
ပြည်ထောင်စုသားတစ်ဦး
အတိတ်က နိုင်ငံရေးပြိုင်ဘက်တို့ လက်ထဲရှိ လက်နက်မျိုးစုံကြောင့် တိုင်းပြည်မှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ပြီး မျှော်မှန်းသလောက် မဖွံ့ဖြိုးမတိုးတက်နိုင်ခဲ့ချေ။ လက်ရှိကာလတွင်လည်း ဒီမိုကရေစီအရေးကို အကြောင်းပြ၍ အကြမ်းဖက်အုပ်စုများက လက်နက်ကယ်စုံအညီနှင့် မြန်မာပြည်ကို ခက်ဖွယ်ရယ်ကြုံအောင် ကြံစည်လုပ်ဆောင်လျက်ရှိသည်။ သို့နှင့် ကိုမျိုးသစ်နှင့်ကိုမျိုးချစ်တို့သည် မြန်မာ့အရေး၊ ကမ္ဘာ့အရေး နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောဆို ဖြစ်ကြပါသည်။
မျိုးသစ်။ ။ ပြီးခဲ့တဲ့ အောက်တိုဘာနဲ့နိုဝင်ဘာလအတွင်းက ယခင် ၈၈ မျိုးဆက် ငြိမ်းပွင့်က လူထုဆက်ဆံရေးတာဝန်ခံ၊
ယခု CRPH/NUG နိုင်ငံရေးနဲ့ လုံခြုံရေး အကြံပေး ကျော်မင်းယု(ခ)ဂျင်မီနဲ့ NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော် ဖမ်းဆီးရမိ ဖြစ်စဉ်မှာ သိမ်းဆည်းခဲ့တဲ့လက်နက်၊ ခဲယမ်းကိန်းဂဏန်းတွေတွေ့ လိုက်ရတာ ကျုပ်တော့တုန်လှုပ်သွားတယ်ဗျာ။
မျိုးချစ်။ ။ ဟုတ်တယ်ဗျို့။ ကျုပ်လည်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို ကြည့်ပြီး တစ်ခေတ်တစ်ခါက
အထောက်တော်သတင်းစာမှာ သတင်းစာဆရာကြီး အထောက် တော် အုန်းမြင့် အခန်းဆက်ရေးခဲ့တဲ့ “ခက်ဖွယ်ရယ်ကြုံပါတယ်၊ လက်နက်ကယ် စုံအညီနဲ့” ဆောင်းပါးတွေကို ပြေးမြင်မိတယ်။ ဖဆပလနှစ်ခြမ်းကွဲချိန်မှာ နိုင်ငံရေးသမားအချို့ဟာ လက်နက် အားကိုးနဲ့ အာဏာကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတုန်း ဗမာ့ တပ်မတော်က လက်မတင်ကလေး ထိန်းသိမ်းခဲ့ရတဲ့ အကြံပက်စက်မှု ကြီးကို မှတ်တမ်းတင်ရေးခဲ့တာပေါ့။
မျိုးသစ်။ ။ လက်ရှိ ဒီဘက်ခေတ်လောက် ဆိုးဦးမလားဗျာ။ ဂျင်မီကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက် နံနက်က
