တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဇန်နဝါရီ  ၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့်  တရားမဝင်  ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ  ၃  ရက်တွင်     မူဆယ်မြို့ နန်းတော်စစ်ဆေးရေးဂိတ်၌ တရုတ် နိုင်ငံ ကျယ်ဂေါင်ဘက်မှ မြန်မာနိုင်ငံ ဘက်သို့ ၀င်ရောက်လာသည့် ခရီးသည် များ၏     ပစ္စည်းများကို      စစ်ဆေး ဆောင်ရွက်ရာတွင်      အိမ်ထောင် ပြောင်းပစ္စည်းများနှင့်အတူ   ရောနှော သယ်ဆောင်လာသော     တရားမဝင် တရုတ်နိုင်ငံထုတ်     ဖဲထုပ်   ၁၅  ဖာ ခန့်မှန်းတန်ဖိုးမှာ ငွေကျပ် ၄၅၀၀၀၀ ကို  စစ်ဆေးတွေ့ရှိရသဖြင့်  အဆိုပါ ပစ္စည်းများကို   လုပ်ထုံးလုပ်နည်းနှင့် အညီ သိမ်းဆည်းခဲ့သည်။ 
အလားတူ ချင်းရွှေဟော်ကုန်သွယ် ရေးစခန်း  (OSS)တာဝန်ကျ   ပူးပေါင်း စစ်ဆေးရေးအဖွဲ့သည်   စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်စဉ် ကုန်သွယ် ရေးစခန်းအဝင်    ဖောင်ဆိပ်ကျေးရွာ အတွင်း အကောက်ခွန်မဲ့ တရုတ်နိုင်ငံ ထုတ်ကုန်ပစ္စည်းများ သယ်ဆောင်ရန် စောင့်ဆိုင်းနေသည်ဟု    သတင်းရရှိ သဖြင့်      သွားရောက်စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံထုတ်  စားသောက်ကုန်၊ ငံပြာရည်ဘူး   ၂၀ ပါ   ၂၂  ဖာ၊ တရုတ် နိုင်ငံထုတ် စားသောက်ကုန်ကျောက်ပွင့်   ၅ ကီလိုဂရမ်ပါ အထုပ် ၂၀ ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၄၀၀၀ ကို စစ်ဆေး တွေ့ရှိရသဖြင့်  အဆိုပါ ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ သိမ်းဆည်း ခဲ့သည်။ 
ထို့အတူ    ဇန်နဝါရီ  ၄  ရက်တွင် ချင်းရွှေဟော်    ကုန်သွယ်ရေးစခန်း တာဝန်ခံ         ဦးဆောင်သည့်အဖွဲ့က ချင်းရွှေဟော်စခန်းအတွင်း  လုံခြုံရေး ဂိတ်နှင့်   ယာဉ်ငယ်စစ်ကြားနေရာ၌ စစ်ဆေးခဲ့ရာ ခရီးသည်တင် မော်တော် ယာဉ် ခုနစ်စီးပေါ်မှ    တရုတ်နိုင်ငံထုတ်   အကောက်ခွန်မဲ့         လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းမျိုးစုံ ခန့်မှန်း တန်ဖိုး      ငွေကျပ်    ၁၄၉၈၇၅၇၀ကို သိမ်းဆည်းရမိခဲ့သည်။ 
ဖမ်းဆီးရမိမှုများတွင်      ဇန်နဝါရီ ၃ ရက်တွင် ဖမ်းဆီးရမိမှုနှစ်မှု၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၇၇၄၀၀၀နှင့် ဇန်နဝါရီ ၄   ရက်တွင်        ဖမ်းဆီးရမိမှုတစ်မှု  ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၄၉၈၇၅၇၀  စုစုပေါင်းဖမ်းဆီးရမိမှု သုံးမှု ခန့်မှန်း တန်ဖိုးငွေကျပ်    ၁၅၇၆၁၅၇၀   ဖြစ် သည်။  အဆိုပါ  ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍    အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ     ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင် ကော်မတီမှ သိရသည်။       သတင်းစဉ်