ဘားအံ၊ ဘူးသီးတောင်၊ တာချီလိတ်နှင့် နောင်ချိုမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်  ဒီဇင်ဘာ  ၁၆


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဘားအံမြို့နယ် ကော့ထော်ကျေးရွာရှိ ရော်ဘာခြံအနီးတွင် စောစိန်မြသိန်း (ခ)အမုန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား   ၅၀၀ ကိုလည်းကောင်း၊   ကွင်းဆက်အရ ညပိုင်းတွင် ကော့ထော်ကျေးရွာနေ ညွန့်သန်း၏နေအိမ်သို့ ဆက်လက် ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီတွင်  နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘူးသီးတောင်မြို့နယ် အလယ် ချောင်းကျေးရွာအနီးရှိ ဓနိတောတွင် ဆာလာအိတ်တစ်လုံးကို မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။


ထို့ပြင် ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲတွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် တာချီလိတ်မြို့နယ် ဝမ်ကျောက်လုံ ကျေးရွာအနီးတွင် အားဖီး မောင်းနှင်ပြီး အားဆော်လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ် ကန်ကြီးကျေးရွာအနီး၊ ရပ်စောက်-နောင်ချိုသွားကားလမ်းတွင် ရွှင်လန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၂၀၀ ကို  သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


သတင်းစဉ်