ဘားအံ၊ ပြင်ဦးလွင်၊ တာချီလိတ်နှင့် ညောင်ရွှေမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဒီဇင်ဘာ  ၈ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၇ ရက်   မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင်  ဘားအံ မြို့နယ်   သာမညကျေးရွာအုပ်စု   သာမည ကျေးရွာနေ ချမ်းသာ(ခ) ကြည်လွင်၏ နေအိမ် သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့  ည ၈ နာရီ ၄၅ မိနစ်တွင်   မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်   ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ အုပ်စု       ပိတ်ချင်းမြောင်ကျေးရွာအနီးတွင် ထက်ဝေယံ မောင်းနှင်လာသည့်   ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ   ၎င်းထံမှ     စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ       ည ၁၀ နာရီတွင်     ပူးပေါင်းအဖွဲ့က ပိတ်ချင်းမြောင် ကျေးရွာနေ ကျော်ဝဏ္ဏထွန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေးပြား ၃၃၅၅ ပြားကိုလည်းကောင်း။


အလားတူ      မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည်  ဒီဇင်ဘာ ၇ ရက်  နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် ရွှေလသာ လမ်းတွင်  အိုက်ပေါက်ကို    မသင်္ကာဖွယ်တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၁၂၈၀၀ ကိုလည်းကောင်း၊       ထို့အတူ ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ညောင်ရွှေ မြို့နယ် လူးလားကျေးရွာအနီး နန်းပန်-မှော်ဘီ သွားကားလမ်းတွင်     တအောင်     မောင်းနှင်ပြီး ခွန်ထွန်းကျန်      လိုက်ပါလာသည့်ယာဉ်ကို စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄၂ ကီလို သိမ်းဆည်း ရမိခဲ့ပြီး   ကွင်းဆက်အရ    ည ၈ နာရီတွင်  ညောင်ရွှေမြို့နယ်  မှော်ဘီ-ပင်လောင်းသွား ကားလမ်း ကီလိုမီတာတိုင်အမှတ် ၆၅ ဒသမ ၅ အနီးတွင် စိန်ထွန်းကို  SURF အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူထားကြောင်း သိရသည်။        

                            
ရဲပြန်ကြား