စဉ့်ကိုင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန်နှင့် အပြစ်မဲ့ပြည်သူများကို ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ PDF အမည်ခံအကြမ်းဖက်သမားများက ရထားလမ်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော် ဒီဇင်ဘာ ၂၄


PDF အမည်ခံအကြမ်းဖက်သမားများက  လမ်းပန်း ဆက်သွယ်ရေး  ပြတ်တောက်စေရန်နှင့်   အပြစ်မဲ့ ပြည်သူများကို    ထိခိုက်နစ်နာစေရန်   ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး    စဉ့်ကိုင်မြို့နယ်အတွင်း ရထားလမ်းပိုင်းအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။

 


ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက်  နံနက် ၈ နာရီခန့် တွင် ရန်ကုန်တိုင်းဒေသကြီးမှ ခရီးသည်များ လိုက်ပါ ၍   ထွက်ခွာလာသည့်  မန္တလေးအမှတ်(၁)အဆန် စာပို့ရထားသည် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်  ဘဲလင်း ဘူတာအဝင် မိုင်တိုင်အမှတ် ၃၇၃ မိုင်  ၂  ဖာလုံနှင့် ၃ ဖာလုံကြားသို့ရောက်ရှိစဉ် PDF အမည်ခံ အကြမ်း ဖက်သမားများက ရထားလမ်းအား    မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် ရထားတွဲအမှတ် GBHV 40018 ကုန်တွဲတွင် ဘီးနှစ်ဘီး ချော်ကျခဲ့ပြီး ရထားသံလမ်း နှစ်ပေခန့် ပြတ်ထွက်ကာ  ကွန်ကရစ် ဇလီဖားတုံး သုံးတုံး ပျက်စီးခဲ့ကြောင်းနှင့်  ခရီးသွား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း  သိရှိရသည်။

 


ထိုသို့ လမ်းပန်းဆက်သွယ်ရေး   ပြတ်တောက် စေရန်နှင့် အပြစ်မဲ့ပြည်သူများကို ထိခိုက်နစ်နာစေ ရန်ရည်ရွယ်၍ ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲ ခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီး ၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။                                                

သတင်းစဉ်