ဒဂုံမြို့သစ်(မြောက်ပိုင်း) ပင်လုံအိမ်ရာဝင်းထဲက အမှတ် (၁၀၉/B) နှစ်ထပ်တိုက်နေအိမ်မှာ ဖမ်းဆီးမိတုန်းက ဂျင်မီနဲ့ အတူ သိမ်းဆည်း မိတဲ့လက်နက်တွေက AK-47 သေနတ်က ခြောက်လက်၊ M-16 သေနတ်က ရှစ်လက်၊ ၁၂ ဗို့ သေနတ်က နှစ်လက်၊ တူမီးသေနတ် တစ်လက်နဲ့ ကျည်အိမ် ၁၈ ခုဗျာ။ တစ်ခါ အခုလ နိုဝင်ဘာ ၁၈ ရက်နေ့က ဖြိုးဇေယျာသော်ကို ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ရတနာလမ်း ရတနာနှင်းဆီကွန်ဒို တိုက်အမှတ် (3/B) အခန်းအမှတ်(B-0907)မှာ ဖမ်းဆီးမိတုန်းက ဇေယျာသော်နဲ့အတူ သိမ်းဆည်းမိတဲ့လက်နက် တွေက Sigsauer အမျိုးအစား ပစ္စတိုက နှစ်လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် တစ်လက်၊ ၅ဒသမ၅၆ ကျည် ၇၄ တောင့်ဗျာ။
ဖြိုးဇေယျာသော်ကို ဖမ်းမမိခင် တစ်ရက်က ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းတွေမှာ ပါဝင်ကျူးလွန်ခဲ့တဲ့ တရားခံကျား ၄၀၊ မ ခုနစ်ဦး ဖမ်းဆီးရမိ ဖြစ်စဉ်နဲ့ ဖြိုးဇေယျာသော်ရဲ့ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၉ ရက်မှာ အကြမ်းဖက်အဖွဲ့တွေ ခိုအောင်းနေထိုင်ရာ နေရာတွေမှာ ဖမ်းဆီးသိမ်းဆည်းရမိတဲ့ ဖြစ်စဉ်တွေပေါင်းလိုက်ရင် ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော် အပါအဝင်ကျား ၄၃ ဦး၊ မ ခုနစ်ဦး ပေါင်း ၅၀ တို့နဲ့အတူ လက်နက်မျိုးစုံ ၁၂၇ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၇၆ ခု၊ ကျည်မျိုးစုံ ၁၆၀၅၇ တောင့်၊ ၄၀ မမ ဗုံးသီး ၄၃ လုံး၊ လက်လုပ်ဗုံး ၁၁ လုံး၊ ရီမုခ်မိုင်း လေးလုံး၊ ရှေ့ထွက်မိုင်း ၁၀လုံး၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး)သုံးလုံး၊ မီးရှို့လက်လုပ်ဗုံး ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုးခွေတွေ၊ ဒီတိုနေတာ အချောင်းတွေ၊ TNT ယမ်းတွေ၊ ဆက်သွယ်ရေးစက်တွေ၊ ကီးပတ်ဖုန်းတွေ၊ ဂြိုဟ်တုဖုန်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေအစုံပါပဲ။ ပြီးတော့ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်မယ့်စာရင်းတွေ၊ လုပ်ကြံသတ်ဖြတ်မယ့် စာရင်း တွေ၊ စိတ်ကြွ ရူးသွပ်ဆေးပြားတွေနဲ့စုံလို့ပါပဲဗျာ။
