ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလိုက်လံထိုးနှံပေးပြီး ပြန်လည်ထွက်ခွာလာသည့် ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က အကြောင်းမဲ့ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်

 

နေပြည်တော်   ဒီဇင်ဘာ  ၁၅


ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး         ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်  ၅၀  နှစ်  (ဘ) ဦးမောင် မောင်အား    လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့ က   သေနတ်ဖြင့်     အကြောင်းမဲ့ရက်စက်စွာ    ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဒီဇင်ဘာ ၁၄ ရက် ညဦးပိုင်း၌ ဖြစ်ပွားခဲ့သည်။

 


ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးစီး၅ ဦးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်  ဦးစီး ၅  ဦးတို့သည်  ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ၌ ဒီဇင်ဘာ ၁၄ ရက် နံနက်  ၁၀   နာရီမှ  စတင်၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ညနေ ၆ နာရီ ခန့်တွင် မော်တော်ယာဉ်နှစ်စီးဖြင့် ပြန်လည်ထွက်ခွာ လာရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးစီးအဖွဲ့ သည် တာမိုးညဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး သို့  ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်း  ခေတ္တဝင်ရောက် ယူနေစဉ်  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင့်ဝင့် မြိုင်နှင့် ၅ ဦးပါအဖွဲ့သည် ကွတ်ခိုင်မြို့သို့ ဆက်လက် ထွက်ခွာခဲ့သည်။

 


ထိုသို့ ထွက်ခွာလာခဲ့စဉ် ည ၇ နာရီ ၁၅ မိနစ်ခန့် မော်ဟန်နှင့်   နောင်ချိုကျေးရွာဟောင်းအကြား ရောက်ရှိစဉ်  လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့   (စိစစ်ဆဲ)က မော်တော် ယာဉ်အား         ရပ်တန့်ခိုင်း၍ ယာဉ်ပေါ်        ပါလာသူများအား ဆင်းခိုင်းခဲ့ပြီး ဒေါက်တာ ဒေါ်ဝင့် ဝင့်မြိုင်     တစ်ဦးတည်းကိုသာ လက်နက်ငယ်ဖြင့်     အနီးကပ် ရက်ရက်စက်စက် ပစ်ခတ်ခဲ့သဖြင့် နေရာ၌ပင် ထိမှန်ဒဏ်ရာများဖြင့် လဲကျခဲ့သည်။ အဆိုပါ လက်နက် ကိုင်အဖွဲ့က ကျန်ရှိသည့် ကျန်းမာ ရေးဝန်ထမ်းများနှင့်   မော်တော် ယာဉ်အား  မီးပိတ်၍  တာမိုးညဲ ဘက်သို့   ပြန်လည်မောင်းနှင်ရန် ပြောကြားခဲ့၍ ပြန်လည်မောင်းနှင်ခဲ့သည်။

 

တာမိုးညဲ၌ ကျန်ရှိခဲ့သည့် ဒုတိယမြို့နယ်ဦးစီးမှူးအဖွဲ့သည် ကွတ်ခိုင်သို့ ည ၈ နာရီ ၄၅ မိနစ် ခန့်တွင်      ရောက်ခဲ့သော်လည်း မြို့နယ်ဆရာဝန်ကြီးနှင့် အဖွဲ့များ ရောက်ရှိမှုမရှိသဖြင့်     လိုက်လံ ဆက်သွယ်ခဲ့ရာ ည ၁၁ နာရီခန့် တွင်    မြို့နယ်ဆရာဝန်ကြီး၏ ယာဉ်မောင်းက အထက်ပါ ဖြစ်စဉ် ကို     ဖုန်းဖြင့်   သတင်းပို့ခဲ့ရာ လက်နက်ကိုင်သောင်းကျန်းသူ များအနေဖြင့်    ညအမှောင်ထု အတွင်းမှ ၎င်းတို့အား ကားပေါ်မှ ဆင်းစေရန် ဗမာဘာသာစကား ဖြင့် ပြောကြားခဲ့ကြောင်း၊ သို့ရာ တွင်   ၎င်းတို့အချင်းချင်းပြောဆို ရာ၌ ဂျိမ်းဖောဘာသာစကားသံ ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံ လူမှုရေးအဖွဲ့တို့မှ လိုက်လံရှာဖွေ ခဲ့ရာ    နောင်ချိုကျေးရွာဟောင်း အနီး   တာမိုးညဲ-ကွတ်ခိုင်သွား ကားလမ်းဝဲဘက်ခြမ်း၌ လက်နက် ငယ်  ထိမှန်ဒဏ်ရာ  ငါးချက်ဖြင့် သေဆုံးနေသည့် မြို့နယ်ဆရာဝန် ကြီးအား တွေ့ရှိခဲ့သဖြင့် ပြန်လည် သယ်ဆောင်ခဲ့ရာ ည ၁၂ နာရီခွဲခန့် တွင်  ပြည်သူ့ဆေးရုံသို့   ရောက်ရှိ ခဲ့သည်။

