
နေပြည်တော် ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အကြမ်း ဖက်သူ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် တန့်ဆည်-ကာဘိုးသွားကားလမ်း ကာဘိုးကျေးရွာ အထွက် တန့်ဆည်မြို့အဝင် ဆိုင်းဘုတ်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ် နေရာတွင် အသက်(၂၃)နှစ်ခန့်ရှိ အမျိုးသား တစ်ဦး (စိစစ်ဆဲ)တွင် မျက်နှာပွင့်ထွက်ဒဏ်ရာ၊ ယာပေါင် ကြေမွပြတ်ထွက်ဒဏ်ရာနှင့် အသက်(၂၁)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး(စိစစ်ဆဲ)တွင် ယာဘက်တံတောင် ပြတ်ထွက်ဒဏ်ရာ၊ ဝဲဘက်နားရွက်အောက် ဖောက်ဝင်ဒဏ်ရာတို့ ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပြီး ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဗိုလ်မြရပ်ကွက်နေ မျိုးမြတ်နိုင် (၂၁)နှစ် (ဘ)ဦးကြည်ဆန်းနှင့် အမျိုးသား တစ်ဦး(စိစစ်ဆဲ)တို့သည် အကြမ်းဖက်ဖောက်ခွဲမှု ပြုလုပ်ရန်အတွက် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ သေဆုံးသူနှစ်ဦးကို ဥပဒေ နှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိပြီး အခင်းဖြစ်နေရာ အနီးဝန်းကျင်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်