မျိုးချစ်။ ။ ဘုရား၊ ဘုရား။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေသာ အချိန်မီ မတားဆီးနိုင်ခဲ့ရင် မတွေးဝံ့စရာပဲဟေ့။
မျိုးသစ်။ ။ ခင်ဗျားကသာ ဘုရားတနေတာ။ နိုင်ငံကြီးတချို့က လည်း CRPH ၊ NUG နဲ့ PDF အကြမ်းဖက်အဖွဲ့တွေရဲ့
အကြမ်းဖက်လုပ်ရပ်တွေနဲ့၊ အခုလို လက်နက်တွေ အစုလိုက်အပြုံ လိုက် ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေကို လျစ်လျူရှု မျက်ကွယ်ပြုနေကြ တယ်။ အကြမ်းဖက်အဖွဲ့နဲ့ အကြမ်းဖက်လုပ်ရပ်ကို ဝန်းရံနေသူ အပေါင်းပါတစ်စုနဲ့၊ အကြမ်းဖက်လုပ်ရပ်ကိုပဲ ဓမ္မလို့ရှုမြင်ပြီး အယူလွဲ နေသူ အချို့ကလည်း အခုလို လက်နက်ခဲယမ်းတွေ အများအပြား ဖမ်းဆီးသိမ်းဆည်းမိတဲ့ ကိစ္စကို စုတ်တသပ်သပ်နဲ့ ဝမ်းနည်းယူကျုံး မရဖြစ်နေကြတယ်ဗျ။
မျိုးချစ်။ ။ ကမ္ဘာကြီးက လျစ်လျူရှုလည်း ရှုစမ်းပါစေဗျာ။ ဒါပေမယ့် ကျုပ်တို့ နိုင်ငံသားတွေကတော့ ဒီကိစ္စကို
လျစ်လျူရှုလို့မရဘူး။ ဒီလက်နက်ခဲယမ်းတွေသာ အခုလိုမမိခဲ့ရင် အမှိုက်ကအစ ပြာသာဒ်မီးလောင်ဆိုသလို တိုက်ပွဲတွေ ကြီးမား လာပြီး မြို့ပြတိုက်ပွဲတွေအထိဖြစ်လာလိမ့်မယ်။
မျိုးသစ်။ ။ သူတို့ကတော့ မြို့တွင်းတိုက်ပွဲ၊ မြို့ပြတိုက်ပွဲတွေ မပြောနဲ့ တစ်ပြည်လုံးကို မီးဟုန်းဟုန်းတောက်စေချင်
နေတာဗျ။ ကျုပ်နဲ့ဖေ့စ်ဘွတ်ပေါ်က မိတ်ဆွေဖြစ်နေတဲ့ သက်ကြီးပိုင်း အချို့တွေကအစ အခါကြီး ရက်ကြီးတောင်မရှောင် တစ်နေ့တစ်နေ့ စစ်ကိုမျှော်နေကြတာအမော၊ အပြစ်မဲ့ပြည်သူတွေကို အကြမ်း ဖက်သမားတွေက လုပ်ကြံသတ်ဖြတ်လိုက်တဲ့ သတင်းတွေကို ရှယ်လိုက်ကြတာ အမောပဲဗျ။
မျိုးချစ်။ ။ ဟေ့ ... သူတို့က စစ်ရဲ့ ဆိုးကျိုးကို တကယ်မသိတာလား၊ တကယ့် လက်တွေ့ မခံစားဖူးလို့လားဗျ။ ကိုယ်ဖြစ်
ကိုယ်ခံရမှာနော်၊ ဘယ်နိုင်ငံမှ လာကယ်ကြမှာ မဟုတ်ဘူး။ ၁၉၇၀ ကျော်၊ ၁၉၈၀ ကျော်လွန်နှစ်များအတွင်း က လက်ဘနွန်ပြည်တွင်း စစ်ကိုပဲကြည့်၊ လက်ဘနွန်တပ်မတော်ဟာ စက္ကူကျား သာသာပဲဖြစ် တော့ ဒရုဇ်တွေ၊ ဖလန်းဂျစ်တွေ၊ ရှီးရိုက်အုပ်စုတွေ၊ ပီအယ်လ်အိုစတဲ့ ဂိုဏ်းကွဲအုပ်စုတွေ အချင်းချင်း