သတိပေး နှိုးဆော်ချက်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာနှစ်သစ်ကူးအကြိုကာလနှင့် နှစ်သစ်ကူးနေ့ရက်တို့တွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း) များကို ပစ်ဖောက်မှုကြောင့် ပြည်သူများအထိတ်တလန့်မဖြစ်စေရေး၊ မသမာသူများမှ ရပ်ရွာ‌အေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်လာနိုင်ခြင်းတို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း) များကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ် ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့