
နေပြည်တော် ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ် ပြွန်တန်ဆာမြို့၌ အမျိုး သား ငါးဦးက အကြမ်းဖက်မှု လုပ်ရပ်များလုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ လေးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ညောင်လေးပင် မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၃)ရပ်ကွက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြို့မ(၃)ရပ်ကွက်ရှိ ဦးစိုးသိန်း ပိုင်ဆိုင်သည့် RC တစ်ထပ်တိုက် ဘယ်ဘက်ခြမ်း တွင် အောင်ပြည့်စုံထွန်း၊ ကျော်စွာ နှင့် စည်သူထွန်းတို့ သုံးဦးမှာ ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာ များဖြင့် သေဆုံးနေပြီး အောင်မြင့် မြတ်ထွန်းတွင် ခန္ဓာကိုယ်အောက် ပိုင်း၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား မေးမြန်းခဲ့ရာ ၎င်း သည် ဦးစိုးသိန်း၏ သားဖြစ်သူ ဇင်ကိုလွင် (၂၆)နှစ်၊ အောင်ပြည့်စုံ ထွန်း၊ ကျော်စွာ၊ စည်သူထွန်း တို့နှင့်အတူ အကြမ်းဖက်မှုလုပ်ရပ် များတွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသဖြင့် ၎င်းအား ဆေးကုသမှုခံယူ နိုင်ရေး ပြွန်တန်ဆာမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် အခင်းဖြစ်နေအိမ် အား အသေးစိတ် ဆက်လက် စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ထား သည့်နေရာအနီးမှ ပျက်စီးနေ သော ပစ္စတိုသေနတ် တစ်လက် နှင့် ကျည် နှစ်တောင့်အား သိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဉ်တွင် ပါဝင်ပြီး ပျောက်ဆုံးနေသည့် ဇင်ကိုလွင်အား ၎င်းနေအိမ်၏ အမြင့် ၁၂ ပေခန့်ရှိ အမိုးပေါ်၌ ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို ထပ်မံ တွေ့ရှိခဲ့ရသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်မှု များ လုပ်ဆောင်ရန် လက်လုပ်မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား ကာ သေဆုံးခဲ့သည့် ဇင်ကိုလွင်ပါ အမျိုးသား လေးဦး၏ အလောင်း များကို ပြွန်တန်ဆာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက် လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်