ပစ်ကပ်ကားပေါ် စက်သေနတ်တွေ ဆင်ပြီး ဟိုလမ်းကထွက်ပစ်လိုက်၊ ဒီလမ်းကထွက်ပစ်လိုက်၊ လက်နက် ကိုင်အုပ်စုတွေက ဟိုတိုက်ပေါ်က သေနတ်တွေနဲ့ပစ်လိုက်၊ ဒီတိုက် ပေါ်က လောင်ချာတွေနဲ့ထုလိုက်နဲ့ တစ်ခါ အစ္စရေးက ဗုံးဝင်ကြဲလိုက်၊ ဆီးရီးယားနဲ့ အပြန်အလှန်ချလိုက်နဲ့ အရင်က အင်မတန်သာယာလှပခဲ့ တဲ့ ဘေရွတ်မြို့ကြီးဟာ တစ်ခါတည်း မြို့ပျက်ကြီးဖြစ်ပါလေရော။ ဘေရွတ်မြို့သူမြို့သားတွေခမျာလည်းကြားထဲက မြေစာပင်ဖြစ်ပြီး သေကြကျေကြနဲ့ အတော့်ကို ဒုက္ခရောက်ခဲ့ကြရတယ်ဗျ။
၁၉၉၀ ကျော်ကဖြစ်ခဲ့တဲ့ ဘော်လ်ကန်စစ်ပွဲဆိုလည်း အတော့်ကို ကြေကွဲစရာလားဗျာ။ တစ်ချိန်က မာရှယ်တီးတိုးရဲ့ယူဂိုဆလားဗီးယားနိုင်ငံရဲ့ ပြိုကွဲမှုကတော့ မြန်မာနိုင်ငံအတွက် ကြီးစွာသော သင်ခန်းစာယူစရာလည်း ဖြစ်တယ်ဗျ။
ယူဂိုဆလားဗီးယားက မြန်မာနိုင်ငံလိုပဲ လူမျိုးပေါင်းစုံနဲ့စုဖွဲ့ထားတဲ့နိုင်ငံပဲလေ။ အများစုကတော့ ဆာ့ဘ်လူမျိုးက ၃၆ ရာခိုင် နှုန်းနဲ့ ခရိုအေးရှန်းက ၂၀ ရာခိုင်နှုန်းရှိကြတယ်။ ၁၉၉၁ ခုနှစ်မှာ ဆလို ဗေးနီးယားနဲ့ ခရိုအေးရှားတို့က သီးခြား လွတ်လပ်ရေးကြေညာတော့ ဘော့စ်နီးယား၊ ဟာဇီဂိုးဗီးနား၊ မက်ဆီးဒိုးနီးယားတို့ကလည်း ဒီလမ်းကြောင်းကို ဖြောင့်ဖြောင့်ကြီးလိုက်တော့တာပဲ။ နောက်ဆုံး ယူဂိုဆလားဗီးယားပြည်ထောင်စုသမ္မတနိုင်ငံထဲမှာ ဆားဗီးယားနဲ့ မွန်တီနီဂရိုးတို့ပဲ ကျန်တော့တယ်ဗျ။
နောက်တစ်ခါ ဆားဗီးယားနိုင်ငံရဲ့အစိတ်အပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ပြည်နယ်ဖြစ်တဲ့ ကိုဆိုဗိုပြည်နယ်မှာရှိတဲ့ အယ်လ် ဘေးနီးယန်းလူမျိုးတွေကို ဥရောပနဲ့ အိမ်နီးချင်း အယ်လ်ဘေးနီးယား နိုင်ငံ မျိုးနွယ်စုတွေက မြှောက်ပေးရင်း ကိုဆိုဗိုစစ်ပွဲထပ်ဖြစ်။ ကိုဆိုဗိုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားသွားတော့ အမေရိကန်ဦးဆောင်တဲ့ နေတိုးက ၁၉၉၉ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ ခွင့်ပြုချက်မရှိဘဲ လေကြောင်း က ကျူးကျော်တိုက်ခိုက်တဲ့အတွက် ဘော်လ်ကန် စစ်မီးကြီး ထတောက်ခဲ့တာပဲဗျ။
မျိုးသစ်။ ။ အေးဗျာ။ ခင်ဗျားပြောသလိုပဲ တစ်ချိန်က အရှေ့အုပ်စု မှာ ဆိုဗီယက်ဩဇာကိုတောင် လွှမ်းမိုးမခံဘဲ ဆိုရှယ်
လစ်လမ်းစဉ်ကို ကိုယ့်မူနဲ့ကိုယ် ချီတက်နိုင်တဲ့အထိ အင်အားတောင့် တင်းခဲ့တဲ့ မာရှယ်တီတိုးရဲ့ ယူဂိုဆလားဗီးယား ပြည် ထောင်စုသမ္မတ နိုင်ငံကြီးဟာ ပြိုကွဲသွားလိုက်တာ တစ်စစီကိုဖြစ်ရော၊ ပြည်သူတွေ လည်း ဒုက္ခရောက်လိုက်ကြတာနော်။
မျိုးချစ်။ ။ ဒုက္ခရောက်တာမှ ပြောမနေနဲ့တော့ဗျို့၊ နေတိုး လေကြောင်းတိုက်ခိုက်မှု စတင်ချိန်ကစပြီး ကိုဆိုဗို
ကနေ အယ်လ်ဘေးနီးယန်းဒုက္ခသည် သုံးသိန်း ခန့်က အယ်လ်ဘေး နီးယားနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်။ တချို့က ဂျာမနီ နိုင်ငံအပါအဝင် ဥရောပကိုပြေးကြ၊ တချို့က မက်ဆီဒိုးနီးယားနိုင်ငံကို မီးရထားနဲ့ပြေးကြတယ်။ ဘူတာရုံက ဒုက္ခသည်လူတန်းကြီးဟာ ၃ မိုင်ခန့်အထိ ရှည်လျားတယ်လို့ဆိုတယ်ဗျ။ အဲဒီတုန်းက စစ်ပြေးဒုက္ခ သည် တစ်ဦးကဆိုရင် “ကလေးတွေကလည်း ငိုနေလိုက်ကြတာ ဆူညံနေတာပဲ။ လူတွေကလည်း ဟိုပြေး ဒီပြေး။ သောက်စရာရေလည်း မရှိ။ မိသားစုတွေလည်း တကွဲတပြားဖြစ်လို့”ဆိုပြီး ညည်းတွား ခဲ့ရှာတယ်။
မျိုးသစ်။ ။ အေးဗျာ၊ စစ်ရဲ့အနိဋ္ဌာရုံတွေက ကြေကွဲစရာပဲဗျာ။ ဒါကြောင့် ခေါမသမိုင်း ဆရာ ဟီရိုဒိုးတပ်စ်က
“ငြိမ်းချမ်းနေစဉ်ကာလမှာ သားများက ဖခင်တို့ကို သင်္ဂြိုဟ်မြှုပ်နှံကြ၍ စစ်ဖြစ်သောအခါ ဖခင်တို့က သူတို့ရဲ့သားများကို မြှုပ်နှံကြရလေ သည်”လို့ဆိုခဲ့တာပဲဗျ။ ဒါ့အပြင် ဆီဇာရိုက “စစ်ဖြစ်သောအခါ ဥပဒေ များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြလေ၏”လို့ ဆိုခဲ့တာပေါ့ဗျ။
မျိုးချစ်။ ။ ဒါပဲလေဗျာ။ နေတိုးက လေကြောင်းကစပြီး ဗုံးကြဲ တော့ စစ်ရေး ပစ်မှတ်တွေနဲ့အတူ အရပ်သားပစ်မှတ်
