
နေပြည်တော် ဒီဇင်ဘာ ၂၉
ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်း စေကာ အကျိုးအမြတ်ရယူသူ များကို လူကုန်ကူးမှုဖြင့် အလုပ် နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် ရေဥက္ကံ ရပ်ကွက်နေ မတင်လင်းခိုင် (ခ) မမိပုံ့၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ကားကြီးဝင်းနေ ကိုကျော်ဝဏ္ဏ နှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ညောင်ရွာ နေ မမေသူလင်းတို့က ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ်နေ မ xxx ၂၀ နှစ်အား ပဲခူးမြို့နှင့် ပခုက္ကူမြို့တို့တွင် ထမင်းချက်သည့် အလုပ်ကို လုပ်ကိုင်ရန် ပြောဆိုစည်းရုံးပြီး ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေ ကာ အကျိုးအမြတ်ရယူခဲ့သဖြင့် လှိုင်သာယာ မြို့မရဲစခန်း (ပ) ၂၈၉၀/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရား စွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၄ ရက် တွင် ကလေးတရားခံဖြစ်သူ မမေ သူလင်းအား ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၈၈ (ဂ) အရ အလုပ်မဲ့ ထောင်ဒဏ် ၃ နှစ်နှင့် ဒီဇင်ဘာ ၂၇ ရက်တွင် တရားခံမတင်လင်းခိုင် (ခ) မမိပုံ့ နှင့် ကိုကျော်ဝဏ္ဏတို့အား လူကုန် ကူးမှုတားဆီး ကာကွယ်ရေးဥပဒေ ပုဒ်မ၂၄ အရအလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့် ချမှတ် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်