သတိပေးနှိုးဆော်ချက်


 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား နေပြည်တော်၊ မြို့တော်ခန်းမရင်ပြင်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ (ဝတ်စုံပြည့်) အစမ်းလေ့ကျင့်မည့် ၂-၁-၂၀၂၂ ရက်နေ့နှင့် အခမ်းအနားကျင်းပမည့် ၄-၁-၂၀၂၂ ရက်နေ့တို့တွင် နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ သပြေကုန်းစျေးထောင့်လမ်းဆုံ မီးပွိုင့်အထိ ယာဉ်သွားလာမှုများအား နံနက်(၀၂၀၀)အချိန်မှ (၀၈၀၀)အချိန်အထိ ခေတ္တလမ်းပိတ် / လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ပါ၍   ယာဉ်အသုံးပြု  သွားလာနေကြသူများအနေဖြင့်  ၎င်းနေ့ရက်များ တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ တော်ဝင်ရတနာလမ်းအတိုင်း ရွှေကြာပင်မီးပွိုင့်ဘက်သို့လည်းကောင်း၊ သပြေကုန်းစျေးထောင့်လမ်းဆုံ မီးပွိုင့်မှ ပိတောက်လမ်းအတိုင်း ဧရာဝတီလမ်းဘက်သို့လည်းကောင်း လမ်းလွှဲမောင်းနှင်ပေးကြပါရန် သတိပေး နှိုးဆော်အပ်ပါသည်။
နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