တွေ ကိုပါ မှားဆော်တော့တာပဲ။ လူနေရပ်ကွက်တွေ၊ အရပ်သားတွေ ပုန်းခိုအသုံးပြုနေတဲ့ ဗုံးခိုကျင်းတွေ၊ စစ်ပြေးဒုက္ခသည်တွေရဲ့ ယာဉ်တန်းတွေပါ အကုန်ကြဲတော့တာပဲ။ နောက်ဆုံး ဘဲလ်ဂရိတ်မြို့ က တရုတ်သံရုံးပါမကျန်ဘူး။ မှားပစ်တာ။ အရပ်သားပြည်သူတွေ သေလိုက်ကြတာမှသောက်သောက်လဲ။ အများဆုံးသေကြရတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပဲဗျ။ ဒါပေမယ့် အမေရိကန် ဦးဆောင်တဲ့ နေတိုးက သူတို့ဟာ အရပ်သားများကို ပစ်မှတ်အဖြစ် ဘယ်တုန်းကမှ ရည်ရွယ်ချက် မထားရှိခဲ့ကြောင်းဆိုတယ်ဗျ။ ဒါကြောင့် “စစ်ပွဲတစ်ပွဲတွင် ပထမဦးဆုံးကျဆုံးသူမှာ အမှန်တရားဖြစ်တယ်”လို့ ပညာရှင်တစ်ဦးက ဆိုခဲ့တာပဲဗျ။
မျိုးသစ်။ ။ အေးဗျာ၊ ခင်ဗျား အခုလိုရှင်းပြတော့လည်း သတိ သံဝေဂ ယူစရာဖြစ်ရတာပေါ့။ ဒါပေမယ့် တချို့
ကတော့ သတိလက်လွတ် ငှက်တောင်ကျွတ်တွေဗျ။ အခု ဂျင်မီတို့၊ ဖြိုးဇေယျာသော်တို့အပါအဝင် အကြမ်းဖက်သမားတွေဆီက ဖမ်းဆီးရမိတဲ့လက်နက်ခဲယမ်းတွေက စစ်ကောင်စီကိုပဲ သီးသန့် ပစ်မှတ်ထား ဖို့ ဝှက်ထားတဲ့လက်နက်တွေ၊ ငါတို့နဲ့မဆိုင်ဘူးလို့ အယူ လွဲနေကြသူတွေကလည်း ဒုနဲ့ဒေးဗျ။
မျိုးချစ်။ ။ ဒါကတော့ သူငယ်နာမစင်တဲ့သူတွေ၊ မျက်ကန်းတစ္ဆေ မကြောက်သူတွေရဲ့ အမြင်ပါဗျာ။ တလောကလေးတင်
လှိုင်မြို့နယ်ထဲမှ သူတို့ထောက်ခံသူအချင်းချင်းဖြစ်တဲ့ တက္ကစီယာဉ် မောင်းကို ပုဂ္ဂိုလ်ရေးမကျေနပ်မှုနဲ့ ဒလန်လို့စွပ်စွဲပြီး ဒီ သေနတ်တွေနဲ့ပဲ လုပ်ကြံသတ်ဖြတ်ခဲ့တာ မဟုတ်ပေဘူးလား။
အခု ဖမ်းမိတဲ့လက်နက်ခဲယမ်းပမာဏက မြို့ပြတိုက်ပွဲတစ်ပွဲကောင်းကောင်း ဆင်နွှဲလို့ရတဲ့ ပမာဏပေပဲ။ အကြောင်းမညီညွတ်သေး လို့သာ ငြိမ်နေကြတာ။ ဒီဒေးလို့သတ်မှတ်ပြီး တစ်ချိန်တည်းတစ်ပြိုင် တည်း စစ်ဆင်ရေး မစ်ရှင်တစ်ရပ်လို ဆင်နွှဲခဲ့ရင် လုံခြုံရေးတပ်ဖွဲ့ဝင် တွေကလည်း တိုက်ပွဲဖြစ်ပွား တဲ့ဧရိယာကိုပိတ်ဆို့ပြီး အင်အား အလုံး အရင်းနဲ့တုံ့ပြန်ကာကွယ်ကြမှာပဲဗျ။ လူဦးရေ သိပ်သည်းများပြားတဲ့ ရန်ကုန်မြို့က မြို့ခံတွေကြားထဲက မဆီမဆိုင် အကုန်ထိခိုက် သေကျေ ကုန်မယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့လယ်မှာ တိုက်ပွဲတွေမကြီးမားလာ အောင် ရန်ကုန်မြို့ခံတွေနဲ့တည်ငြိမ်ရေးနဲ့အေးချမ်းရေးကိုလိုလားတဲ့ပြည်သူအားလုံးက နိုင်ငံတော်နဲ့အတူ ပူးပေါင်း ပါဝင်တားဆီး ကာကွယ်ကြဖို့လိုတယ်ဗျ။
