ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပွဲစဉ်များ မဲနှိုက်ရွေးချယ် လက်ရှိချန်ပီယံ ချယ်ဆီးက လိုင်လီအသင်း၊  အက်သလက်တီကိုမက်ဒရစ်က မန်ယူနှင့် ဆုံတွေ့နေ

 

 

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များကို ဒီဇင်ဘာ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲက ဆွစ်ဇာလန် နိုင်ငံ နီယွန်မြို့၌ မဲနှိုက်ရွေးချယ်ခဲ့သော်လည်း နည်းစနစ်ချွတ်ယွင်းမှု ကြောင့် ည ၈ နာရီခွဲတွင်  ပြန်လည်မဲနှိုက်ရွေးချယ်ခဲ့ရာ လက်ရှိ ချန်ပီယံချယ်ဆီးအသင်းက  ပြင်သစ်ကလပ်  လိုင်လီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 
 ဩစတြီးယား      ကလပ် ဆောလ်ဘတ်အသင်းက ဂျာမနီ မှ     ဘိုင်ယန်မြူးနစ်အသင်း၊     အက်သလက်တီကို    မက်ဒရစ် အသင်းက  မန်ယူအသင်း၊ပေါ်တူဂီ ကလပ်     စပို့တင်း လစ္စဘွန်း အသင်းက   မန်စီးတီးအသင်း၊  စပိန်ကလပ်  ဗီလာရီးရဲအသင်းက   အီတလီမှ  ဂျူဗင်တပ်စ်အသင်း၊ ပေါ်တူဂီကလပ်     ဘင်ဖီကာ အသင်းက   နယ်သာလန် ကလပ်    အိုင်းယက်စ်အသင်း၊   အီတလီ ကလပ်  အင်တာမီလန်အသင်းက  လီဗာပူးအသင်းနှင့်   တွေ့ဆုံနေ သည်။    ထို့အပြင်    ပြင်သစ်မှ ပီအက်စ်ဂျီအသင်းက   စပိန်မှ ရီးရဲမက်ဒရစ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ 
ပရီမီယာလိဂ်မှ    လက်ရှိ ချန်ပီယံ ချယ်ဆီးအသင်း အပါ အဝင် မန်စီးတီး၊ လီဗာပူး၊ မန်ယူ တို့   လေးသင်းစလုံး  ရှုံးထွက် အဆင့်သို့   တက်ရောက်နိုင်ခဲ့ သည်။ နာမည်ကြီး ရီးရဲမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊    မန်စီးတီး၊ လီဗာပူး၊ ဂျူဗင်တပ်စ်အသင်းတို့ သည် အုပ်စုပထမဖြင့် ရှုံးထွက် အဆင့်သို့   တက်ရောက်လာနိုင် ခဲ့သော်လည်း   လက်ရှိချန်ပီယံ ချယ်ဆီးအသင်းက အုပ်စု ဒုတိယ ဖြင့်သာ တက်ရောက်နိုင်ခဲ့သည်။  
ဘာစီလိုနာအသင်း   အနေ ဖြင့်       အုပ်စုနောက်ဆုံးပွဲစဉ် တွင်  ပြိုင်ဘက် ဘိုင်ယန်မြူးနစ်    အသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် အတွက်    နှစ်ပေါင်း   ၁၇  နှစ် အတွင်း ချန်ပီယံလိဂ် ရှုံးထွက် ဆင့်သို့ တက်လှမ်းခွင့်နှင့် လွဲချော် ခဲ့ရသည်။   ယခုနှစ်ရာသီတွင် သိသာထင်ရှားသည့် ပြောင်းလဲမှု အဖြစ်  အဝေးဂိုးစည်းမျဉ်းကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။  
ရှုံးထွက်အဆင့်     ပထမ အကျော့ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၅  ရက်၊ ၁၆ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်များကို မတ် ၈ ရက်၊ ၉ ရက်၊ ၁၅ ရက်နှင့်   ၁၆ ရက်တို့တွင် ယှဉ်ပြိုင်ကစားသွားမည်  ဖြစ် သည်။ ယခုနှစ်ရာသီ၏ ချန်ပီယံ လိဂ်ဗိုလ်လုပွဲကို မေ ၂၈ ရက်တွင် ရုရှားနိုင်ငံ    စိန့်ပီတာစဘတ်၌ ကျင်းပမည်ဖြစ်သည်။ 
ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်များကိုလည်း   မဲနှိုက်ရွေးချယ်ခဲ့ရာ ဆီဗီလာနှင့်     ဒိုင်နမိုဇာဂရက်၊ ဇင်းနစ်နှင့်    ဘက်တစ်၊   အတ္တ လန္တာ နှင့်    အိုလံပီယာကော့စ်၊ ဒေါ့မွန်နှင့် ရိန်းဂျား၊ လိုက်ပ်ဇစ် နှင့် ဆိုစီဒက်၊ ရှီးရစ်ခ်နှင့် ဘရာဂါ၊ ဘာစီလိုနာနှင့် နာပိုလီ၊ ပေါ်တို နှင့် လာဇီယိုအသင်းတို့ ဆုံတွေ့ နေသည်။              
အောင်ဇော်