ကျောက်မဲမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ငွေကျပ် ၇၇၄ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် သိမ်းဆည်းရမိ

နေပြည်တော် ဇန်နဝါရီ  ၃


ကျောက်မဲမြို့နယ်နှင့် ပြင်ဦးလွင် မြို့နယ်တို့တွင် ငွေကျပ် ၇၇၄ သိန်း တန်ဖိုးရှိ  ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက်  ၁၄   တန် ကျော် သိမ်းဆည်းရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ     မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီတွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့အဝင် အိုရီယမ်တယ်တိုးဂိတ် အနီးတွင်     သိန္နီမှ မန္တလေးသို့ အောင်ဇော်ဦး       မောင်းနှင်ပြီး သန်းဝင်း          လိုက်ပါလာသည့် ယာဉ်ကို       သတင်းအရ    ရှာဖွေ ရာ      ယာဉ်ပေါ်တွင်     ထိန်းချုပ် ဓာတုပစ္စည်း   ဆိုဒီယမ်ဆိုင်ယာ နိုက် ၆ ဒသမ ၉ တန်  သိမ်းဆည်း ရမိခဲ့ကြောင်း  စစ်ဆေးဖော်ထုတ် ချက်များအရ  ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီတွင်  မန္တလေးတိုင်း ဒေသကြီး        ပြင်ဦးလွင်မြို့နယ် လားရှိုး-မန္တလေးသွားကားလမ်းမိုင်တိုင်အမှတ် (၄၇/၄၈) ကြားတွင် နောင်ချိုမှ        ပြင်ဦးလွင်ဘက်သို့ ရန်ဖြိုးအောင်        (ခ)မောင်ကြီး မောင်းနှင်ပြီး  ထက်အာကာ (ခ) ကိုထက်      လိုက်ပါလာသည့် ယာဉ်ကို     ရှာဖွေရာ အလားတူ ထိန်းချုပ်ဓာတုပစ္စည်း   ဆိုဒီယမ် ဆိုင်ယာနိုက် ၇ ဒသမ ၁၅ တန် ထပ်မံ          သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း    တန်ဖိုးငွေကျပ်   ၇၇၄ သိန်းတန်ဖိုးရှိ     ထိန်းချုပ်ဓာတု ပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ လေးဦးအား   ဥပဒေအရ အရေးယူထားရှိပြီး     ကွင်းဆက် ပြစ်မှု        ကျူးလွန်သူများကို  ဆက်လက်   စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။  

သတင်းစဉ်