
ရန်ကုန် ဒီဇင်ဘာ ၂၄
၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲစဉ်များကို ဒီဇင်ဘာ ၂၂၊ ၂၃ ရက်က ကျင်းပရာ ထိုင်းအသင်း အနိုင်ရပြီး အိမ်ရှင်စင်ကာပူအသင်းနှင့် အင်ဒို နီးရှားအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။
ဆီမီးဖိုင်နယ် ပထမအကျော့တွင် နာမည်ကြီး ထိုင်း အသင်းက လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းကို နှစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရပြီး အိမ်ရှင်စင်ကာပူနှင့် အင်ဒိုနီးရှားအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ အင်ဒိုနီးရှားနှင့် စင်ကာပူအသင်း တို့မှာမူ အခွင့်အရေးဆတူရှိနေပြီး အမှားနည်းသည့်အသင်းနှင့် အဆုံးသတ်သေချာသည့်အသင်းက ဗိုလ်လုပွဲ တက်ရောက်ခွင့် ရသွားမည်ဖြစ်သည်။ အုပ်စုအဆင့်တွင် လက်ရှိချန်ပီယံ ဗီယက်နမ်ကို ကျော်ဖြတ်ပြီး အုပ်စုပထမရလာသည့် အင်ဒို နီးရှားအသင်းသည် ဆီမီးဖိုင်နယ်တွင် စင်ကာပူကို ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဂိုးပြန်ပေးခဲ့ရသဖြင့် သရေကျခဲ့ ခြင်းဖြစ်သည်။ ပထမအကျော့ရလဒ်အရ ထိုင်းအသင်းသည် နှစ်ဂိုးပြတ်အနိုင်ရထားသဖြင့် ဗိုလ်လုပွဲတက်ရန် အခြေအနေ ကောင်းနေပြီး ဗီယက်နမ်အသင်းမှာမူ ချန်ပီယံဆုကာကွယ် နိုင်ရန်အတွက် ဗိုလ်လုပွဲတက်ရောက်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ်ရှိနေသည်။
ဒုတိယအကျော့အဖြစ် ဒီဇင်ဘာ ၂၅ ရက် (ယနေ့) တွင် အင်ဒိုနီးရှားအသင်းနှင့် စင်ကာပူအသင်း၊ ဒီဇင်ဘာ ၂၆ ရက် တွင် ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
ရဲရင့်လွင်