
စင်ကာပူနိုင်ငံ၌ ကျင်းပနေသည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) တတိယနေ့ကို ဒီဇင်ဘာ ၁၁ ရက် (ယနေ့) ဆက်လက်ပြုလုပ် မည်ဖြစ်ပြီး မြန်မာအသင်းသည် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အုပ်စု(က) တတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် တီမောအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် မြန်မာနှင့် ထိုင်း အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယခုပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းအတွက် အရေးပါနေပြီး ဆီမီးဖိုင်နယ် တက်ရောက်ခွင့်အတွက် မဖြစ်မနေ အမှတ်ရယူနိုင် ရန် လိုအပ်နေကာ နိုင်ပွဲ ရယူနိုင်မှသာ ပိုမိုမျှော်လင့် နိုင်မည့် အနေအထားဖြစ် သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ထိုင်းလက် ရွေးစင်အသင်းကို နိုင်ငံ တကာ ပြိုင်ပွဲများတွင် အနိုင်မရသည်မှာ ကြာမြင့် နေပြီဖြစ်ပြီး ဆူဇူကီးဖလား ပြိုင်ပွဲတွင်မူ ၂၀၁၆ ခုနှစ်က နောက်ဆုံး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ မြန်မာနှင့် ထိုင်း အသင်းသည် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီး ဖိုင်နယ်တွင် တွေ့ဆုံခဲ့ပြီး မြန်မာအသင်းသည် နှစ် ကျော့စလုံး အရေးနိမ့်ခဲ့ သည်။ ထိုင်းအသင်းသည် ဒန်ဒါ၊ ချာနာသစ် စသည့် နာမည်ကြီး ကစားသမား အများစု ပါဝင်လာပြီး မြန်မာအသင်းမှာ လူမစုံ သည့် အနေအထားများ ကြောင့် ထိုင်းကို ရင်ဆိုင် နိုင်ရန် ပိုမိုခက်ခဲဖွယ်ရှိနေ သည်။ မြန်မာအသင်းသည် အဖွင့်ပွဲတွင် အိမ်ရှင် စင်ကာပူကို သုံးဂိုးပြတ် အရေးနိမ့်ပြီး ဒုတိယပွဲတွင် တီမောအသင်းကို နှစ်ဂိုး ပြတ် အနိုင်ရထားခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းသည် ဆီမီး ဖိုင်နယ် တက်ရောက်ခွင့် အတွက် လက်ကျန် နှစ်ပွဲ တွင် အမှားမခံသည့် အနေအထားဖြစ်နေသည်။ ထိုင်းအသင်းမှာမူ တီမော ကို အနိုင်ရထားသော်လည်း ဆီမီးဖိုင်နယ် တက်ရောက် ခွင့်အတွက် လက်ကျန် သုံးပွဲစလုံး အရေးပါနေရာ ယနေ့ပွဲမှာ နှစ်သင်းစလုံး အတွက် အမှတ်လျော့၍ မရသည့် အနေအထားဖြစ် နေသည်။ အုပ်စု(က)ပွဲစဉ် များအဖြစ် ဒီဇင်ဘာ ၅ ရက် က ကစားသည့် ပထမနေ့ တွင် ထိုင်းက တီမောကို နှစ်ဂိုး-ဂိုးမရှိ၊ စင်ကာပူက မြန်မာကို သုံးဂိုး-ဂိုးမရှိ၊ ဒီဇင်ဘာ ၈ ရက်က ကစား သည့် ဒုတိယနေ့တွင် မြန်မာက တီမောကို နှစ်ဂိုး-ဂိုးမရှိ၊ စင်ကာပူက ဖိလစ်ပိုင်ကို နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရထားသည်။ ဒုတိယနေ့အပြီးတွင် အုပ်စု (က)၌ စင်ကာပူအသင်းက နှစ်ပွဲကစား ခြောက်မှတ်ဖြင့် ဦးဆောင်နေပြီး ထိုင်း အသင်းက တစ်ပွဲကစား သုံးမှတ်၊ မြန်မာအသင်းက နှစ်ပွဲကစား သုံးမှတ်ရထား ကာ တစ်ပွဲကစားထားသည့် ဖိလစ်ပိုင်နှင့် နှစ်ပွဲကစား ထားသည့် တီမောအသင်း တို့မှာ အမှတ်မရသေးပေ။
မြန်မာ အသင်းတွင် ဒဏ်ရာရ ကစားသမား များရှိနေပြီး တီမောနှင့် ပွဲတွင် ကစားသမားအချို့ကို ကစားနေကျ မဟုတ်သည့် နေရာများတွင် အသုံးပြု ခဲ့ရသည်။ မြန်မာအသင်း အနေဖြင့် ခံစစ်ပိုင်းအမှား နည်းရန် လိုအပ်သလို တိုက်စစ်ပိုင်းကလည်း ရရှိ သည့် အခွင့်အရေးကို အသုံးချနိုင်မှသာ ထိုင်း အသင်းဆီက အမှတ်ရရန် မျှော်လင့်နိုင်မည်ဖြစ်သည်။
ရဲရင့်လွင်