(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ကာယဗလအားကစားသမားများ လက်ရည်စစ်ပြိုင်ပွဲများကျင်းပမည်     

 

ရန်ကုန်  ဒီဇင်ဘာ   ၁၉ 


၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက် အထိ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင် အဖြစ်           လက်ခံကျင်းပမည့်  (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှ    အားကစားပြိုင်ပွဲအတွက်‌ အောင်မြင်မှုရရှိရန်    မြန်မာနိုင်ငံ ကာယဗလနှင့်     ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်မှ  စခန်းသွင်းထားသည့် အားကစားသမားများ    လက်ရည် စစ်ပြိုင်ပွဲများကို    ၂၀၂၂    ခုနှစ် ဇန်နဝါရီလ၌ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

 


“ကျွန်တော်တို့           ဆီးဂိမ်း ပြိုင်ပွဲအတွက် စခန်းသွင်းထားတဲ့  ကစားသမား ၁၁ ဦးကို ၂၀၂၂ ခုနှစ်  ဇန်နဝါရီလထဲမှာ       လက်ရည်စစ် ပြိုင်ပွဲသ‌ဘောမျိုး ပြုလုပ်မယ်။ ပထမ၊   ဒုတိယ၊   တတိယရတဲ့ ကစားသမားများကို  တိုးတက်ဆုံး ဆုချီးမြှင့်မယ်။        ဒါမှသူတို့ အားတက်မယ်။     ဆီးဂိမ်းပြိုင်ပွဲ ပြီးလို့ရှိရင်    အာရှ၊    ကမ္ဘာ့ပြိုင်ပွဲ၊ တံခွန်စိုက်ပြိုင်ပွဲတွေ        ရှိတယ်။ ဝင်‌ရောက်ယှဉ်ပြိုင်ဖြစ် မဖြစ် မသိ သေးပါဘူး။ ဆီးဂိမ်းပေါ် မူတည်ပြီး ရွှေ၊ ငွေ ရတဲ့သူကို စဉ်းစားမယ်။  ကစားသမားတွေကတော့ အာရှ၊ ကမ္ဘာ့ပြိုင်ပွဲတွေ    အတွေ့အကြုံ ရှိတဲ့သူတွေ များပါတယ်။ 

 


ဒါ‌ကြောင့် ပြိုင်ပွဲမှာ‌ ရွှေသုံးခု‌ တော့ မျှော်မှန်းထားတယ်။ အဓိက ယှဉ်ပြိုင်ရမှာ ထိုင်းနဲ့ ဗီယက်နမ်  ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ၁၁ နိုင်ငံ လုံး    ယှဉ်ပြိုင်ကြမယ်လို့      သိရ တယ်။     ဒါ့‌ကြောင့်       ရွှေရမယ့် အတန်းများကို       ပြိုင်ပွဲနည်းမှ အရွှေ့အပြောင်း   လုပ်မယ်။ အားကာနဲ့    အဖွဲ့ချုပ်က    ပံ့ပိုးမှု‌ တွေကြောင့်  ကစားသမားများ    ကြိုးစားကြပါတယ်”   ဟု   တွဲဖက် အတွင်းရေးမှူး ဦးကျော်စိန်သန်း ကပြောသည်။ 

 


(၃၁)  ကြိမ်မြောက်  ဆီးဂိမ်း ပြိုင်ပွဲတွင်       မြန်မာအားကစား သမားများသည် ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊    ၈၀၊   ၈၅    ကီလိုတန်း၊ အမျိုးသား Althletic Physique ၊ အမျိုးသမီး ကာယဗလ၊ အမျိုး သား + အမျိုးသမီး နှစ်‌ယောက်တွဲ ပြိုင်ပွဲများ       ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း         သိရသည်။ (၂၉)   ကြိမ်‌မြောက်နှင့်  အကြိမ်   (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ကာယဗလပြိုင်ပွဲ       ထည့်သွင်း မကျင်းပခဲ့သဖြင့်    (၃၁)    ကြိမ် မြောက်       ဆီးဂိမ်းပြိုင်ပွဲတွင်        ဗီယက်နမ်နိုင်ငံက     ထည့်သွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။


အာကာစိုး