မလေးရှားနိုင်ငံသို့ ပို့ဆောင်၍ လုပ်အားခငွေများ ခေါင်းပုံဖြတ်ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   ဒီဇင်ဘာ  ၂၃


မလေးရှားနိုင်ငံသို့  ပို့ဆောင်၍  လုပ်အားခငွေများ ခေါင်းပုံဖြတ် ရယူခဲ့သူအား    လူကုန်ကူးမှုဖြင့်   ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


တနင်္သာရီတိုင်းဒေသကြီး    ကျွန်းစုမြို့နယ်   တောပြားကြီး ကျေးရွာအုပ်စု မင်းခေါင်းဆေးကျေးရွာနေ ဇော်ဝင်းက ကျွန်းစုမြို့ နယ်နေ မောင် --- (၂၂ နှစ်)နှင့် မောင်---(၂၀နှစ်)တို့အား  မလေးရှား နိုင်ငံရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ရင်းဂစ် ၁၂၀၀ ရမည်ဟု  စည်းရုံးပြောဆို၍  မလေးရှားနိုင်ငံသို့ ပို့ဆောင်ကာ လုပ်အားခငွေများအား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့်  ကျွန်းစုမြို့မရဲစခန်း (ပ) ၅၉/ ၂၀၂၀ နှင့် (ပ) ၇၅/ ၂၀၂၀၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅ တို့ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြိတ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်တွင် တရားခံ ဇော်ဝင်းအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၅  အရ တစ်မှုလျှင် အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်စီဖြင့် ပေါင်း ၁၄ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်