ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများအား အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းအပေါ် ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

 

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ခြင်းလုပ်ငန်းတစ်ရပ်အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်းကို မြို့ပေါ်ဒေသများတွင်သာမက ဝေးလံခက်ခဲသော ကျေးလက်များအထိ   သွားရောက်ကာ  ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစေပြီး ရောဂါဖြစ်ပွားမှုအား တားဆီးနိုင်ရန် ဆောင်ရွက် လျက်ရှိပါသည်။ 

 


ကျန်းမာရေးဝန်ကြီးဌာန၏   ကျန်းမာရေးဝန်ထမ်းများသည်   ကာကွယ်ဆေးထိုးလုပ်ငန်း  အောင်မြင်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ကျေးရွာအထိ ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပံ့ပိုးမှုဖြင့် (၁၄-၁၂-၂၀၂၁) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဦးဆောင်ပြီး ကွတ်ခိုင်မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင့်ဝင့် မြိုင်နှင့်  သားဖွားဆရာမ (၃)ဦး၊   ယာဉ်မောင်း (၁) ဦးပါဝင်သော အဖွဲ့ သည်    ကွတ်ခိုင်မြို့နယ်၊   မုံးစီးကျေးရွာသို့  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် သွားရောက်ခဲ့ပါသည်။

 


ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက် ပြီးစီး၍ ကွတ်ခိုင် မြို့သို့ ပြန်လာရာလမ်းတွင် အကြမ်းဖက်သမားများမှ ယုတ်မာရိုင်းစိုင်းစွာ လက်နက်များဖြင့် ပစ်ခတ်လုပ်ကြံမှုကြောင့် (၁၄-၁၂-၂၀၂၁) ရက်နေ့၊ ည ၇ နာရီခန့်တွင် ဒေါက်တာဝင့်ဝင့်မြိုင် သည် အသက်သေဆုံးခဲ့ရပါသည်။

 


ဒေါက်တာဝင့်ဝင့်မြိုင်သည် ထူးချွန်သော မြို့နယ်ကုသရေးဦးစီးဌာနမှူး တစ်ဦးဖြစ်ပြီး (၂၀၁၇) ခုနှစ်၊ (၂၀၁၈) ခုနှစ်နှင့် (၂၀၁၉)ခုနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စံပြမြို့နယ်ဆေးရုံများ ရွေးချယ် ရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွက် စံပြမြို့နယ်ဆေးရုံဆုကို သုံးနှစ်ဆက်တိုက်ရရှိအောင် ဆောင်ရွက်ခဲ့သူဖြစ်ပါကြောင်း၊ (၂၀၂၁)ခုနှစ် မတ်လအတွင်း ဆေးရုံလုပ်ငန်းများ ဆက်လက်ထမ်းဆောင် ခဲ့သည့်  ဆေးရုံများအား  ဂုဏ်ပြုချီးမြှင့်ရာတွင်လည်း   ပါဝင်ခဲ့ပြီး (၂၀၂၁) ခုနှစ်အတွင်း ဆေးရုံလုပ်ငန်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများကို     အဆက်မပြတ်ခေါင်းဆောင်ကာ    အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် ချီးကျူးဂုဏ်ပြုထိုက်သော မြို့နယ် ကုသရေး ဦးစီးဌာနမှူး တစ်ဦးဖြစ်ပါသည်။

 


ထိုသို့ လူမဆန်သော အကြမ်းဖက်သမားတို့၏ ယုတ်မာရိုင်းစိုင်းမှု ကြောင့် တိုင်းရင်းသားပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက် မှုနှင့်   ကိုဗစ်- ၁၉  ရောဂါ  ကာကွယ်နှိမ်နင်းရေးကို   စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေသည့် နိုင်ငံ့ဝန်ထမ်းလုပ်သက် (၂၁) နှစ်ရှိ ကျန်းမာ ရေးဆိုင်ရာ  ပြည်သူ့ဝန်ထမ်းကောင်း တစ်ဦးအား ဆုံးရှုံးရခြင်းအပေါ် ကျန်းမာရေးဝန်ကြီးဌာနမှ မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါ ကြောင်းနှင့် ထိုသို့ယုတ်မာရိုင်းစိုင်း၍ လူမဆန်စွာဖြင့် ကျန်းမာရေး ဝန်ထမ်းတစ်ဦးကို   လုပ်ကြံသတ်ဖြတ်ခဲ့သည့်   အကြမ်းဖက်သမား များအား ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ပြစ်တင် ရှုတ်ချကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန