ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်အရ မျိုးရိုးဗီဇအစီအစဉ် (Genome Sequencing) တွေ့ရှိရမှုများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

 

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊    ဆေးသုတေသနဦးစီးဌာနတို့ အနေဖြင့် တပ်မတော်ဆေးသုတေသနတပ်နှင့်  ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း စဉ်အဖြစ်မျိုးရိုးဗီဇအစီအစဉ်လေ့လာခြင်းလုပ်ငန်း (Genome Sequencing)” ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

 

 
အဆိုပါလုပ်ငန်းစဉ်အရ ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့်   မလေးရှားနိုင်ငံတို့မှ    ပြန်လည် ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် မျိုးရိုးဗီဇပြောင်းရောဂါပိုး  တွေ့ရှိနိုင်ခြေများပြားသည့်     အုပ်စု များရှိ ဓာတ်ခွဲနမူနာ ၁၂ ခုအား ရယူ၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနတွင် စစ်ဆေးခဲ့ရာ အိုမီခရွန်ပိုး (Omicron) မတွေ့ရှိရဘဲ မြန်မာနိုင်ငံတွင် တွေ့ရှိပြီးဖြစ်သည့် ဒယ်လ်တာ(Delta) ပိုးတွေ့ရှိသူ ၁၂ ဦးကိုသာ တွေ့ရှိရကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။ 


ကျန်းမာရေးဝန်ကြီးဌာန