ပေါ့ဂ်ဘာ၏ နေရာကို ဂျွန်မက်ဂင်ဖြင့် အစားထိုးရန်စီစဉ်

 

 

မန်ယူယာယီနည်းပြ    ရန်းနစ်ခ်သည်   လာမည့်နွေရာသီအပြောင်းရွှေ့ကာလတွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာဖွယ်ရှိသော ပေါ့ဂ်ဘာ၏နေရာကို အက်စ်တွန်ဗီလာအသင်း ကွင်းလယ်ကစားသမား ဂျွန်မက်ဂင်ဖြင့် အစားထိုးရန် စီစဉ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။                                              
မန်ယူ   အသင်းအနေဖြင့် အဆိုပါ   စကော့တန်  ကစား သမားဂျွန်မက်ဂင်ကို  ခေါ်ယူ မည်ဆိုပါက   ပေါင်သန်း ၅၀ ကျော်   ကုန်ကျဖွယ်ရှိသည်။ 
မန်ယူ   ဂန္ထဝင်နည်းပြ ဟောင်း  ဆာအဲလက်စ်ဖာဂူ ဆန်အနေဖြင့်   ဂျွန်မက်ဂင် ၏ ခြေစွမ်းကိုကြိုက်နှစ်သက် သူဖြစ်ကြောင်း    ထုတ်ဖော် ပြောကြားထားသလို    အိုး ထရက်ဖို့ဒ်သို့        ယာယီ နည်းပြအဖြစ်  ရောက်ရှိလာ သည့်    ရန်းနစ်ခ်ကလည်း အဆိုပါ   ကွင်းလယ်ကစား သမားကို           ခေါ်ယူရန် ချဉ်းကပ်        လုပ်ဆောင်နေ သည့်   အပြောင်းအရွှေ့မှာ ဖြစ်မြောက်လာဖွယ်ရှိသည်။ ရန်းနစ်ခ်သည်  မန်ယူအသင်း သို့  ပြီးခဲ့သည့်  တနင်္လာနေ့ တွင်   ယာယီနည်းပြအဖြစ် ရာသီကုန်အထိ  ခန့်အပ်ခြင်း ခံရသူဖြစ်သည်။   ရန်းနစ်ခ် သည် ရာသီကုန်ဆုံးချိန်တွင် လည်း      အိုးထရက်ဖို့ဒ်၌ အကြံပေး    ပုဂ္ဂိလ်အဖြစ် ဆက်လက်လုပ်ကိုင်   သွား မည်ဖြစ်ကြောင်း  သိရသည်။
အဆိုပါ         ဂျာမန်လူမျိုး နည်းပြသည်     ပြိုင်ဘက်ကို   ဖိအားပေးသည့် ကစားဟန် ဖြင့်    ကျော်ကြားသူဖြစ်ပြီး        မန်ယူ   အသင်းတွင်လည်း အဆိုပါ        ကစားဟန်ကို   ပုံဖော်ရန်  ကြိုးစားနေသူဖြစ် သည်။         မန်ယူအသင်းကို   ၎င်းတာဝန်ယူ    ကိုင်တွယ် သည့်      ပထမဆုံးပွဲစဉ်အဖြစ်           ခရစ္စတယ်  ပဲလေ့စ်အသင်း တွင် အဆိုပါ ကစားဟန်ကို အသုံးပြုခဲ့ပြီး     ဖရက်၏ တစ်လုံးတည်းသော ဂိုးဖြင့်    အနိုင်ရရှိခဲ့သည်။ ထို့ကြောင့်   ရန်းနစ်သည် ဂွန်မက်ဂင်ကို ၎င်း၏       ကစားဟန်နှင့်   အံဝင်မည့်         ကစားသမား အဖြစ်ယူဆကာ    အသင်းသို့         ခေါ်ယူနေခြင်းလည်း   ဖြစ် သည်။ 
အသက် ၂၇ နှစ်ရှိ  ဂျွန် မက်ဂင်သည်  ၂၀၁၈  ခုနှစ် တွင်  ပေါင်နှစ်သန်းဝန်းကျင် ဖြင့်       အက်စ်တွန်ဗီလာ အသင်းသို့   ရောက်ရှိလာသူ ဖြစ်ပြီး ပြိုင်ပွဲစုံ ၁၂၄ ပွဲပါဝင် ကစားထားကာ သွင်းဂိုး ၁၆ ဂိုးနှင့်အတူ      ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ပေးထား နိုင်သူ ဖြစ်သည်။
မန်ယူ   အသင်းသည် လာမည့်ရာသီတွင် ဂျက်ဆီ လင်ဂတ်၊ ဗန်ဒီဘိခ်တို့   အပါ အဝင်ကွင်းလယ်ကစားသမား အများအပြား           ဆုံးရှုံးရနိုင် ဖွယ်ရှိသည်။           ထို့ကြောင့် ဇန်နဝါရီ    အပြောင်းအရွှေ့ ကာလတွင်   လိုက်ပ်ဇစ်ကွင်း လယ်   ကစားသမား   ဟိုင်ဒါ ရာသည် ရန်းနစ်ခ်၏ ပထမ ဆုံးခေါ်ယူမည့်    ကစားသမား ဖြစ်လာဖွယ်ရှိနေသည်။  ထို့ အပြင်  ရိုက်စ်နှင့် ဖီးလစ် တို့ကိုလည်း       ခေါ်ယူရန် ပစ်မှတ်ထားနေသည်။       
အောင်ဇော်