သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များမှ နေ့သင်တန်းများ ပြန်လည်ဖွင့်လှစ်မည့်ကြေညာချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန


ကြေညာချက်
တက္ကသိုလ်နေ့သင်တန်းများ ဖွင့်လှစ်ခြင်း 


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ကြီးကြပ်မှုအောက်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တို့တွင် အောက်ဖော်ပြပါအတိုင်း သင်တန်းများဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်- 


(၁)    သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) 
စဉ်        သင်တန်း      ဖွင့်လှစ်မည့်ရက် 


(က)     တတိယနှစ်သင်တန်း      ၆-၁-၂၀၂၂
( ခ )    ဒုတိယနှစ်သင်တန်း      ၃-၂-၂၀၂၂
( ဂ )     ပထမနှစ်သင်တန်း      ၃-၂-၂၀၂၂


(၂)    သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
စဉ်    သင်တန်း      ဖွင့်လှစ်မည့်ရက် 


(က)     တတိယနှစ်သင်တန်း      ၆-၁-၂၀၂၂
( ခ )     မဟာတန်းဒုတိယနှစ်သင်တန်း      ၆-၁-၂၀၂၂
( ဂ )     မဟာတန်းပထမနှစ်သင်တန်း      ၆-၁-၂၀၂၂


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန