ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန
စိုက်ပျိုးရေးသိပ္ပံများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာခြင်း
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်း လေ့ကျင့် ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေး သိပ္ပံများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်-
စဉ် သင်တန်းအမည် ဖွင့်လှစ်မည့်ရက်
(က) ဒုတိယနှစ် (ဒုတိယနှစ်ဝက်) (၁၀-၁-၂၀၂၂)
( ခ ) ပထမနှစ် (ဒုတိယနှစ်ဝက်) (၁၀-၁-၂၀၂၂)
၂။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးပါက ကာကွယ်ဆေးထိုးပြီးကြောင်း ကတ်ပြားနှင့်အတူ ကျောင်းအပ်ချိန်တွင် သတင်းပို့ရမည်ဖြစ်ပါသည်။ ကာကွယ်ဆေး မထိုးနှံရသေးပါက ကာကွယ်ဆေး ထိုးနှံရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် အမြန်ဆုံးပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၃။ အသေးစိတ်အချက်အလက်များအား ဖုန်း ၀၆၇-၃၄၁၀၅၈၈ သို့ ဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန