အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် အယ်လ်ဂျီးရီးယားအသင်းခေါင်းဆောင်အဖြစ် မာရက်ဇ် တာဝန်ယူပွဲထွက်လာမည်

 

(၃၃) ကြိမ်မြောက် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကင်မရွန်းနိုင်ငံ၌ ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အယ်လ်ဂျီးယားအသင်းကို မန်စီးတီးအသင်းကစားသမား မာရက်ဇ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပွဲထွက်လာမည်ဖြစ်သည်။ ၎င်း သည် ၂၀၁၉ ခုနှစ်က အီဂျစ်နိုင်ငံတွင်ကျင်းပသည့် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲတွင်လည်း အယ်လ်ဂျီးယားအသင်းကို အသင်းခေါင်းဆောင် အဖြစ်  
တာဝန်ယူခဲ့ပြီး  ဗိုလ်လုပွဲတွင်  ဆီနီဂေါအသင်းကို  တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အသင်းသမိုင်းတစ်လျှောက် နှစ်ကြိမ်မြောက် ဆွတ်ခူးထား နိုင်ခဲ့သည်။ 

 


မန်စီးတီးမှ မာရက်ဇ်

 


အသက် ၃၀ အရွယ် မာရက်ဇ်သည် ယခုနှစ်ရာသီ မန်စီးတီးအသင်း တွင် ခြေစွမ်းပြသထားနိုင်သူတစ်ဦးဖြစ်ပြီး  ပြိုင်ပွဲအရပ်ရပ် ၂၃ ပွဲပါဝင် ကစားထားပြီး ၁၁ ဂိုးသွင်းယူပေးထားသည်။ အယ်လ်ဂျီးရီးယားအသင်း သည် ဘီဘီစီက ရွေးချယ်ချီးမြှင့်သော အာဖရိကတစ်နှစ်တာ အကောင်း ဆုံးဆုရဖူးသည့် ဘရာဟီမီကိုလည်း အသင်း၏ တိုက်စစ်တွင် ရွေးချယ် ထားသည်။   အဆိုပါကစားသမားသည်   လက်ရှိတွင်   ကာတာကလပ် Al Rayyan အသင်းတွင် ကစားနေသူဖြစ်သည်။ 

 


အဖွင့်ပွဲစဉ်


အယ်လ်ဂျီးရီးယားအသင်းသည် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၁ ရက်တွင် ဆီယာရာလီယွန်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။   အယ်လ်ဂျီးရီးယားအသင်းသည် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ အုပ်စု (E) တွင် ဂီနီယာ၊ အိုင်ဗရီကို့စ်၊ ဆီယာရာလီယွန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ 

 


အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ


ထို့ကြောင့်   ယခုနှစ်အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင်   အသင်း ခေါင်းဆောင်အဖြစ်    တာဝန်ယူပွဲထွက်လာမည့်   မာရက်ဇ်အနေဖြင့် အယ်လ်ဂျီးရီးယားအသင်းကို   မည်သည့်အဆင့်ထိ  ပို့ဆောင်ပေးသွား နိုင်မလဲ စောင့်ကြည့်ရမည်ဖြစ်သည်။                              

အောင်ဇော်