
နေပြည်တော် ဒီဇင်ဘာ ၁၃
အကြမ်းဖက်သမားများသည် အေးချမ်း စွာနေထိုင်သော ပြည်သူလူထုနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် ကလေး သူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကိုပါ လက်လုပ်ဗုံး များ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင် မြို့နယ် အင်ပင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမားများက ဓာတ်ဆီ လောင်း၍ မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင် မှုကြောင့် အဆိုပါကျောင်း အစည်းအဝေး ခန်းမဆောင်အတွင်းရှိ စတိတ်စင် တစ်ခု၊ သစ်သားစားပွဲ ၁၂ လုံး၊ သစ်သားကုလား ထိုင် ၁၀ လုံးနှင့် ကော်ဇောလိပ် တစ်ခုတို့ မီးလောင်ပျက်စီးခဲ့ပြီး အခင်းဖြစ်နေရာ အနီးမှ ဓာတ်ဆီထည့်သည့်ဘူးခွံ နှစ်ခု အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ရခိုင် ပြည်နယ် ဂွမြို့နယ် ရွာမရပ်ကွက် မင်္ဂလာ လမ်းရှိ အခြေခံပညာမူလတန်းလွန် ကျောင်းအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းရှိ သစ်သားကြမ်းခင်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် စာသင် ကျောင်းများအား မီးရှို့ဖျက်ဆီးခဲ့သည့် ဆူပူအကြမ်းဖက်သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်