မျိုးသစ်။ ။ မဆိုင်တဲ့အရပ်သားတွေကို တရားလက်လွတ်လုပ် လို့တော့ ဘယ်ရမလဲဗျ။
မျိုးချစ်။ ။ ဂိမ်းကစားပွဲမဟုတ်ဘူး ကိုယ့်လူရေ။ တကယ် လက်တွေ့ ဘဝထဲက တိုက်ပွဲတွေ၊ စစ်ပွဲတွေဗျ။
သံသယတွေ၊ မယုံသင်္ကာမှုတွေ၊ မုန်းတီးမှုတွေ၊ ကြောက်ရွံမှုတွေ၊ ဒေါသ၊ မောဟ၊ မာနတွေ ရောပြွမ်းနေတဲ့စစ်ပွဲဗျ။ ဝေးဝေးမကြည့်နဲ့ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲမှာ အရပ်သား ၅၀၀၀ ကနေ ၁၀၀၀၀ ကြား သေဆုံးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနစစ်တမ်းတွေအရ ဖော်ပြထားတယ်။ ဆေးရုံတွေ၊ ရင်ခွဲရုံတွေ၊ ဗလီတွေနဲ့ သူနာ စောင့်ရှောက်ရေး ဂေဟာတွေကရရှိတဲ့ ပဏာမ စာရင်းတွေစုပေါင်းပြီး ခန့်မှန်းခဲ့တာတဲ့ဗျ။ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲတုန်းကတော့ အရပ်သား သေဆုံးမှုဟာ ၃၅၀၀ ပဲရှိခဲ့တယ်။
အီရတ်စစ်ပွဲတစ်လျှောက်လုံး အမေရိကန်နဲ့ဗြိတိသျှတပ်တွေဟာ အရပ်သားတွေမသေမပျောက်အောင် အထူးသတိထားခဲ့ပါတယ်လို့ ဆိုပေမယ့် နောက်ပိုင်းကျတော့ ပစ်မှတ်မှားပြီး တိုက်ခိုက်မိတာပါတို့၊ ဗုံးကြဲတာနေရာလွဲသွားလို့ပါတို့ ဖြစ်လာပါရော။ ဘဂ္ဂဒက်မြို့တော်ကိုသိမ်းပိုက်ဖို့ မြောက်ပိုင်းကို အမြန်ချီတက်ကြချိန်မှာ လေကြောင်း နဲ့ကြည်းကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထောင်နဲ့ ချီပြီး သေခဲ့ကြရတယ်ဗျ။
မျိုးသစ်။ ။ အေးဗျာ၊ ခင်ဗျား အခုထောက်ပြတဲ့ အကြောင်းအရာ တွေက စေတနာရှေ့ထားပြီး ပြောပြပေးနေတယ်
ဆိုတာ ကျုပ်သဘောပေါက်ပါတယ်။ တစ်ဖက်ပိတ်တွေကတော့ ခြောက်လှန့်ပြီးပြောနေတာ၊ လျှောက်ပြောနေတာ၊ ဝါဒဖြန့်တာပဲလို့ မြင်ကြမှာပဲဗျ။
မျိုးချစ်။ ။ အဲဒီလိုမြင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ကံကံ၏ အကျိုးပဲပေါ့။ ကျုပ်
