
နေပြည်တော် ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာ (အရှေ့ပိုင်း) မြို့နယ် ရွှေလင်ပန်းကျေးရွာနေ ယမင်း ထက်(ဘ)ဦးရေလွှမ်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဆူပူ ဆန္ဒပြမှုဖြစ်စဉ်များတွင် တက်ကြွ စွာ ပါဝင်လှုပ်ရှားခြင်း၊ အကြမ်း ဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စု များအဖြစ် သတ်မှတ်ကြေညာ ထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေး ကောက်ခံ ထောက်ပံ့ခြင်းများကိုလုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် လည်းကောင်း၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက်နေ အောင်နိုင်ဦး(ခ)အိုစမာ (ဘ)ဦးအလီကာ သည် ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှု ဖြစ်စဉ်များတွင် တက်ကြွစွာ ပါဝင် လှုပ်ရှားခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေ အတွင်း လက်နက်နှင့် ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း တက်ရောက် ခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း အကြမ်းဖက်တိုက်ခိုက်မှု များတွင် ပါဝင်လုပ်ဆောင်ခဲ့သည့် အတွက်ကြောင့် လည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ် (၂၀)ရပ်ကွက်နေ မျိုးမြင့်သန်း(ခ)အသေးလေး(ခ)လင်းယုန် (ဘ) ဦးသောင်းညွန့် သည် PDF အမည်ခံအကြမ်းဖက် အဖွဲ့ ဆက်ကြေးတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့ခြင်း၊ လက်နက်/ခဲယမ်း များ ရောင်းဝယ်ခြင်း၊ လက်ဝယ် ကိုင်ဆောင်ခြင်းနှင့် ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် လည်းကောင်း။
အင်းစိန်မြို့နယ် ရွာမ အနောက်ရပ်ကွက် နေထက်ရှား (ခ)ဘာဘာ (ဘ) ဦးကြည်ဝင်း၊ ဝင်းသူရ(ခ)သူရ (ဘ)ဦးမင်းသူ နှင့် ဒလမြို့နယ် အန်ကြီးအရှေ့ ရပ်ကွက်နေ ခန့်ဝင်းထွန်း(ခ) ကျော်ကျော် (ဘ) ဦးမျိုးဝင်းတို့ သုံးဦးသည် ဆက်သွယ်ရေးတာဝါ တိုင်များ၊ စာသင်ကျောင်းများ၊ အစိုးရရုံး/ ဌာနများနှင့် စက်ရုံ များကို မိုင်းထောင်ဖောက်ခွဲခြင်း နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို သတ်ဖြတ် ခြင်းများ လုပ်ဆောင်ခဲ့သည့် အတွက်ကြောင့် လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက်နေ နန္ဒအောင်လင်း(ခ) လူးဝစ် (ဘ) ဦးကိုကိုဦးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း ဖောက်ခွဲဖျက်ဆီး ရေးသင်တန်း တက်ရောက်ခဲ့ခြင်း၊ လက်နက်/ ခဲယမ်းများ ရောင်းဝယ် ခြင်းများ လုပ်ဆောင်ခဲ့သည့် အတွက်ကြောင့် လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက်နေ ဖြိုးကိုကိုစံ(ခ)ကိုပေါက် (ဘ) ဦးသန်းဦးသည် အုပ်ချုပ်ရေးမှူး ရုံးများကို ဖောက်ခွဲဖျက်ဆီးရာတွင် ပါဝင် ခြင်း၊ အကြမ်းဖက်အုပ်စုများ အဖြစ် သတ်မှတ်ကြေညာထား သည့် အဖွဲ့အစည်းများနှင့် ဆက် သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ခြင်းများကို လုပ်ဆောင် ခဲ့သည့်အတွက်ကြောင့် လည်း ကောင်း။
မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက်နေ နေအောင်လွင်(ခ) နေကြီး(ဘ) ဦးကျော်ရွှေ သည် ဆူပူဆန္ဒပြမှုများတွင် ပါဝင် ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း တက် ရောက်ခဲ့ခြင်း၊ အုပ်ချုပ်ရေးမှူး ရုံးများကို ဖောက်ခွဲဖျက်ဆီးရာ တွင် ပါဝင်ခြင်း၊ အပြစ်မဲ့ပြည်သူ များကို ဒလန်ဟု စွပ်စွဲပြောဆိုသတ်ဖြတ်ခြင်းတို့တွင် ပါဝင်ခဲ့များ ကို လုပ်ဆောင်ခဲ့သည့်အတွက် ကြောင့်လည်းကောင်း စစ်အုပ်ချုပ် ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)၊ ၅၀(က)နှင့် ၅၀(ည)တို့အရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိ ရသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ် ခံရသူများအနက်မှ ထွက်ပြေး လွတ်မြောက် နေသူများအား ၎င်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချ မှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုး ကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ကာ ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်