခုဆိုရင် တောင်အာဖရိမှတစ်ဆင့် အမေရိကန်ကို ကူးစက် ပျံ့နှံ့ရုံတင်မကပါဘူး။ ကမ္ဘာတစ်ဝန်းကိုလည်း လျင်မြန်တဲ့နှုန်းနဲ့ ကူးစက်ပျံ့နှံ့ဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက ဒီအိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကို အဘက်ဘက်က တားဆီးနေကြပြီဖြစ်ပါတယ်။
ကိုးကား - ဆင်ဟွာ
- Log in to post comments