
ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ် တစ်ပွဲဖြစ်သည့် ပရီမီယာလိဂ်ကလပ် အာဆင် နယ်အသင်းနှင့် လိဂ်ဝမ်းကလပ် ဆန်းဒါးလန်း အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်း က အမ်းမရိတ်အားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ အာဆင်နယ်အသင်းက အင်ခီ တီယာ ခြေစွမ်းပြမှုနှင့်အတူ ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ သည်။
ကာရာဘောင်ဖလား စတုတ္ထအဆင့်တွင် လိဒ်စ်အသင်းကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့သော အာဆင်နယ်အသင်းသည် ယခုကွာတား ဖိုင်နယ်ပွဲစဉ်တွင်လည်း ဆန်းဒါးလန်းအသင်း ကို ဂိုးပြတ်နိုင်ပွဲထပ်မံဖော်ဆောင်နိုင်ခဲ့သည်။ ယခုပွဲစဉ်အတွက် ဦးဆောင်ဂိုးကို အာဆင်နယ် အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၁၇ မိနစ်တွင် အင်ခီတီယာက သွင်းယူပေးနိုင်ခဲ့သည်။ ဒုတိယဂိုးကို ပွဲချိန် ၂၇ မိနစ်တွင် ပီပီက သွင်းယူပေးနိုင်ခဲ့ပြီး ဆန်းဒါးလန်းအသင်းမှ ဘရွတ်ဟက်က ပွဲချိန် ၃၁ မိနစ်တွင် ချေပဂိုး သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်းကို အာဆင်နယ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် အာဆင်နယ်အသင်းက ဆန်းဒါးလန်းအသင်းကို သိသိသာသာဖိအားပေး ကစားနိုင်ခဲ့ပြီး သွင်းဂိုးများ ရရှိခဲ့သည်။ အသင်းအတွက် တတိယဂိုးနှင့် စတုတ္ထဂိုးကို ပွဲချိန် ၄၉ မိနစ်နှင့် ၅၈ မိနစ်တွင် အင်ခီတီယာက သွင်းယူပေးနိုင်ခဲ့သည်။ အင်ခီတီယာသည် ယခုပွဲစဉ်တွင် ဟက်ထရစ်ရရှိခဲ့သောကြောင့် ယခုနှစ်ရာသီ ကာရာဘောင်ဖလား ပြိုင်ပွဲသုံးပွဲ တွင် ငါးဂိုးအထိ ရှိလာပြီဖြစ်သည်။ အာဆင် နယ်အသင်းအတွက် ပဉ္စမဂိုးကို ပွဲချိန်ပြည့်ခါနီး တွင် ပါတီနိုက သွင်းယူပေးနိုင်ခဲ့သည်။
ယခုနှစ်ရာသီ ကာရာဘောင်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ပရီမီယာလိဂ်ပြင်ပမှ ဆန်းဒါးလန်းတစ်သင်းသာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိခဲ့သည်။
အောင်ဇော်