ဆူဇူကီးဖလားဗိုလ်လုပွဲသို့ ထိုင်းနှင့် အင်ဒိုနီးရှား တက်ရောက်

 

ရန်ကုန်   ဒီဇင်ဘာ  ၂၆


၂၀၂၀ အာဆီယံ  ဆူဇူကီးဖလား ပြိုင်ပွဲ  ဆီမီးဖိုင်နယ်   ဒုတိယ အကျော့ကို ဒီဇင်ဘာ ၂၅၊ ၂၆ ရက် က   စင်ကာပူနိုင်ငံ၌  ကျင်းပရာ ထိုင်းနှင့်    အင်ဒိုနီးရှားအသင်း ဗိုလ်လုပွဲတက်ရောက်သွားသည်။

 


ဒုတိယအကျော့တွင် ထိုင်းနှင့် ဗီယက်နမ်အသင်း   ဂိုးမရှိ သရေ ကျပြီး   အင်ဒိုနီးရှားအသင်းက စင်ကာပူကို   လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

  နှစ်ကျော့ပေါင်း ရလဒ်အရ ထိုင်းက ဗီယက်နမ်ကို နှစ်ဂိုး-ဂိုးမရှိ၊    အင်ဒိုနီးရှားက စင်ကာပူကို     ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက် ခဲ့ခြင်းဖြစ်သည်။  ပထမကျော့တွင် နှစ်ဂိုးပြတ်   အနိုင်ရထားသည့် နာမည်ကြီး   ထိုင်းအသင်းသည် ဒုတိယအကျော့တွင် ဗီယက်နမ် ကို ထိန်းကစားကာ သရေရလဒ် ရယူပြီး  ဗိုလ်လုပွဲတက်ရောက်ခဲ့ ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်း သည် ထိုင်းကို   နှစ်ကျော့စလုံး ဂိုးမသွင်းယူနိုင်သည့်      အပြင် ဒုတိယအကျော့တွင်လည်း သရေ ရလဒ်သာ     ကစားနိုင်ခဲ့သဖြင့် ဗိုလ်လုပွဲနှင့်ဝေးပြီး ချန်ပီယံဆု လက်လွှတ်ခဲ့ရသည်။ အင်ဒိုနီးရှား နှင့် အိမ်ရှင်စင်ကာပူပွဲမှာ အကြိတ် အနယ်ရှိခဲ့ပြီး ပွဲချိန်မိနစ် ၉၀ တွင် နှစ်ဂိုးစီသရေကျနေသဖြင့် အချိန် ပို      ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး အင်ဒိုနီးရှားက နှစ်ဂိုးထပ်သွင်းခဲ့ သဖြင့် လေးဂိုး-နှစ်ဂိုးဖြင့်  အနိုင် ရခဲ့ခြင်းဖြစ်သည်။ ပထမအကျော့ တွင်   သရေကျထားသည့်အပြင် ယခုပွဲတွင်   နှစ်သင်းစလုံးအနိုင် ရရန်  ကြိုးပမ်းခဲ့ပြီး    စင်ကာပူ အသင်းသည် ပွဲချိန်  မိနစ်  ၉၀ အတွင်း နှစ်ဦး၊ အချိန်ပိုပြီးခါနီးတွင် တစ်ဦးအထုတ်ခံရသဖြင့် ရှစ်ဦး တည်းဖြင့် ကစားခဲ့ရသည်။ မိနစ် ၉၀ ပြည့်ခါနီးတွင်    ရရှိသည့် ပယ်နယ်တီကို စင်ကာပူအသင်း ဝင်အောင်    မသွင်းယူနိုင်သဖြင့် ဗိုလ်လုပွဲတက်ခွင့်   ဆုံးရှုံးခဲ့ပြီး အချိန်ပိုကစားရာတွင်   ကစား သမားလျော့နေသဖြင့်          ယှဉ် မကစားနိုင်ဘဲ  အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။  ဗိုလ်လုပွဲအဖြစ် ထိုင်း နှင့် အင်ဒိုနီးရှားအသင်းတို့ ဒီဇင် ဘာ ၂၉ ရက်တွင် ပထမအကျော့၊ ဇန်နဝါရီ  ၁ ရက်တွင်    ဒုတိယ အကျော့ ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။          

 

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-PSSI