
ပရီမီယာလိဂ်ပွဲစဉ် (၁၆) ၏ အစောဆုံးပွဲစဉ် အဖြစ် မန်စီးတီးအသင်းနှင့် ဝုဖ်အသင်းတို့ ပွဲစဉ်ကို ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက အီတီဟက်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ရာ မန်စီးတီးအသင်းက တစ်ယောက် လျော့ ဝုဖ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။
မန်စီးတီးအသင်းသည် ယခုပွဲစဉ် အနိုင်ရရှိ မှုကြောင့် ပရီမီယာလိဂ်ခြောက်ပွဲဆက် နိုင်ပွဲ ရရှိခဲ့သလို ပွဲစဉ် (၁၆) အပြီးတွင်လည်း ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။ ပြိုင်ဘက်ဝုဖ်အသင်းက ယခုပွဲစဉ် ရှုံးနိမ့်မှုကြောင့် ရမှတ် ၂၁ မှတ်နှင့် အတူ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ဆုံး မှုနှင့် ကြုံတွေ့ခဲ့ရသည်။
ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် လိုက်ပ်ဇစ်ကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်မှ ကစားသမား စာရင်းကို ရှစ်ဦးအထိ အပြောင်းအလဲ ပြုလုပ်ပြီး ဂျီးဆပ်၊ စတားလင်း၊ ဂရီးလစ်ချ်တို့ ဦးဆောင်ကာ ဝုဖ်အသင်းကို ရင်ဆိုင်လာခဲ့သည်။ ဝုဖ်အသင်းကလည်း အားထားရ သည့် ဂျီမီနက်ဇ်၊ ထရာအိုရေးတို့ကို အသုံးပြုကို အသုံးပြုကာ မန်စီးတီး အသင်းကို ရင်ဆိုင်လာခဲ့သည်။
ပထမပိုင်းပွဲချိန် ပြီးခါနီးတွင် ဝုဖ်အသင်းမှ အားထားရသည့် တိုက်စစ်ကစားသမား ဂျီမီနက်ဇ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရ သည့်အတွက် နစ်နာခဲ့ရသည်။
ဒုတိယပိုင်းတွင် မန်စီးတီး အသင်းသည် တစ်ယောက်လျော့ ဝုဖ်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာ၊ ခြေအသာဖြင့် ထိန်းချုပ် ကစားနိုင်ခဲ့သည်။ ပွဲချိန် ၆၆ မိနစ် တွင် မန်စီးတီးအသင်း ပယ်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့ပြီး စတားလင်း က အမှားအယွင်းမရှိ အဆုံးသတ် နိုင်ခဲ့သည့်အတွက် အဖွင့်ဂိုးရရှိခဲ့ သည်။ စတားလင်းသည် ယခုပွဲစဉ် တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သော ကြောင့် ပရီမီယာလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ မန်စီးတီးအသင်းသည် ယခုပွဲစဉ် တွင် ဝုဖ်အသင်းဘက်သို့ ဂိုးကန် သွင်းခွင့် အကြိမ် ၂၀ နှင့်အထက် ရှိခဲ့သော်လည်း ဝုဖ်အသင်းက ဂိုးကန်သွင်းခွင့် သုံးကြိမ်တွင် ဂိုးပေါက်တည့်မတ်မှု နှစ်ကြိမ် ရှိခဲ့ သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင် ခြင်း မရှိသောကြောင့် တစ်ဂိုး-ဂိုး မရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
လာမည့်ပွဲစဉ်တွင် မန်စီးတီး အသင်းသည် ဒီဇင်ဘာ ၁၅ ရက်၌ လိဒ်စ်အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ဝုဖ်အသင်းက ဒီဇင်ဘာ ၁၆ ရက်တွင် ဘရိုက်တန်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။
အခြားပွဲစဉ်ရလဒ်များအဖြစ် အာဆင်နယ်က ဆောက်သမ်တန် ကို သုံးဂိုး-ဂိုးမရှိ၊ ချယ်ဆီးက လိဒ်ကို သုံးဂိုး-နှစ်ဂိုး၊ လီဗာပူးက ဗီလာကို တစ်ဂိုး-ဂိုး မရှိဖြင့် အနိုင် ရသည်။
အောင်ဇော်