ကတော့ ကိုယ်အပါအဝင် ကိုယ့်နိုင်ငံသားတွေ၊ ကိုယ့်မြို့သူမြို့သားတွေ ကို ရှေးရှေးက နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ သင်ခန်းစာတွေအရ သတိပြုမိစေဖို့ အတွက်ပါ။ ဖြစ်လာမှာတော့ ဘယ်သူမှ မကယ်နိုင်ဘူး။ ဖြစ်မလာအောင် မဖြစ်ခင်ကြိုတင်တားဆီးကာကွယ်နိုင်ဖို့အတွက်ပါ။ အကြမ်းဖက်အဖွဲ့တွေဝှက်ထားတဲ့ အခုလိုမျိုး ဖမ်းမမိသေးတဲ့ လက်နက်ခဲယမ်းတွေ ဘယ်လောက်များရှိဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။
မျိုးသစ်။ ။ ဟုတ်တယ်ဗျို့။ ဒီလောက်များတဲ့ လက်နက်ခဲယမ်းတွေ ဘယ်အချိန်ကတည်းက၊ ဘယ်လမ်းကြောင်းက သွင်းပြီး သိမ်းဆည်းသိုဝှက်ထားကြသလဲ မသိဘူးဗျာ။
မျိုးချစ်။ ။ တချို့နိုင်ငံရေး၊ စစ်ရေးလေ့လာသူတွေကတော့ တပ်မတော်က နိုင်ငံတော် အာဏာကို ထိန်းသိမ်းခဲ့တဲ့
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်မီကတည်းက ဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်မှုအချို့ကိုတော့ ကြားသိမိတာပဲ။
နိုင်ငံရေးဆိုတာလည်း ရှုပ်သားလားဗျ။ လက်ရှိအာဏာလက်လွတ်ခဲ့ရင် ဘာလုပ်ဖို့ ညာလုပ်ဖို့ Plan-A , B , C တွေရှိကြမှာပေါ့လေ။ လက်ရှိအခြေအနေတွေကိုပဲ လေ့လာကြည့်လေ။ CRPH နဲ့ NUG က EAO အဖွဲ့အချို့ သူတို့ဘက်ပါ လာအောင် ဖက်ဒရယ်ပြည်ထောင်စုတို့ ဘာတို့၊ ညာတို့နဲ့ ငါးစာချပြီး မျှားတယ်။ တစ်ခါ EAO အဖွဲ့အချို့ကလည်း သူတို့ကိုယ်စား မြို့ကြီး တွေမှာ တိုက်ပွဲတွေ တိုက်ကွက်တွေဆင်ဖို့ PDF တွေကို နွေဦး တော်လှန်ရေးခေါင်းစဉ်နဲ့ အကြမ်းဖက်တိုက်ခိုက်ခိုင်းနေတာပဲ။ သူတို့ ပြောသလို တော်လှန်ရေးကြီးအောင်မြင်သွားတဲ့ တစ်နေ့ကျရင် ယာယီမဟာမိတ်ဖွဲ့ထားတဲ့အချင်းချင်းပြန်ဆော်ကြဦးမှာပဲ။ တစ်ချိန် ကလည်း ပြည်ပြေးအဖွဲ့က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျ်ာတို့ကို KNU က ချေမှုန်းသုတ်သင်ခဲ့တာပဲလေ။
တပ်မတော်အင်အားချည့်နဲ့ ပြိုကွဲသွားရင်တော့ ဘာပြောကောင်း မလဲ။ ခုနက ယူဂိုဆလားဗီးယားလို မြန်မာနိုင်ငံလည်း အစိတ်အမြွှာမြွှာ ကွဲပြီပေါ့။ ဟုတ်ပြီလား။ ဒါဆို ခင်ဗျားကို ကျုပ်က မေးခွန်းတစ်ခု ထုတ်ချင်တယ်။ အဲဒီလိုမျိုး မဖြစ်ပွားအောင် မြန်မာနိုင်ငံကို ဘယ်သူက ထိန်းသိမ်းကာကွယ်မလဲ။ ။
- Log in to post comments