 


ဝန်ထမ်းကောင်းတစ်ဦး 


မြို့နယ်ဆရာဝန်ကြီး ဒေါက် တာ  ဒေါ်ဝင့်ဝင့်မြိုင်မှာ  လားရှိုး ဇာတိဖြစ်သည့်အပြင်  ကွတ်ခိုင် ပြည်သူ့ဆေးရုံ၌ ၂၀၀၂ ခုနှစ်ကပင် စေတနာထား၍   တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပြီး         ဒေသခံ တိုင်းရင်းသားပြည်သူများအားလုံး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း များနှင့်ပါ    ရင်းနှီးကျွမ်းဝင်သူ ပြည်သူ့ဝန်ထမ်းကောင်း တစ်ဦး ဖြစ်သည်။

 


သို့ရာတွင်   မြို့နယ်ဆရာဝန် ကြီးအား   CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိခဲ့၍ ခြိမ်းခြောက်စာ များ ပို့ဆောင်ခြင်းများ ရှိခဲ့သဖြင့် လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအကာအကွယ်ပေးထား သူ တစ်ဦးလည်းဖြစ်သည်။

 


ဖြစ်ရပ်ဆိုးနှင့်ကြုံတွေ့


ယခုဖြစ်စဉ်၌      ကွတ်ခိုင်မှ  ကီလိုမီတာ   ၇ဝ  ခန့် ဝေးသည့် မုံးစီးတွင်   ဒေသခံတိုင်းရင်းသား များအတွက်   ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုမရှိစေရေး   ကာကွယ် ဆေးထိုးနှံပေးရန်    သွားရောက် သည့်    နေ့ချင်းပြန်ခရီးဖြစ်ခြင်း၊ ဒေသခံပြည်သူများ၏    အားပေး ထောက်ခံမှု         ရရှိသူဖြစ်ခြင်း၊ ယခုကဲ့သို့         အငြိုးများစွာဖြင့် အကြမ်းဖက်    သတ်ဖြတ်ခံရရန် မမျှော်လင့်ခြင်းတို့ကြောင့်  ယခု ခရီးစဉ်၌ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများ    ခေါ်ယူခြင်း မပြုခဲ့သဖြင့် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးနှင့်   ကြုံတွေ့ရခြင်း ဖြစ်သည်။

 


ထိုကဲ့သို့    ပြည်သူ့ဝန်ထမ်း ကောင်းတစ်ဦး    မမျှော်လင့်ဘဲ အကြမ်းဖက်သမားများ၏  ရက် စက်ယုတ်မာမှုကြောင့်   သေဆုံး ခဲ့ရမှုအတွက်    ဒေသခံတိုင်းရင်း သား ပြည်သူများက စိတ်ထိခိုက် ခြင်း၊ ဒေါသထွက်ရခြင်းရှိနေကြ သကဲ့သို့ နိုင်ငံတော်နှင့် ကျန်းမာ ရေးဝန်ကြီးဌာနအတွက် ပြည်သူ့ ဝန်ထမ်းကောင်းတစ်ဦး ထိခိုက် နစ်နာဆုံးရှုံးခဲ့ရသည်။ ယခုဖြစ်စဉ် အတွက်    လုံခြုံရေးတပ်ဖွဲ့ဝင် များက အကြောင်းမဲ့ အကြမ်းဖက် ဆောင်ရွက်ခဲ့ကြသည့် လက်နက် ကိုင်အဖွဲ့ကို မြေပြင်တွင် စစ်ဆေး ဖော်ထုတ်လျက်ရှိရာ    ဒေသခံ ပြည်သူများကလည်း    ရရှိသည့် သတင်း    ကွင်းဆက်များအား သက်ဆိုင်ရာ    လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူများထံသို့ လျှို့ဝှက် သတင်းပို့ပေးကြပါရန် သက်ဆိုင် ရာမှ   မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။        

သတင်းစဉ်