
နေပြည်တော် ဒီဇင်ဘာ ၉
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တတိယ အကြိမ် “သွေးချင်းတို့ရဲ့ ပွဲတော် ဆီ-၂၀၂၁”ကို ဒီဇင်ဘာ ၁၁ ရက် မှ ၁၅ ရက်အထိ ပွဲတော် ကာလသတ်မှတ်ပြီး မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၏ MRTV HD နှင့် NRC Channel တို့တွင် ထုတ်လွှင့်ပြသမည် ဖြစ်သည်။ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ-၂၀၂၁” ဖွင့်ပွဲအခမ်းအနားကို Virtual Celebration ဖြင့် ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲမှ စတင် ထုတ်လွှင့်သွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်မှ ၁၅ ရက် အထိ ညစဉ် ည ၉ နာရီမှ စတင် ကာ တိုင်းရင်းသားများ၏ တေးသီချင်းများ၊ ရိုးရာအကများ နှင့် ဖျော်ဖြေတင်ဆက်မှုများ အပြင် ပွဲတော်ပိတ်ပွဲအခမ်းအနား ကိုလည်း ထုတ်လွှင့်ပေးမည် ဖြစ်သည်။
ထို့အတူ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံများနှင့် ဝတ်စား ဆင်ယင်မှု၊ ဒေသထွက်ကုန်/ထုတ်ကုန်များနှင့် စီးပွားရေး ဆိုင်ရာများ၊ စိတ်ဝင်စားဖွယ် နေရာများနှင့် လမ်းပန်းဆက် သွယ်ရေး အခြေအနေများကို လည်း သွေးချင်းတို့ရဲ့ပွဲတော်ဆီ Website ဖြစ်သည့် www.mecfevent.com တွင် ဒီဇင်ဘာ ၁၁ ရက်မှ စတင်ပြီး ဝင်ရောက် ကြည့်ရှုလေ့လာနိုင်မည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်