
နေပြည်တော် ဒီဇင်ဘာ ၂၈
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၆ ရက် ညနေ ၆ နာရီတွင် မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာနေ မြတ်ကျော် (ခ)လာမ်မဇစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ကိုလည်းကောင်း။
ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဖြူမြို့ အရာရှိရပ်ကွက် အဝေးပြေးကားဝင်းရှိ ကားဂိတ်တွင် လူမဲ့တန်ဆာဖြင့် ရောက်ရှိနေသည့် ကတ်ထူပုံးကို လာရောက်ထုတ်ယူသူ ထွန်းကျော်ဝင်း၊ အောင်နိုင်(ခ)တွံတေးတို့ကို ဆိုင်ကယ်နှစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား